မြန်မာ့ရုပ်ရှင် နှစ်တစ်ရာပြည့် အထိမ်းအမှတ်

ရုပ်ရှင်စကားဝိုင်း
========
 
မြန်မာ့ရုပ်ရှင် နှစ်တစ်ရာပြည့် အထိမ်းအမှတ်
============================
 
မောင်မောင်တာနှင့် ရုပ်ရှင်စကားဝိုင်း
=====================
 
(ဇွန် ၂၈ ရက်မှ အဆက်)
ကြည်စိုးထွန်း။ ။ လူထု အောင်သံ ကတော့ တကယ့်
ကို သမိုင်းဝင်ကားပဲ အစ်ကိုရဲ့နော်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ မှတ်တမ်း ဝင် ကားတစ်ကားပါပဲ။ နောက် နိုင်ငံခြားနဲ့ ဖက်စပ်။ ပြီးတော့ မြန်မာတွေနဲ့ လုပ်တဲ့ ကားမှာ နိုင်ငံခြားအငွေ့အသက် မပါဘဲနဲ့ တစ်ခါတည်း မြန်မာတွေကပဲ လုပ်သွား တာမျိုးလေးတွေ ကျွန်တော် သဘောကျ တယ် အစ်ကို။ အဲဒီထဲမှတ်မိတာ ဦးကျော် သောင်း၊ ဦးကျော်သောင်း ရူးတဲ့အခန်း လုပ်တာလေးတွေ ကျွန်တော်တို့ သွားသတိ ရတယ်။
အစ်ကိုနဲ့ ဗိုလ်ဗကိုနဲ့ နောက်ဆုံးသေနတ် မှန်ပြီး ပြန်လာတော့ ကားပေါ်မှာ ထင်တယ် နော်။ ငါ့သားလေးကို ရှင်ပြုတာကို ငါမြင်ချင် တယ်ကွာလို့ ပြောတဲ့အခန်းက အဲဒါက Climax ပဲထင်တယ်နော်အစ်ကို။
မောင်မောင်တာ။ ။ Climax ပဲ၊ ဂျစ်ကား ပေါ်တင် မောင်း
ပြီးတော့ ပြန်ပို့တာ။
ကြည်စိုးထွန်း။ ။ ဟိုကလည်း မင်း ကွာ ဒီအားငယ်တဲ့
စကားတွေ မပြောနဲ့။ အားလျှော့တဲ့ စကား တွေ မပြောပါနဲ့ကွာ။ ငါ့ကိုယ့်ငါ သိတယ် ကွာတဲ့နော်။ အေးမောင်ရာ ငါ့သားလေး ကိုသာ မင်းရှင်ပြုပေးပါကွာတဲ့။ ကျွန်တော်တို့ ငယ်ငယ်တုန်းက တအားသဘောကျတာ အစ်ကိုရဲ့ အဲဒါ။ နောက် ဗမာအငွေ့အသက် ကလည်း ပါတာကိုးနော်။
မောင်မောင်တာ။ ။ မှတ်မိ ပါတယ် ဗိုလ်ဗကို က
ဒဏ်ရာနဲ့၊ ကျွန်တော်က ကားမောင်း။ ကျွန်တော်က ကားမောင်းဝါသနာပါ၊ အဲဒီကတည်းက မောင်းလိုက်တာ ဒီနေ့အထိ မောင်းလျက်ပဲ ကားကို။
ကြည်စိုးထွန်း။ ။ ဟုတ်ပါ့ အစ်ကို ရယ်။ နောက်ပြီး
တော့ ပြောဦးမယ် အစ်ကို။ ကားမောင်းတဲ့ ကိစ္စ။
မောင်မောင်တာ။ ။ စကားလေး တွေ လည်း လှတယ်။
ကြည်စိုးထွန်း။ ။ ဒိုင်ယာ လော့ဒ် တွေ ကောင်းတယ်
