လက်ရှိ ဇယားထိပ်မှာ ရပ်တည်နေတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းကပဲ ပရီးမီးယားလိဂ်ဖလားကို ရယူသွားလိမ့်မယ်

ဖူလ်ဟမ်အသင်းရဲ့ မန်နေဂျာ မာတင်ဂျိုးလ်က လက်ရှိ ဇယားထိပ်မှာ ရပ်တည်နေတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းကပဲ ပရီးမီးယားလိဂ်ဖလားကို ရယူသွားလိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။ မာတင်ဂျိုးလ်ရဲ့ ဖူလ်ဟမ်အသင်းဟာ မနေ့က အိမ်ကွင်းမှာ မန်ယူအသင်းကို လက်ခံကစားခဲ့ရပြီး ပွဲပြီးခါနီး ရွန်နီရဲ့သွင်းဂိုးနဲ့  အရှုံးပေး ခဲ့ရပါတယ်။

ဖူလ်ဟမ်အသင်းဟာ အိမ်ကွင်းမှာဆိုရင် အသင်းကြီးတွေကို အမြဲတမ်း အခက်အခဲတွေ့အောင် ပြုလုပ် လေ့ရှိပြီး မနေ့က ပွဲစဉျမှာလည်း မန်ယူအသင်းကို အပြန်အလှန် ထိုးဖောက်ကစားပြီး အခက်တွေ့ စေခဲ့ပါတယ်။ သို့ပေမဲ့ ပွဲပြီးခါနီး ၁၁မိနစ်အလိုမှာ ၀ိန်းရွန်နီရဲ့ အခွင့်အရေးကို အပိုင်အသုံးချ သွားမှုကြောင့်သာ အရေးနိမ့် ခဲ့ရတာပဲ ဖြစ်ပါတယ်။

ဂျိုးလ်က ” ကျွန်တော့အသင်းရဲ့ နောက်တန်းနဲ့ အလယ်တန်းဟာ အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ကြ ပါတယ်။ ဒါဟာ ဒီရာသီ အသင်းရဲ့ အကောင်းဆုံး ပုံစံတွေထဲက တစ်ခုပါပဲ။ ဒါပေမဲ့ မန်ယူအသင်းဟာ အခွင့်အရေး အနည်းငယ် ကလေးကနေရအောင် စွမ်းဆောင် သွားခဲ့ပါတယ်။ ရွန်နီက ဒါကို လုပ်ပြသွားခဲ့ပါ တယ်။ အခုအချိန်မှာတော့ သူတို့အသင်းပဲ ပရီးမီးယားလိဂ် ဖလားရရှိမယ်လို့ ကျွန်တော် ထင်ပါတယ်။ ” လို့ ဆိုခဲ့ပါတယ်။

မနေ့က ပွဲစဉျမှာတော့ ထူးထူးခြားခြား ဖူလ်ဟမ်ရဲ့ အိမ်ကွင်းမှာ ပွဲကစားချိန်အတွင်း လျှစ်စစ်မီးပြတ် တောက်ခဲ့ရပါတယ်။ ပွဲပြန်စတဲ့အခါ ၎င်းကစားသမား တွေအနေနဲ့ ပွဲအပေါ် အာရုံစူးစိုက်မှု လျော့ကျသွားမှာကို ပူပန်မိကြောင်း ဂျိုးလ်က ဆက်လက် ဖွင့်ဟခဲ့ပါတယ်။

” ပွဲပြန်စချိန် အတွင်းမှာပဲ ကျွန်တော့် အသင်းသားတွေ ကောင်းကောင်း ကစားနိုင် ခဲ့ပါတယ်။ ပုံမှန် အားဖြင့် နည်းနည်းလေးအချိန်ယူ ရတတ်ပါတယ်။ သူတို့အနေနဲ့ အာရုံစူးစိုက်မှု အနည်းငယ် လျော့သွားမလားလို့ စိုးရိမ်စိတ် ၀င်မိပါသေးတယ်။ မီးပြတ်တောက် သွားချိန်မှာ ကျွန်တော်တို့ ဂိုးစည်းဘက်မှာ ပြန်စရမဲ့ အခြေအနေ ကိုး။ ဒါပေမဲ့ ဒက ပြသနာတစ်ခု မဖြစ်ခဲ့ ပါဘူး။ ” လို့ ဆိုသွားခဲ့ပါတယ်။