ကျောက်တံခါးမြို့ စည်ပင်စျေး၌ မီးလောင်

ကျောက်တံခါးမြို့ စည်ပင်စျေး၌ မီးလောင်

ကျောက်တံခါး ဖေဖော်ဝါရီ ၂

      ဖေဖော်ဝါရီ ၁ ရက် နံနက် ၃ နာရီခွဲခန့်က ကျောက်တံခါးမြို့ စည်ပင်စျေးအတွင်းရှိ နှစ်ထပ်အုတ်ညှပ် စျေးခေါင်းရုံး အောက်ထပ် (၈ပေ-၁၂ ပေ)အကျယ်ဆိုင်ခန်းများအနက် ဦးထက်အောင် (ခ) ချိုချို မုန့်မျိုးစုံဆိုင်မှ ဝိုင်ယာရှော့ခ်ဖြစ်ပြီး မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့၍ နံနက် ၄ နာရီ ၃၅ မိနစ်တွင် မီးညွန့်ကျိုးကာ ဖြစ်စဉ်ကြောင့် ဆိုင်ခန်း ၁ဝ ခန်းနှင့် စျေးခေါင်းရုံးအပါအဝင် ခန့်မှန်းတန်ဖိုး ငွေကျပ် သိန်း ၁ဝဝ ခန့် မီးလောင်ဆုံးရှုံးခဲ့သည်။ မီးလောင်ရာသို့ စည်ပင်သာယာရေး အဖွဲ့ပိုင် ရေသယ်ယာဉ် နှစ်စီး၊ ကျောက်တံခါး၊ ပဲနွယ်ကုန်း၊ ဖဒို၊ ပိန်းဇလုပ်၊ ညောင်လေးပင်၊ ပြွန်တန်ဆာ၊ ကညွတ်ကွင်း၊ ဖြူးမြို့တို့မှ မီးသတ်ယာဉ်ရှစ်စီးဖြင့် မီးငြှိမ်းသတ်ခဲ့ကြောင်း သိရှိရ သည်။

(၁၂ဝ)