နော်။ တိုတိုလေးတွေတောင် ကောင်းတယ်။ တချို့ဟာတွေဆို ကျွန်တော်တို့က ကျောင်းသား ဘဝကိုး အစ်ကိုရ၊ လေး၊ ငါး၊ ခြောက်တန်း၊ ခုနစ်တန်းလောက် ရှိမယ်ထင်တယ်။ မမှတ်မိ တော့ပါဘူး။ အဲဒီမှာဆို ဟာ ဗိုလ်ကြီးရယ် ကျွန်မ နွားလေးပြန်ပေးပါတို့ ဘာတို့။
မောင်မောင်တာ။ ။ အဲဒါတွေက စွဲတယ် လေ။ တစ်ခါတလေ
ရုပ်ရှင်မှာ မထင်တာတွေက စွဲကျန်ရစ်ခဲ့တာ တွေ ရှိတယ်။ ကျွန်မ နွားလေးပြန်ပေးပါဆိုတာ။ တစ်ခါတစ်ခါ လမ်းသွားရင် ဘေးကလူတွေက ရွတ်ပြတာတွေ ရှိတယ်။ မောင်မောင်တာမှန်း သိနေရင် အဲဒီလို ရွတ်ပြတာတွေ ရှိတယ်။
ကြည်စိုးထွန်း။ ။ အဲဒီလောက်အထိ ပရိသတ်က စွဲကြ
တာနော်။
မောင်မောင်တာ။ ။ အောင်မြင်ပါတယ်။ ဒီနေ့အထိ အဲဒီကား
ကို မီတာမရှိဘူး။ ကားကော်ပီ မရှိတော့ဘူး။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့ပါ အစ်ကို ရယ် ကြိုးစားပေး
ပါဦး။
မောင်မောင်တာ။ ။ ဒါပေမဲ့ ကျွန်တော် နောက်ဆုံး ခေါင်းထဲ
မှာ ရှိတာတော့ အကယ်၍ အမေရိကန်နိုင်ငံ နောက်တစ်ခေါက် ပြန်သွားရင် ဒီတစ်ခါတော့ ဟောလိဝုဒ် Archive မှာ ရှိမယ်လို့ ထင်တယ်။ နောက်တစ်ခု ဗန်ကောက်မှာရှိတုန်းက တစ်ယောက်ကပြောတယ် ခင်ဗျားကားက ဘုရင့်နန်းတွင်း Archive မှာ ရှိတယ်တဲ့။ Anti- communist picture ကွန်မြူနစ်ဆန့်ကျင်ရေး ကားဆိုတော့ ဘုရင်ကနေပြီးတော့ ဒီကားကို ယူပြီးတော့ သိမ်းထားတယ်လို့ ကြားရ တယ်။
ကြည်စိုးထွန်း။ ။ ကျွန်တော် လည်း မေးကြည့်လို့ ရပါ
တယ်။ ဗန်ကောက်လောက်ကတော့၊ ကျွန်တော် မေးကြည့်လို့ရပါတယ်။ ဒါလေး တွေကို အစ်ကိုဖြစ်ဖြစ်၊ ကျွန်တော်ဖြစ်ဖြစ် ရရင်တော့ ပရိသတ်ကြီးကို ပြန်ပြချင်ပါတယ် အစ်ကိုရယ်။ ကိုယ့်ဟာကိုယ် စစ်မှုထမ်းဘဝ မှာပဲ နေမယ်လို့ ဆုံးဖြတ်ခဲ့ရာက နောက်ကျ တော့ ဘယ်လိုလုပ်ပြီးတော့ အစ်ကို ဒီဘက် ဆက်ဖြစ်သွားလဲ။
မောင်မောင်တာ။ ။ ကျွန်တော် အဲဒီကား ရိုက်ပြီး အိပ်စယ်
