အရှေ့တောင်အာရှနိုင်ငံများနှင့် အမေရိကန်ပြည်ထောင်စုတို့မှ ကျန်းမာရေးဝန်ကြီးများ၏ ကိုဗစ်-၁၉ ရောဂါတုံ့ပြန်ရေးတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အထူးဗီဒီယိုကွန်ဖရင့် ကျင်းပ

နေပြည်တော်    မေ    ၁
 
ကျန်းမာရေးနှင့်    အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည်  ယမန်နေ့  နံနက်ပိုင်း၌  ကိုဗစ်-၁၉ ရောဂါ တုံ့ပြန်ရေးတွင်    ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ အထူးဗီဒီယိုကွန်ဖရင့်(Special Video  Conference of Health Ministers of ASEAN and the United States in Enhancing Cooperation on COVID-19 Response)အား ကျန်းမာရေးနှင့်      အားကစားဝန်ကြီးဌာန ရုံးအမှတ်(၄)          အစည်းအဝေးခန်းမမှ တက်ရောက်ဆွေးနွေးခဲ့သည်။
 
အဖွင့်အမှာစကားပြော
 
အဆိုပါအစည်းအဝေးတွင်    အာဆီယံ အတွင်းရေးမှူးချုပ် Mr. Dato Lim Jock Hoi က   အဖွင့်နှုတ်ခွန်းဆက်စကား  ပြောကြား သည်။    ထို့နောက်   အာဆီယံ-ယူအက်စ်  ပူးတွဲဥက္ကဋ္ဌများဖြစ်သော အင်ဒိုနီးရှားနိုင်ငံနှင့်  အမေရိကန်နိုင်ငံတို့မှ ကျန်းမာရေးဝန်ကြီး များက အဖွင့်အမှာစကားပြောကြားကြသည်။
 
ယင်းနောက် အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း နှင့် ဗီယက်နမ်နိုင်ငံတို့မှ ကျန်းမာရေးဝန်ကြီး များသည်   ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကို တုံ့ပြန်ရာတွင် အာဆီယံနှင့် အမေရိကန်နိုင်ငံ တို့ ပူးပေါင်းဆောင်ရွက်မှုအရှိန်မြှင့်တင်ရေး အတွက်   အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြ သည်။
 
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က မြန်မာနိုင်ငံ  ကိုဗစ်-၁၉ ရောဂါ  တုံ့ပြန် ပြင်ဆင်မှုနှင့်       ပူးပေါင်းဆောင်ရွက်မှုနှင့် စပ်လျဉ်း၍   ပြောကြားရာတွင်   ယခုကဲ့သို့ အာဆီယံနိုင်ငံများနှင့် အမေရိကန်ပြည်ထောင်စု ကျန်းမာရေးဝန်ကြီးများ၏ ကိုဗစ်-၁၉ ရောဂါ တုံ့ပြန်ရေးဆိုင်ရာ အထူးဗီဒီယိုကွန်ဖရင့်ကို  ဆောင်ရွက်ပေးခဲ့သည့် အာဆီယံ-ယူအက်စ် ပူးတွဲဥက္ကဋ္ဌများဖြစ်သော     အင်ဒိုနီးရှားနှင့်     အမေရိကန်နိုင်ငံတို့အား      ကျေးဇူးတင်ပါ ကြောင်း။
မြန်မာနိုင်ငံတွင်      ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်    ကျန်းမာရေးဝန်ထမ်း များအတွက် တစ်ကိုယ်ရေ ရောဂါကာကွယ်ရေး ဝတ်စုံများ (PPE) နှင့်  အမေရိကန်  ဒေါ်လာ ခုနစ်သိန်းလှူဒါန်းခဲ့သည့် အမေရိကန်အစိုးရ နှင့် USAID အဖွဲ့တို့ကိုလည်း ကျေးဇူးတင်ပါ ကြောင်း။
 
အမေရိကန် ကူးစက်ရောဂါနှိမ်နင်းရေး ဗဟိုဌာန (US-CDC) ဒေသဆိုင်ရာရုံး (ထိုင်း နိုင်ငံ)နှင့်   မြန်မာနိုင်ငံ US-CDC အဖွဲ့၏ နည်း ပညာအကူအညီများလည်း ရယူ၍ ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း။
မိမိတို့အနေဖြင့်   US-CDC (Atlanta)၊ National Institute of Health တို့နှင့်ပူးပေါင်း ၍ ကိုဗစ်-၁၉ ရောဂါကိုစမ်းသပ်ကုသမှုဆိုင်ရာ သုတေသနများ (Multi-centric clinical trials or studies on COVID-19 and beyond)အား ပိုမိုလုပ်ဆောင်လိုပါကြောင်း။
 
အာဆီယံနိုင်ငံများအနေဖြင့် အမေရိကန် နိုင်ငံရှိ  သုတေသနဌာနများ  (health and research institutions)နှင့်ပူးပေါင်း၍ ကျန်းမာ ရေးသုတေသနများ   ဆက်လက်ဆောင်ရွက် သွားနိုင်မည့်      သုတေသနကြားခံစင်မြင့် (research platform)တစ်ခု ထူထောင်နိုင်ပါ က လွန်စွာအကျိုးရှိနိုင်မည်ဖြစ်ကြောင်း။ 
 
