ချင်းလူမျိုးများနှင့် ရှေးဟောင်းယဉ်ကျေးမှုရပ်ဝန်းဆက်နွှယ်မှု

 
 
မိုးခတ်(ဒေးဒရဲ)
 
သမိုင်းမတိုင်မီက ချင်းတွင်းမြစ်ဝှမ်းတွင် လူမျိုးတစ်အုပ်စု အရှေ့ဘက်စမုံမြစ်ဝှမ်းနှင့် အပေါ်တစ်လျှောက်တွင် တစ်အုပ်စုဟူ၍ အကြမ်းအားဖြင့် တွေ့ရှိပေသည်။ ထို အချက်နှင့်ဆက်စပ်၍ ကျောက်ခေတ်နှောင်းနှင့် ကြေးခေတ် ကတည်းက ရှေးမြန်မာအနွယ်ဝင် အစောပိုင်းချင်းတို့သည် အနောက်မြောက်လမ်းကြောင်းဖြင့် ဧရာဝတီမြစ်ဝှမ်း အတိုင်း စုန်ဆင်းလာကြဟန်ရှိပေသည်။ တကောင်းဒေသ သို့ အဘိရာဇာနှင့် နောက်လိုက်ဗိုလ်ပါများ ဝင်ရောက်လာ စဉ်က ဒေသခံလူများကိုစည်းရုံးလျက် မြို့ရွာများ တည်ထောင်ကြောင်းတွေ့ရသည်။ ထို့အပြင် တကောင်း မြို့ သည် သက်လူမျိုးတို့၏ အခြေပြုဒေသဟုလည်းကောင်း၊ ကတူး(ကဒူး) ကနန်းလူမျိုးများလည်း ပါဝင်ကြောင်း တွေ့ရသည်။
အဘိရာဇာမင်းကြီး၏ သားတော်ကံရာဇာကြီးသည် ဧရာဝတီကို စုန်ဆင်းလာရာ ပျူ၊ သက်၊ ကမ်းရံတို့က ဘုရင် တောင်းသည်ဟု ဆိုသည်။ ထိုအချိန်၌ အလယ်ပိုင်း တစ်လျှောက်တွင် တိုင်းရင်းသားများ ရှိနေနှင့်ကြောင်းလည်း ဆိုနိုင်ပါသည်။ ကံရာဇာမင်းကြီးနောက်ပိုင်း နှစ် ၅၀ အကြာတွင် အိန္ဒိယမှ မန္ဒသာမင်း၏သားတော် နာဂဒသာ သည် နောက်လိုက်ဗိုလ်ပါများဖြင့် ရာဇဂြိုဟ်တွင် နွယ်ပတ်မြို့ဟုခေါ်ကာ မင်းပြုသည်။ သားတော် ကစ္စနမင်း သည်လည်း ချင်းတွင်းမြစ်အရှေ့ဘက်တွင် မဟာဝုန် မြို့ကိုတည်စဉ် သက်၊ ကစက်၊ မလင် အင်ကြယ်၊ ကွမ်းရင် လူမျိုးများရှိကြောင်းလည်း ဆိုပြန်သည်။ ကံရာဇာကြီး၏ သားတော် မုဒုစိတ္တကား ဧရာဝတီမြစ်အနောက်ဘက် လယ်ကိုင်း၊ စကုစသော သုနာပရန္တတိုင်း၌ ပျူ၊ ကမ်းရံ၊ သက်တို့အပေါ် မင်းပြုသည်ဆိုသောကြောင့် ၎င်းတို့မှာ ရှေးဦး မွန်ဂိုလွိုက်- တိဘက် - မြန်မာ အရှေ့ဘက်လမ်း ကြောင်းမှ ဆင်းသက်လာသော အနွယ်ဖြစ်ပေသည်။
 