စီယာရုံမှာ ကားကြည့်ရင်းနဲ့ ပြီးတဲ့အခါ ကျတော့ ဦးနုက အဲဒီရုပ်ရှင်ကားကို သိပ်သဘောကျတယ်။ သူလည်း ကိုယ်တိုင် ပါတာကိုး။ ထိပ်ကပါတယ်လေ။ သဘောကျ ပြီးတော့ ဦးသန့်ကို ပြောတယ်။ မောင်မောင် တာကို ပြောင်းပေးရအောင်။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့ ဘယ်ပြောင်း မှာလဲ။
မောင်မောင်တာ။ ။ ဆိုလိုတာက ဘာလုပ် ချင်လဲ မေးပါ။
လုပ်ပေးပါမယ် ဆိုတာကို၊ အဲဒီလောက်ထိ အောင် သူက ဘယ်လောက်သဘောကျလဲ ဆိုတော့။ သူ့မင်းသားကို သဘောကျတာ မောင်မောင်တာကို သဘောကျတာ မဟုတ် ဘူး။ အေးမောင်ကို သဘောကျတာ။ သူ့စကား တွေကို သူပြောချင်တဲ့ စကားတွေကို ကျွန်တော်က ပြောပေးရတာ။ အဲဒီတော့ ကျွန်တော်က ဝါရှင်တန်မှာ Second Citizen ပေးပါ။ ဦးသန့်နဲ့ အတူတူလိုက်သွားဖို့ စီမံကိန်းဆွဲလိုက်တယ်။ စီမံကိန်း ဆွဲပြီးတော့ အထမမြောက်ခင် ဗြိတိသျှဘားမားကနေပြီး တော့ ဒေါက်တာအောင်ကျော်ဦး ကားကို ကျွန်တော့်ဆီ ရောက်လာတာပဲ။ ကျွန်တော်က သုံးလအတွင်း ပြီးရင်လက်ခံမယ်။ နောက်ဆုံး UN အထိ ကျွန်တော်မှန်းထားတာကိုး သွားဖို့။ ဆိုတော့ ကားလည်းရိုက်ရော မေသစ်က ကိုယ်ဝန်ရှိလိုက်တာနဲ့ ဟိုဟာလေး ဒီဟာလေး ဖြစ်ရင်းနဲ့ တစ်နှစ်ကြာသွားတယ်။
မောင်မောင်တာ။ ။ အဲဒီတော့ ဝန်ကြီး ချုပ်က ဘယ်လို
ပြောတုန်းဆိုတော့ မသွားနဲ့တော့တဲ့ ဒါလုပ်တဲ့။ ကျွန်တော်က စဝင်ကတည်းက ရုပ်ရှင်ထဲမှာ သဘောထားသလို ဦးနုကလည်း ဘယ်လို ပြောတုန်းဆိုတော့ အရေးကြီးတဲ့ လုပ်ငန်း တစ်ခုတဲ့။
ကြည်စိုးထွန်း။ ။ ဪ ဒီရုပ်ရှင် ဆိုတာက။
မောင်မောင်တာ။ ။ မောင်ရင့်ကို ဒီနေ့ လွှတ်နိုင်သလို အမြဲ
တမ်း ငါလွှတ်လို့ရတယ်။ ရုပ်ရှင်ထဲမှာ မင်းသား ဖြစ်ဖို့က ငါလုပ်ပေးလို့ မရဘူးတဲ့။ အဲဒီတော့ တိုင်းပြည်မှာ လိုတဲ့ ရုပ်ရှင်မင်းသားနဲ့ ပတ်သက်ပြီးတော့ ဝင်လုပ်ပါ။ ဗိုလ်ဗကို ကိုလည်း ပြောပါ။
ကြည်စိုးထွန်း။ ။ ဪ အားပေးတယ် နော်။
မောင်မောင်တာ။ ။ မင်းလည်း အသက် ကြီးတဲ့အခါကျတော့