ဗီဒီယိုကွန်ဖရင့်များသည် ယခုအချိန်၌ နိုင်ငံများအကြား အတွေ့အကြုံဖလှယ်ရာတွင် အလွန်ထိရောက်သည့်      နည်းလမ်းတစ်ခု ဖြစ်ကြောင်း။
US-CDC, National Institute of Health တို့မှ  ပညာရှင်များ၊  အာဆီယံနိုင်ငံများမှ သုတေသနပညာရှင်များ၊ ပြည်သူ့ကျန်းမာရေး ပညာရှင်များ  ပူးပေါင်း၍   မျိုးဆက်သစ် ကျန်းမာရေးဝန်ထမ်းများအတွက် ကျွမ်းကျင်မှု တိုးတက်စေရေးသင်တန်းများ   ဆက်တိုက် ပူးပေါင်းဆောင်ရွက်သွားနိုင်ပါကြောင်း။ 
 
ဤ  ကိုဗစ်-၁၉ ကပ်ရောဂါတိုက်ဖျက်ရေး အတွက်  ကျန်းမာရေးမဟုတ်သည့် အခြား ကဏ္ဍများ၏ အခန်းကဏ္ဍများ အရေးကြီးပုံ ကိုလည်း မိမိတို့ချန်လှပ်ထား၍ မရပါကြောင်း။
ထို့အတွက် မြန်မာနိုင်ငံသည် ကျန်းမာရေး ဝန်ထမ်းမဟုတ်သည့် စေတနာ့ဝန်ထမ်းများ၏ ပါဝင်ဆောင်ရွက်မှုကို မြှင့်တင်နိုင်ရေးဆောင် ရွက်လျက်ရှိပါကြောင်း။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် အစိုးရတစ်ရပ်လုံး၊ ကဏ္ဍ အားလုံး ပါဝင်ချဉ်းကပ်သည့်ပုံစံဖြင့် အမျိုးသား အဆင့် ဗဟိုကော်မတီတစ်ရပ်ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က  ဦးဆောင်၍  ဖွဲ့စည်း ထားပါကြောင်း။
နိုင်ငံတော်အဆင့် မြင့်မားသော ကော်မတီ ဖြစ်သည့်အတွက် လုပ်ဆောင်ရမည့်ကိစ္စရပ် များအပေါ်   ဆုံးဖြတ်ချက်များ    မြန်ဆန်ပြီး ပြည်ထောင်စုဝန်ကြီးများအဖွဲ့ဝင်အဖြစ် ပါဝင်  သည့်အတွက် ကဏ္ဍများ၏ ပူးပေါင်းဆောင် ရွက်မှု ပိုမိုထိရောက်မြန်ဆန်ပါကြောင်း။
 
အကျိုးဆက်အဖြစ်  ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ ဆွေးနွေးချက်နှင့် အကျိုးရှိ  ထိရောက်စွာ ဆောင်ရွက်နိုင်ခဲ့ပါ ကြောင်း။
အာဆီယံ-ယူအက်စ်      အထူးဗီဒီယို ကွန်ဖရင့်မှ  ထွက်ပေါ်သည့်  ပူးတွဲကြေညာ ချက်ကို မြန်မာနိုင်ငံအနေဖြင့် အတည်ပြုပါ ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
 
အကြံပြုဆွေးနွေး
 
ဆက်လက်၍ အမေရိကန်နိုင်ငံမှ ကိုဗစ်-၁၉ ရောဂါ တုံ့ပြန်ဆောင်ရွက်ရာတွင် ပူးပေါင်း ချိတ်ဆက်ဆောင်ရွက်ရေးအတွက် အကြံပြု ဆွေးနွေးသည်။ ထို့နောက် ကိုဗစ်-၁၉ ရောဂါ တုံ့ပြန်ရေးနှင့်ပတ်သက်၍ ASEAN-US Joint ပူးတွဲကြေညာချက်အား အတည်ပြုနိုင်ခဲ့သည်။  ထို့နောက် အာဆီယံ-ယူအက်စ် ပူးတွဲဥက္ကဋ္ဌ ဖြစ်သော    အင်ဒိုနီးရှားနိုင်ငံနှင့် အမေရိကန် နိုင်ငံတို့မှ ကျန်းမာရေးဝန်ကြီးများက နိဂုံးချုပ် စကား ပြောကြားကြသည်။
အဆိုပါ ဗီဒီယိုကွန်ဖရင့်သို့ ကျန်းမာရေး  နှင့် အားကစားဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ပြည်သူ့  ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာစိုးဦး၊ ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန   ဒုတိယညွှန်ကြားရေးမှူးချုပ် (ဗဟိုကူးစက်) ဒေါက်တာထွန်းတင်နှင့် တာဝန်  ရှိသူများ တက်ရောက်ခဲ့ကြသည်။
 
သတင်းစဉ်