၎င်းအချိန်သည် ရှေးဟောင်းချင်း အနွယ်မှလွဲ၍ မည်သည့်တိဘက်-မြန်မာအစုဝင်များ၊ ရှမ်းအနွယ်များ မဝင် ရောက်ရသေးသောကြောင့် အထက်ဖော်ပြပါ ရှေးဟောင်း ပျူ၊ ကမ်းရံ၊ သက်ဟု ရာဇဝင်ဆရာတို့ဆိုသော လူတို့မှာ ရှေးဟောင်း ချင်းအနွယ် ရှေ့ဘက်လမ်းကြောင်းမှ တောင် ပိုင်း ချင်းအုပ်စုဝင် ဖြစ်ပေသည်။ ထိုအချိန်(အဘိရာဇာတကောင်းတည်ချိန်)တွင် မြန်မာနိုင်ငံ အထက်ပိုင်း အရှေ့တွင် ပျူလူမျိုး၊ အနောက်ဘက်နှင့် တောင်ဘက် တွင် ကမ်းရံလူမျိုး၊ မြောက်ဘက်တွင် သက်လူမျိုးများရှိ သည်ဟု ဆိုသည်။ ၎င်းအားဖြင့် စမုံမြစ်ဝှမ်းဒေသ၌ ရှေးခေတ်ဟောင်းလူများ နေထိုင်ကြကြောင်း တွေ့မြင် နေရပေသည်။
 
ထို့ကြောင့် အလယ်ပိုင်းကို ဖြတ်သန်း ဝင်ရောက်လာသော တောင်ပိုင်းအနွယ်စုကြီး၏ ဝင်ရောက် လာရာ လမ်းကြောင်းကို ခန့်မှန်းနိုင်ပေသည်။ မန္တလေးစမုံမြစ်ဝှမ်းတစ်လျှောက်ရှိ ကြေးခေတ်အတွင်းတွင် တောင်ဘက်အုပ်စုကြီး ဝင်ရောက်ရောနှောနေပေဦးမည်။ ၎င်းတို့ကို ပျူဟူ၍လည်းကောင်း၊ အရှေ့မြောက်မှ ထပ်မံ ဝင်ရောက်လာသော တိဘက်-မြန်မာရောနှောလာခြင်းကို လည်းကောင်း ပျူဟုခေါ်ပေသည်။ တောင်ဘက်အုပ်စုကြီး သည် နောက်ဝင်လာသောအနွယ်များကို နေရာပေးရင်း အဓိကအုပ်စုနှစ်စု ကွဲမည်ဟု ယူဆရသည်။ ချိုးအုပ်စုချင်းပုံ နှင့် အရှိုအုပ်စုတို့ဖြစ်နိုင်ပေသည်။ ၎င်းတို့၏ ဘာသာ စကားမှာ အလွန်ပင်နီးကပ်ယှဉ်တွဲလျက်ရှိသကဲ့သို့ နှုတ် ရာဇဝင်တွင် မိမိတို့မူလဒေသဆိုင်ရာ ပုပ္ပါး၊ ကျောက်ဆည် သို့ပင် ညွှန်ပြပေသည်။
 
အရှိုအုပ်စုမှာ စမုံမြစ်ဝှမ်းမှ စလင်း၊ မင်းဘူးဒေသသို့ ရောက်ရှိလာပေသည်။ ထို့ကြောင့် ခမာတို့ရန်ကြောင့် တချို့က ဧရာဝတီအနောက် စလင်း မုန်းမြစ်ရိုးတစ် လျှောက် လယ်ကိုင်း၊ စကုသို့လည်းကောင်း တချို့က အောက်ဘက်သရက်၊ မင်းတုန်းဒေသသို့ ခွဲဖြာသွားကြပေ သည်။ အချို့ကား အရှေ့ဘက်တစ်လျှောက်သို့ဖြစ်ပေသည်။ ရှေးဦးဗိဿနိုးတည်သူမှာ ၎င်းတို့ပင်ဖြစ်နိုင်ပြီး ဒုတိယ ဗိဿနိုးကို နှောင်းပိုင်းပျူတို့က တည်ထောင်သည် ဟုဖြစ်ပါ သည်။ တောင်ဘက်ဖျားရှိ အရှိုချင်းအနွယ်ဝင်များ၏ ရှေးဟောင်းသီချင်းတွင် ၎င်းတို့၏ ဘိုးဘေးတို့သည် ရှေးဟောင်းအုတ်မြို့ရိုးဖြင့် နေထိုင်ခဲ့ပြီး ယင်းမှ ရွှေ့ပြောင်း လာကြကြောင်း ဖော်ပြပါရှိပါသည်။ ၎င်းသီချင်းလာ မြို့ ဟောင်းနှင့် အုတ်မြို့ရိုးမှာ အစောဆုံးမြို့ဖြစ်သော ဗိဿနိုး ပင်ဖြစ်လေသည်။
 