Diplomatic Services က ငါ့လက်ထဲမှာပဲ ရှိတာပဲကိုး။ ဆိုတော့ကောင်းတယ် သူကတော့ လုပ်မပေးနိုင်ခဲ့ပါဘူး။ အကြောင်းကြောင်း ပေါ့လေ။ ဒါပေမဲ့ ကောင်းသောလမ်းကို ခင်းပေးခဲ့ပါတယ်။ ကျွန်တော်လည်း ရုပ်ရှင် ထဲ ရောက်တဲ့အခါကျတော့ ပိုစပ်စုလာတာ ပေါ့ဗျာ။ ကျွန်တော်တို့ မရောက်ခင်က နေရာ တစ်မျိုးလေးပဲ။ ဒါပေမဲ့ ပြောင်းတော့ ပြောင်းသွားတယ် အဲဒီနောက်ပိုင်းမှာ။ ဆိုတော့ နည်းနည်းတိုးတက်လာတာလည်း ရှိပါတယ်။ ကျွန်တော်လည်း အနှစ်နှစ်ဆယ် အစိတ်လောက်တော့ ပါသွားတယ်။
ကြည်စိုးထွန်း။ ။ ရုပ်ရှင် ထဲ ရောက်တဲ့ အခါ
ကျတော့ ဂုဏ်သိက္ခာရှိတဲ့လူတွေ ရောက်လာ တော့လည်း ရုပ်ရှင်လောက ဂုဏ်သိက္ခာ ရှိတာပေါ့ အစ်ကိုရယ်။ အဲ လူရှုပ်လူပွေတွေ ရောက်တော့လည်း ရှုပ်ရှုပ်ပွေပွေ ရှိတာပေါ့။ ဒါကတော့ ဘယ်နယ်မဆို ဒီလိုပါပဲ။ သို့သော်လည်း ဒီမှာအစ်ကို ပြောတဲ့အခါမှာ ကျွန်တော်လည်း သတိထားစဉ်းစားမိတော့ ဟိုတစ်လောက ဦးတင်ယုနဲ့ စကားပြောတဲ့ အခါမှာ ဒီလိုပဲ ကျွန်တော်တို့ ဗိုလ်ချုပ် အောင်ဆန်းက ရုပ်ရှင်ကို စိတ်ဝင်စားတဲ့ အကြောင်းနဲ့ ရုပ်ရှင်ကို အားပေးတဲ့ အကြောင်းတွေ ကြားရတယ်။ ဒီမှာဆိုရင် အစ်ကိုနဲ့ဆိုရင်လည်း ဦးနုကနေပြီးတော့ ရုပ်ရှင်ကို စိတ်ဝင်စားတယ်။ ရုပ်ရှင်ကို အားပေးတယ်။ ကူညီတဲ့အကြောင်းတွေ ကြားရတာ ကျွန်တော်တို့ ဒါတွေကျတော့ လည်း ဝမ်းသာပီတိဖြစ်မိပါတယ်။ ဘာလို့လဲ ဆိုတော့ ဒီနေ့အထိပေါ့လေ။ နိုင်ငံ့ ခေါင်းဆောင်ကြီးတွေဟာဆိုရင် ရုပ်ရှင်ကို အားပေးပြီးတော့ အခုအထိ ဝါသနာပါ ပြီးတော့ ကြည့်ရှုစောင့်ရှောက်တာကိုတော့ အင်မတန်ဝမ်းသာပါတယ် အစ်ကို။ ဒါနဲ့ အစ်ကို ဒေါက်တာအောင်ကျော်ဦးက ရိုက်ဖြစ်ရော ဆိုပါတော့။
မောင်မောင်တာ။ ။ ရိုက်ဖြစ် သွားပါ တယ်။ ဒေါက်တာ
အောင်ကျော်ဦးမှာ မေသစ်တို့၊ မေရီမြင့်တို့ ပါလာတယ်။
စာမျက်နှာ ၉ သို့ b
b စာမျက်နှာ ၈ မှ
ကြည်စိုးထွန်း။ ။ ဂျော်လီဆွေ၊ နောက် တက္ကသိုလ်နေဝင်း။
မောင်မောင်တာ။ ။ ထွန်းဝေလည်း ပါ တယ်။ ဒေါက်တာ
အောင်ကျော်ဦးမှာ ဇာတ်ဆရာအခန်း အဲဒီ တုန်းက ဇာတ်ရန်။
ကြည်စိုးထွန်း။ ။ Side part ပဲ၊ ဦးထွန်းဝေ က
