အခြေခံအဆောက်အအုံဆိုင်ရာစီမံကိန်းများ အကောင်အထည်ဖော်မှုတိုးတက်စေရေး ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆို

 
 
 
 
နေပြည်တော် မေ ၂၇
 
 
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီး ဌာနနှင့် စင်ကာပူသမ္မတနိုင်ငံ Infra-structure Asia (Infra Asia) တို့မှ အဆင့်မြင့် ကိုယ်စားလှယ်များသည် မြန်မာနိုင်ငံတွင် အခြေခံအဆောက် အအုံဆိုင်ရာ စီမံကိန်းများ အကောင် အထည်ဖော်မှု တိုးတက်စေရေး ပူးပေါင်း ဆောင်ရွက်ခြင်းဆိုင်ရာ သဘောတူစာချုပ်ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ Virtual Signing ဖြင့် လက်မှတ်ရေးထိုးကြသည်။
ရှေးဦးစွာ စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးဝင်းနှင့် စင်ကာပူသမ္မတ နိုင်ငံ၊ ဝန်ကြီးချုပ်ရုံး ဝန်ကြီး၊ ပညာရေး နှင့် ဘဏ္ဍာရေး ဒုတိယမြောက်ဝန်ကြီး Ms. Indranee Rajah တို့က အမှာ စကားများ ပြောကြားကြသည်။
လက်မှတ်ရေးထိုး
ထို့နောက် စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲ ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်သွေးသွေးချစ်နှင့် စင်ကာပူသမ္မတ နိုင်ငံ Infrastructure Asia (Infra Asia) ကိုယ်စား Executive Director Mr. Seth Tan တို့က မြန်မာနိုင်ငံ တွင် အခြေခံအဆောက်အအုံဆိုင်ရာ စီမံကိန်းများ အကောင်အထည်ဖော် မှုတိုးတက်စေရေး ပူးပေါင်းဆောင် ရွက်ခြင်းဆိုင်ရာ သဘောတူစာချုပ် ကို နှစ်နိုင်ငံဝန်ကြီးများရှေ့မှောက် တွင် Virtual Signing ဖြင့် လက်မှတ် ရေးထိုးကြသည်။
ရှာဖွေချိတ်ဆက်ပေး
အဆိုပါ သဘောတူစာချုပ်အရ စီမံကိန်းဘဏ် (Project Bank) အတွင်းရှိ မြန်မာနိုင်ငံတွင် အခြေခံ အဆောက်အအုံဆိုင်ရာ စီမံကိန်းများ ကို ဈေးကွက်ဖွင့်မြှင့်တင်ရန်နှင့် ပုံဖော် ဆောင်ရွက်ရေးအတွက် အတွေ့အကြုံ ကောင်းများ၊ အဖွဲ့အစည်းပိုင်းဆိုင်ရာ ဗဟုသုတများ ဖလှယ်ခြင်း၊ စီမံကိန်း ကြိုတင်ပြင်ဆင်ခြင်းနှင့် အကောင် အထည်ဖော်ခြင်းများအတွက် ရင်းနှီး မြှုပ်နှံသူများ၊ ငွေကြေးထည့်ဝင်လို သူများ၊ ကျွမ်းကျင်ဝန်ဆောင်မှုများ သို့မဟုတ် နည်းပညာပိုင်း ပံ့ပိုးပေးနိုင် သူများနှင့် ရှာဖွေချိတ်ဆက်ပေးခြင်း နှင့် နိုင်ငံတကာအဆင့်မီ တင်ဒါခေါ်ယူ ခြင်းတို့တွင် ပံ့ပိုးကူညီခြင်းတို့ကို ဆောင်ရွက်ကြမည်ဖြစ်သည်။
အခမ်းအနားသို့ စီမံကိန်း၊ ဘဏ္ဍာ ရေးနှင့် စက်မှုဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီးများဖြစ်ကြသော ဦးဆက် အောင်နှင့် ဒေါက်တာမင်းရဲပိုင်ဟိန်း၊ အမြဲတမ်းအတွင်းဝန်များနှင့် ဌာန ဆိုင်ရာ အကြီးအကဲများ၊ စင်ကာပူ သမ္မတနိုင်ငံ၊ ဝန်ကြီးချုပ်ရုံးမှ တာဝန် ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူ သံအမတ်ကြီးနှင့် Infrastructure Asia မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။
 
 
သတင်းစဉ်