ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ သတင်းထုတ်လွှင့်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

 
 
 
နေပြည်တော် မေ ၂၁
 
 
ပြန်ကြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် သည် ယနေ့နံနက်ပိုင်းတွင် နေပြည် တော် တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ကိုဗစ် - ၁၉ ကာလ အတွင်း သတင်းထုတ်လွှင့်ရေးလုပ်ငန်း များ စဉ်ဆက်မပြတ် ဆောင်ရွက်နေမှု နှင့် ဝန်ထမ်းများ အန္တရာယ်ကင်းရှင်းစွာ တာဝန်ထမ်းဆောင်နိုင်ရန် စီစဉ် ဆောင်ရွက်ထားရှိမှု အခြေအနေများ ကို ကြည့်ရှုစစ်ဆေးသည်။
 
 
အမှာစကားပြောကြား
 
ရှေးဦးစွာ လုပ်ငန်းညှိနှိုင်းအစည်း အဝေး ကျင်းပရာ ပြည်ထောင်စု ဝန်ကြီးက အမှာစကားပြောကြားရာ ၌ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင် ရွက်နိုင်ရန်နှင့် ဝန်ထမ်းများ အန္တရာယ် ကင်းရှင်းစွာ တာဝန်ထမ်းဆောင်နိုင် ရန်အတွက် စီစဉ်ဆောင်ရွက်ထား ရှိမှုများအနက် အခက်အခဲများ ရှိပါက နည်းလမ်းရှာပြီး ဖြေရှင်း နိုင်ရေး ဆွေးနွေးကြရန်ဖြစ်ကြောင်း ပြောကြားသည်။
 
 
အလှည့်ကျ တာဝန်ထမ်းဆောင်နေမှု
 
ဆက်လက်၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က ဝန်ထမ်းများ နှစ်ဖွဲ့ခွဲ၍ တစ်ဖွဲ့လျှင် သုံးဆိုင်းဖြင့် အလှည့်ကျ တာဝန်ထမ်းဆောင်နေမှု၊ ခွင့်ပြန် ဝန်ထမ်းများ ပြန်လည်ရောက်ရှိပါက ညွှန်ကြားချက်နှင့်အညီ Quarantine - ၂၁ ရက် ထားရှိမှု၊ ကြိုတင်ကာကွယ် ရေးလုပ်ငန်းများနှင့် ပညာပေးလုပ်ငန်း များ ဆောင်ရွက်နေမှု၊ စက်ရုံ၊ အလုပ်ရုံ စစ်ဆေးရေးအဖွဲ့လာရောက်စစ်ဆေးခဲ့မှုနှင့် ကိုဗစ်- ၁၉ နှင့် ပတ်သက်သည့် သတင်းများ ထုတ်ပြန်မှု၊ ပညာပေး အစီအစဉ်များ ထုတ်လွှင့်မှုတို့ အပြင် ကျင်းပလျက်ရှိသည့် ပြည်ထောင်စု လွှတ်တော်၊ ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော်တို့အတွက် ရိုက်ကူး ထုတ်လွှင့်ရန် စီစဉ်ဆောင်ရွက် နေမှုတို့ကို ရှင်းလင်းတင်ပြသည်။
 
 
ဆွေးနွေး
 
ထို့နောက် ပြန်ကြားရေးဝန်ကြီး ဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့် မောင်နှင့် တာဝန်ရှိသူများက ဝန်ကြီး ရုံးနှင့် ဌာနများအလိုက် ဆောင်ရွက် မှုအခြေအနေများကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြသည်။
 
 
ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် စတူဒီယိုခန်းမတွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင် ရန်အတွက် မြန်မာ့အသံနှင့် ရုပ်မြင် သံကြားက ကြိုတင်ပြင်ဆင် ဆောင် ရွက်မှုများအနက် “ရွေးကောက်ပွဲ အကြောင်း သိကောင်းစရာ အစီ အစဉ်များ’’ကို ကြည့်ရှုပြီး လုပ်ငန်း ဆိုင်ရာများ ဆွေးနွေး မှာကြားသည်။
 
 
ဆက်လက်၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် သတင်းစုဆောင်း မှုအပါအဝင် ရုပ် / သံ လုပ်ငန်းများ‌ ဆောင်ရွက်နေမှု၊ သတင်းထုတ်လွှင့်မှု နှင့် ရုံးလုပ်ငန်းများ ဆောင်ရွက်မှု တို့ကို လည်းကောင်း၊ စတူဒီယိုခန်းမ၌ ပိုးသတ်ဆေးဖျန်းမှုကို လည်းကောင်း လှည့်လည် ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာများ မှာကြားခဲ့သည်။
 
 
သတင်းစဉ်