လည်းနော် အစ်ကို။ Side part ကနေ တဖြည်းဖြည်းတက်လာရတာ တကယ် တော်ပါတယ် သူလည်း။
မောင်မောင်တာ။ ။ အမှန်တော့ ကား ရိုက်တဲ့ အခါမှာ
ထွန်းဝေက ဓာတ်ပုံရိုက်တယ်။ ဓာတ်ပုံ ဝါသနာပါတယ်။ ဒါပေမဲ့ အဲဒါလုပ်နေတာက သူကလည်း ဝင်ဖို့လုပ်နေတာ။ ဒါပေမဲ့ အဲဒီလို တစ်စတစ်စနဲ့။
ကြည်စိုးထွန်း။ ။ ကြိုးစားရတာပေါ့ နော်။ အဲဒီထဲမှာ
အစ်ကိုကတဲ့အခန်းတွေ ကျွန်တော်တွေ့ရတယ်။
မောင်မောင်တာ။ ။ ဟုတ်ကဲ့ ကျွန်တော် မေရီမြင့်က အဲဒီ
ထဲမှာ အကသင်ဆရာမဆိုပြီးတော့ သူ့ စိတ်ကူးခန်းမှာ ကျွန်တော်က ကျွမ်းကျင်တဲ့ အက မေရီမြင့်ကို ကျွန်တော် ၁၅ ရက် လောက်ပဲ သင်ပေးပါတယ်။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။
မောင်မောင်တာ။ ။ အနောက် တိုင်း အက ကို
ကျွန်တော် ကပြတာလည်း ပါပါတယ်။ အထူးသဖြင့် Italian Valentino မင်းသားရဲ့ Tango အကလို့ ခေါ်တာပေါ့။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။ Valentino မင်းသားရဲ့ Tango
ဟုတ်လား။
မောင်မောင်တာ။ ။ Valentino မင်းသား က Valentino
ဆိုကတည်းက လူတစ်ယောက်ကို Valentino လို့ သတ်မှတ်လိုက်ရင် အဲဒီလူက ဘယ်လောက် အရည်အချင်း ရှိတယ်လို့ သဘောပေါက်တယ် အကက အစ။ Valentino အကလို့ ခေါ်ပါတယ်။ Valentino က Italian မင်းသားပေါ့လေ။
ကြည်စိုးထွန်း။ ။ Valentino က ဘေးစောင်း ဆို
သိပ်ကြည့်ကောင်းတဲ့ မင်းသား။ အဲဒီကားက ဆရာရွှေဒုံးဘီအောင် ဆုရတယ်။
ကြည်စိုးထွန်း။ ။ အစ်ကိုလည်း အမှန် တော့ အဲဒီကားထဲ
မှာတော်တော့်ကို ကောင်းတာပါ။ ဘာလို့လဲ ဆိုတော့ အစ်ကိုက အနောက်တိုင်းယဉ်ကျေးမှု ကို နှစ်သက်တဲ့သူ။ အနောက်တိုင်းယဉ်ကျေးမှု ကို အထင်ကြီးတဲ့သူ အဲဒီထဲမှာ၊ ဒါပေမဲ့ အမျိုးသမီးက မေသစ်က သူက မြန်မာမှု မြန်မာ ဟန်အနေနဲ့ မြန်မာ့အိမ်ထောင်လေးကို ထိန်းသိမ်းချင်တဲ့သူ၊ အဲဒီမှာ အစ်ကိုကလည်း ဒီအိမ်ထောင်ရေးကို မဖောက်ပြန်ချင်ပေမယ့်၊ ဒီအိမ်ထောင်ရေးကို မပျက်စီးစေချင်ပေမယ့် တစ်ဖက်မှာ အတွေ့နဲ့ အစ်ကိုက တော်တော့်ကို ဒီ. . .။
