အမြင့်ဆုံးရေလှိုင်းစီးနိုင်သူအဖြစ် ဂါရတ်သ် မက်နာမာရာ စံချိန်သစ်တင်

ကမ္ဘာ့အကြီးမားဆုံး ရေလှိုင်းကြီးကို ဖြတ်ကျော် လှိုင်းစီးနိုင်ခဲ့သည့်အတွက် အလွန် ပျော်ရွှင်ကြောင်း ရေလှိုင်းစီးသမား ဂါရတ်သ် မက်နာမာရာက ဖွင့်ဟ ပြောကြားလိုက်သည်။ ပင်လယ် သမုဒ္ဒရာထဲတွင် ဖျံတစ်ကောင်နှယ် ပေါ့ပါးသွက်လက်စွာ ကျင်လည်လေ့ ရှိသော ဟာဝိုင်ယီ ဒေသခံ ရေလှိုင်းစီးသမားသည် အံ့0x100သဘနန်း ကြီးမားလှသည့် လှိုင်းကြီးကို ပေါ်တူဂီနိုင်ငံ ကမ်းခြေတစ်ခုတွင် တွေ့ကြုံ စီးနင်းခွင့် ရခဲ့ခြင်း ဖြစ်သည်။ တနင်္လာနေ့က ၎င်းသည် အဆိုပါလှိုင်းနှင့် အလိုက်သင့် စီးမျောပြီးနောက် ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော ရေလှိုင်းပေါ်တွင် စီးနင်းနိုင်သူအဖြစ် စံချိန်တင်ခဲ့သည်။ပါ်တူဂီနိုင်ငံရှိ တံငါရွာလေး နာဇာရီ အနီးတွင် အဆိုပါ ရေလှိုင်းကြီး ရိုက်ခတ်ခဲ့ခြင်း ဖြစ်သည်။ အမြင့်ပေ(၁၀၀)ကျော်သော ရေလှိုင်းကြီးကို အောင်မြင်စွာ ဖြတ်ကျော်ကာ စီးပြခဲ့သည့်နောက် မက်မာနာမာရာက "ကျွန်တော့် ကိုယ်ပေါ်ကို ရေစက်တွေ အဆုံးမရှိ ကျဆင်းနေသလို ခံစားရပါတယ်။ ကျွန်တော့် ခြေထောက်တွေဆို လွတ်ထွက်သွားတော့ မတတ်ပဲ"ဟု CNNသတင်းဌာနမှ အန်ဒါဆန် ကူးပါးအား ပြောပြခဲ့သည်။

"တစ်ကိုယ်လုံးကို ယိမ်းနေခဲ့တာပါ။ တော်တော်ခက်တဲ့ ကိစ္စပဲ"ဟုလည်း ၎င်း၏ အတွေ့အကြုံကို အဏ္ဏဝါပျော် လူစွန့်စားက ဖွင့်ဟခဲ့သည်။ ၎င်းမတိုင်မီက လူတစ်ဦး အမြင့်ဆုံး စီးပြခဲ့သည့် လှိုင်းသည် (၂၀၁၁)ခုနှစ်က အဆိုပါ နေရာတွင်ပင် ဖြစ်ပေါ်ခဲ့သည့် (၇၈)ပေ မြင့်သော လှိုင်းကြီး ဖြစ်သည်။ မက်မာနာမာရာ စီးခဲ့သော လှိုင်းအမြင့်ကို တိတိကျကျ တိုင်းတာ ဖော်ထုတ်ရန် လုပ်ဆောင်နေဆဲ ဖြစ်သော်လည်း အမြင်အရမူ ပေ(၁၀၀)အထက်တွင် ရှိကြောင်း မျက်မြင်အားလုံးက လက်ခံထားရာ ကမ္ဘာ့စံချိန်သစ် တင်နိုင်ရန် သေချာသလောက် ရှိနေကြောင်းလည်း သိရှိရသည်။