ထိုသို့ဆိုသော် ဗိဿနိုးမြို့နှင့် သရေခေတ္တရာ မြို့ဟောင်းအနီးတွင် ချင်းများနေထိုင်ခဲ့ကြဖူးပေမည်။ ချင်းဆိုရာတွင် (ပျူ၊ သက်၊ကမ်းရံ) တဖြစ်လဲ ရှိနေခဲ့ကြပေ မည်။ ဗိဿနိုးရှိ ပန်ထွာဘုရင်မကိုယ်တိုင်မှာလည်း အိန္ဒိယ အနွယ်ဝင်နှင့် မွန်ဂိုလွိုက်အနွယ်တို့ သွေးနှောဟန်ရှိပေသည်။ ပုပ္ပားတွင် ရက္ခပူရဟူသော မြို့ဟောင်းရှိကြောင်းလည်း တွေ့ ရပေသည်။ ရှေးခေတ်ဟောင်း ချင်းရွာငါးရွာရှိခဲ့ခြင်း၊ မယ် ဝဏ္ဏဘီလူးမ နေထိုင်ရာဖြစ်ခြင်း၊ ပါးပုတ်ဟူသည်ချင်းနှင့် မြန်မာတို့အိုးကို အကြောင်းပြု၍ ပဋိပက္ခဖြစ်ရာမှ ပါးပုတ်၊ ပုပ္ပါးဟူသောစကားပေါ်လာခြင်း၊ အနော်ရထာ၏ ပတ္တမြား ငမောက်မှာ ချင်းငမောက်ထံမှရကြောင်းဆိုခြင်းတို့က ဗမာ လူမျိုးများပုပ္ပားသို့ မရောက်ခင် ချင်းလူမျိုးများရှိကြောင်း ထင်ရှားပါသည်။ ထို့ကြောင့် ချင်းတို့၏ ရှေးဟောင်းဌာနေ ဖြစ်ကြောင်း သိရပေသည်။ ၎င်းချင်းလူမျိုးတို့သည် နရပတိ စည်သူမင်း လက်ထက်တိုင်အောင် ရှိနေကြောင်း တွေ့ရ ပေသည်။
 
ဗိဿနိုးမြို့သည် တိဘက်မြန်မာအုပ်စုဝင် ကဒူးတို့ နေထိုင်ပြီး သရေခေတ္တရာတွင် ပျူပြီးနောက် ဗမာတို့နေထိုင် ကြောင်း ဆိုသည်။ ထိုသို့ဆိုသော် ကဒူးလူမျိုးများ၏ ပြန့်ကျဲ နေထိုင်ပုံကို ကြည့်ပါက သမိုင်းမတိုင်မီခေတ်မှ ယနေ့တိုင် အောင် ကဒူးလူမျိုးတို့သည် ဧရာဝတီမြစ်ဆုံအောက်ပိုင်းသို့ ရောက်ရှိခြင်းမရှိကြောင်း တွေ့ရပေသည်။ တောင်တွင်းကြီး ဒေသ ချင်းတွင်းမြစ် အနောက်ဘက်ရှိ ချင်းနယ်များကို သိမ်းယူ ခြင်းသည်လည်းကောင်း၊ ရှေးဦးမြန်မာများနှင့် အလယ်ပိုင်း ရှိ ပဲခူးရိုးမ အရှေ့အနောက်တစ်လျှောက် ပြည်မြို့ ပတ်ဝန်းကျင်တွင် ရှေးကတည်းက ရှိနေသောလူမျိုးနွယ်စု များမှာ အရှိုများပင်ဖြစ်ဟန်တူသည်။ နောက်ပိုင်း မွန် အနွယ်များ အားကောင်းလာသောအခါ ဧရာဝတီမြစ် အနောက်ပိုင်း ဒေသများသို့လည်းကောင်း၊ ရခိုင်ရိုးမဒေသများသို့ လည်းကောင်း ပြောင်းရွှေ့ကြဟန်တူပေသည်။
 