မောင်မောင်တာ။ ။ အဲဒီမလွန်ဆန်နိုင်တဲ့ အတွေ့ဘဝ ရောက်
သွားတဲ့အတွက် ကိုယ့်သိက္ခာပိုင်းဆိုင်ရာကို အသက်သာပေးသွားမယ် ဖော်မသွားဘူးဆိုတာ အဲဒါ အဲဒါပဲလေ။
ကြည်စိုးထွန်း။ ။ နာမည် ဟာ ကျွန်တော် တို့
နောက်ပိုင်း ကြည့်တဲ့အခါမှာ Sommersby လားမသိဘူး။ လူဟာ သေချင်သေသွားပါစေ။ လူတစ်ယောက်ရဲ့နာမည်ဟာ အရေးကြီးတယ် ဆိုတာ ဒေါက်တာအောင်ကျော်ဦးမှာ တော်တော်သဘောကျပါတယ် ကျွန်တော်။
မောင်မောင်တာ။ ။ ရှင်လျက်နဲ့ သေနေ တာပါ။ သေတဲ့
ဘဝက တန်တယ်။ သိက္ခာတော့အကျမခံဘူး။
ကြည်စိုးထွန်း။ ။ ဒေါက်တာ အောင် ကျော်ဦး ဆိုတဲ့
နာမည်ကိုတော့ ငါအပျက်မခံနိုင်ဘူး။
မောင်မောင်တာ။ ။ အဲဒီကား တစ်ကား လုံးမှာ နာမည်က
ဒေါက်တာအောင်ကျော်ဦး၊ ကျွန်တော်က ဒေါက်တာအောင်ကျော်ဦး အကယ်ဒမီ List ထွက်လာတဲ့အခါကျတော့ ကျွန်တော် လှမ်း ကြည့်တယ်။ ကားကို အကယ်ဒမီပေးတယ်။ ဒါရိုက်တာကို ပေးတယ်။ ကုမ္ပဏီကိုပေးတယ်။ မောင်မောင်တာကို မပေးဘူး။
ကြည်စိုးထွန်း။ ။ ဒေါက်တာ အောင် ကျော်ဦး လုပ်တဲ့
သူကို မပေးဘူး။
မောင်မောင်တာ။ ။ မရဘူး အမေရိကန် နိုင်ငံ ဝါရှင်တန်က
အင်တာဗျူးလုပ်သေးတယ် ကျွန်တော့်ကို အဲဒီ အချိန်တုန်းက။ ကျွန်တော် အဲဒီလိုပဲ ဖွင့်ပြော တယ်။ ဒေါက်တာအောင်ကျော်ဦး အကယ်ဒမီ ရတယ်ဆိုတာ ကျွန်တော်ရရမှာလို့ မပေးဘူး။ အဲဒါနဲ့သက်ဆိုင်ရာဝန်ကြီးနဲ့တစ်နေ့တွေ့တဲ့ အခါကျတော့ ကျွန်တော်မေးတယ်။ ဒေါက်တာ အောင်ကျော်ဦး အကယ်ဒမီဆိုတာ ကျွန်တော် ဒေါက်တာအောင်ကျော်ဦး ကျွန်တော်ဘာလို့ မရသလဲလို့။ ဟာ မောင်ရင်ရာ မောင်ရင်က မြင်းပါတဲ့ မြင်းလေ ချိုတပ်ပေးရင် ခွေ့လည်း ခွေ့မယ်။
ကြည်စိုးထွန်း။ ။ ဟားဟားဟား။
မောင်မောင်တာ။ ။ ပြောသွား တာပေါ့ လေ ရယ်စရာလိုလို
နဲ့၊ အဲဒီနှစ်မှာ ကိုထွန်းဝေကမင်းသားဖြစ်သွား ပြီးတော့ ဗိုလ်မြဒင်နဲ့သူက အကယ်ဒမီယူသွား တယ်။
မောင်မောင်တာ။ ။ လုပ်လိုက် ပါကွာ တဲ့ မင်းကလည်း
