မြားပစ်ပြိုင်ပွဲပြီးဆုံး၊ မြန်မာမြားပစ်အဖွဲ့ ရွှေတစ်ခု၊ ငွေတစ်ခု၊ ကြေးနှစ်ခု ရရှိ

 
နေပြည်တော်  ဒီဇင်ဘာ  ၁၇
 
 မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့်  (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲ မြားပစ်ပြိုင်ပွဲပြီးဆုံးသွားပြီဖြစ်ပြီး မြန်မာမြားပစ်အဖွဲ့က ငွေတံဆိပ်တစ်ခု၊ ကြေးတံဆိပ်နှစ်ခုထပ်မံဆွတ်ခူးရရှိခဲ့သည်။
 
ပြိုင်ပွဲအပြီးတွင်  မြန်မာမြားပစ်အဖွဲ့က ရွှေ တစ်ခု၊ ငွေတစ်ခု၊ ကြေးနှစ်ခု  ဆွတ်ခူးရရှိခဲ့သည်။   မြားပစ်ပြိုင်ပွဲနောက်ဆုံးနေ့တွင်  အသင်းလိုက်ပြိုင်ပွဲ နှင့် Mix-Team  ပြိုင်ပွဲ ကျင်းပခဲ့ပြီး မြန်မာမြားပစ် အဖွဲ့မှာ ဆုတံဆိပ်သုံးခု ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာမြားပစ်အဖွဲ့အတွက်   ငွေတံဆိပ်ဆုကို အမျိုးသမီး Compound  အသင်း၊  ကြေးတံဆိပ် နှစ်ခုကို Recurveအသင်းလိုက် အမျိုးသားအသင်း နှင့် အမျိုးသမီးအသင်းတို့က ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ 
 
အမျိုးသမီး Compound အသင်းလိုက်ပြိုင်ပွဲ တွင် မြန်မာအသင်းသည် ဆီမီးဖိုင်နယ်တွင် ထိုင်း အသင်းနှင့် တွေ့ဆုံခဲ့ပြီး ၂၁၇-၂၁ဝ မှတ်ဖြင့် အနိုင် ရခဲ့သည်။  ဗိုလ်လုပွဲတွင်  မလေးရှားအသင်းနှင့် တွေ့ဆုံခဲ့ပြီး ၂၂၂-၂ဝ၇ မှတ်ဖြင့် ရှုံးနိမ့်ခဲ့သော ကြောင့် မြန်မာအသင်းသည် ငွေတံဆိပ်ဖြင့် ကျေနပ် ခဲ့ရခြင်းဖြစ်သည်။ ငွေတံဆိပ်ရခဲ့သည့် မြန်မာ အသင်းတွင် လှလှစံ၊ စုစုလှိုင်နှင့် ခက်ခက်တုန်တို့ ပါဝင်ခဲ့သည်။
 
မြန်မာမြားပစ်အဖွဲ့သည်     အမျိုးသား Compound အသင်းလိုက်ပြိုင်ပွဲ၊  Mix-Team Compoundနှင့် Recurve  ပြိုင်ပွဲတွင် ဆုတံဆိပ် နှင့် လွဲချော်ခဲ့သည်။
 
ရှိုင်းထက်ဇော်၊ ဓာတ်ပုံ-အား/ကာ