အမွှေးတိုင်မီးပူဇော်ရာမှ မီးလောင်မှုဖြစ်ပွား

အမွှေးတိုင်မီးပူဇော်ရာမှ မီးလောင်မှုဖြစ်ပွား

မိတ္ထီလာ ဖေဖော်ဝါရီ ၃

 

မိတ္ထီလာမြို့ လိန်တောကျေးရွာအုပ်စု ကျောင်းရာကန်ကျေးရွာရှိ ဦးဇော်သက် အသက် (၃၁)နှစ် နေအိမ်တွင် ဖေဖော်ဝါရီ ၁ ရက် နံနက် ၉ နာရီမိနစ် ၅ဝ က ဘုရားစင်ပေါ်၌ အမွှေးတိုင်မီးပူဇော်ထွန်းညှိထားရာမှ မီးစတင် လောင်ကျွမ်းမှု ဖြစ်ပေါ်သဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျေးရွာနေပြည်သူများမှ ဝိုင်းဝန်းကူညီငြှိမ်း သတ်ပေးခြင်းကြောင့် နံနက် ၉ နာရီ ၅၅ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။ မီးလောင်ကျွမ်းမှုဖြစ်ပွားရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးလှိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါမီးလောင်ကျွမ်းမှုနှင့်ပတ်သက်ပြီး နေအိမ်ပိုင်ရှင် ဦးဇော်သက်အား သက်ဆိုင်ရာမှ အရေးယူဆောင် ရွက်လျက်ရှိကြောင်း သိရသည်။ (၄၃၅)