ကျွန်တော့်ကို နှစ်သိမ့်တဲ့ စကားတွေပြော စစချင်းကတော့ မြင်းချိုတပ်ပေးလို့မရဘူး ပြောတယ်။ နှစ်သိမ့်တဲ့စကား ပြောပြီးတော့ ကျေနပ်လိုက်ပါတယ် ကျွန်တော်။ ဒါပေမဲ့ မရတဲ့အကြောင်းတွေ ကြုံတုန်းကြုံတုန်းမှာ ဖော်ရတာပေါ့။ နာတယ်လို့တော့ ထင်တယ်။ ကျွန်တော် တန်ဖိုးထားလို့ပါ ဒါလည်း။
ကြည်စိုးထွန်း။ ။ မှန်ပါတယ် အစ်ကို မှန် ပါတယ်။
တစ်ခါတလေကျတော့လည်း ကံအကြောင်း တရားပေါ့လေ ဒီလိုပဲ သဘောထားရတော့ တာပေါ့။ သူ့ရဲ့အကယ်ဒမီက။ သို့သော် လည်း အစ်ကိုကမှတ်မိစရာ အကြောင်းတွေ အများကြီးရှိပါတယ်။ ဒေါက်တာ အောင်ကျော်ဦးဆိုလည်း အစ်ကို့လုပ်ဆောင် ချက်တွေက အများကြီးကောင်းခဲ့တယ် ဆိုတာလည်း ကျွန်တော်တို့တွေ့ရတာပဲ။ ခုနတုန်းကလို နှစ်ဘဝ နှစ်နေရာမှာ သူ့ဘာသာသူ အမှားတွေ နောင်တရပြီးတော့ ဖြစ်တဲ့ခံစားမှုတွေဘာတွေ ဆိုရင်လည်း အစ်ကိုပီပီပြင်ပြင်လုပ်နိုင်တာပဲ။ ရှေ့မှာ ဆိုရင်လည်း ဆရာဝန်ဘဝမှာ အနောက် တိုင်း ယဉ်ကျေးမှုကို နှစ်သက်ပင်နှစ်သက် သော်ငြားလည်း ကိုယ့်ရဲ့ မိသားစုအပေါ်မှာ တန်ဖိုးထားတယ်ဆိုတဲ့ ပုံစံလေးတွေပြတာ ဆိုရင်လည်း ကောင်းတယ်အစ်ကို။ နောက် ဟိုဘက်က မေရီမြင့်ကလည်း အင်မတန် လှတဲ့ မိန်းမပဲ၊ နောက်ပြီးတော့ လမ်းက လည်း အများကြီးခင်းပေးတာ အဲဒီမှာ။ တော်တော်ကို ခင်းပေးတာနော်။ သူက ခြေထောက်တွေနာတယ် ဘာညာဆိုပြီး တော့ အစ်ကို့ကို လမ်းခင်းပေးပြီးတော့ သွေးဆောင်မှုလေးတွေပါ ရှိတဲ့အခါကျတော့ သွားတော့မှားတော့တာပဲနော်။ အဲဒါလေးတွေ ကောင်းပါတယ်။ ဒေါက်တာအောင်ကျော်ဦး က အင်မတန်ကောင်းတဲ့ ကားပါ။
မောင်မောင်တာ။ ။ မှားတာကို ပြင်တဲ့ နည်း မှန်တဲ့ကား
အသက်ပေးသွားတာကိုး သူက။
ကြည်စိုးထွန်း။ ။ ကောင်းပါတယ် အစ်ကို။ အဲဒီကား
ကတော့ ဘာပဲဖြစ်ဖြစ် အစ်ကို အကယ်ဒမီ ရသင့်တဲ့ ကားတစ်ကားလို့ ကျွန်တော်တို့ သတ်မှတ်ရမှာပေါ့။ အဲဒီကားပြီးတော့ အစ်ကို နောက်ဘာကားရိုက်ပါသေးလဲ။
မောင်မောင်တာ။ ။ အဲဒီကား ပြီး တော့ “ချစ်အာရုံ” ဆိုတဲ့
ကား။
(ဆက်လက်ဖော်ပြပါမည်)