သရေခေတ္တရာ ပျက်ရခြင်းအကြောင်းတွင် သရေ ခေတ္တရာကိုတိုက်သော သူများမှာလည်း မြစ်ကြော၊ ချောင်း ရိုးနေ အရှိုလူမျိုးအနွယ်ပင်ဖြစ်ပြီး ကမ်းရံလူမျိုးများမှာလည်း ကျောက်စာဝန်ဦးဖိုးလအဆိုအရ သံတွဲဘက်မှ အရှိုချင်းများ ဖြစ်နိုင်ပေသည်။ ကွဲသွားသောပျူများအနက် တစ်စုမှာ ကျပင်း သူယူသည်ဆိုသည်မှာ မင်းဘူးစလင်းနယ်ဘက် တက်လာ ရာမှရှိနှင့်သော ယော၊ ချင်းပုံအနွယ်များဖြစ်ပြီး တစ်စုကို သက်ယူရာ ၎င်းဘက်မှာလည်း အရှိုချင်းများပင်ဖြစ်နိုင်ပြန် ပါသည်။ ကျန်သောတစ်စုမှာ အဆင့်ဆင့်ပြောင်းလျက် သရက်၊ မင်းတုန်းတွင်နေထိုင်ကာ ရခိုင်ဘုရင်မင်းထီး တိုက် လာသော အရှေ့သက်ခေါ်အရှိုချင်းများပင် ဖြစ်ပြန်ပါသည်။ ၎င်းတို့မှာသိမ်းယူခြင်းခံရ၍ အမ်းဘက်သို့ပြောင်းကာ အရှို အနွယ်များ ဖြစ်ကြပေလိမ့်မည်။ နန်စောမင်းက သရေခေတ္တ ရာကိုတိုက်၍ ပျူလူမျိုး ၃၀၀၀ကိုဖမ်းခေါ်ကာ ယူနန်ပြည် နယ်တွင် အရှိုချင်းများနှင့် စကားတူသောသူများကိုတွေ့ရသောကြောင့် ပျူဆိုသူများမှာ အရှိုချင်းများကိုပင် တစ်ဖန်ဆို ကြောင်း ပျူ၊စကြော၊ ကျပင်း၊ သက်နှင့်ကမ်းရံအဖြစ် အပြန် ပြန်အလှန်လှန်ဆိုထားပါသည်။ တောင်ပိုင်းချင်းဘာသာ စကား(အရှိုချင်း)သည် တောင်ပိုင်းအိန္ဒိယစကားပါဝင်မှု များကြောင်းလည်း တွေ့ရပြန်ပါသည်။ အကြောင်းမှာ တွက်ဆရသောကြောင့်ပင် ဖြစ်ပါသည်။
 
အိန္ဒိယအမည်ခံမင်းများအုပ်စိုးပြီး နောက်ပိုင်းတွင် မွန်ဂိုလွိုက်တိုင်းရင်းသားအမည်များ ပိုမိုများပြားလာသည်။ ၎င်းခေတ်များကို တိုင်းရင်းသားအမည်ခံမင်းဆက်များ လွှမ်းမိုးသောခေတ်ဟု ဆိုနိုင်ပါသည်။ အမည်ရောနှောနေပါ က အင်အားမတောင့်သေးသော အချိန်ပင်ဖြစ်ပြီး ဆက်တိုက် ပါဝင်လာပါက တိုင်းရင်းသားများ အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းလာပြီးဖြစ်ကြောင်း တွေ့နိုင်ပေသည်။ အာရိယာန် များမရောက်ရှိမီ တိုင်းရင်းသားများမှာ ဒေသလိုက်၍သော် လည်းကောင်း အုပ်စိုးသူများကိုစွဲ၍သော်လည်းကောင်း သက်ပျူ၊ ကမ်းရံ၊ ရခိုင်၊ ကတူး(ကဒူး)၊ ချင်း၊ စကြော စသည်တို့ဖြင့် ခေါ်ဝေါ်ပေသည်။ ၎င်းတို့ကိုခြုံကာ ပျူအကြိုလူသားများ (proto-pyu)ဟုလည်း ခေါ်ဆိုနိုင်ပါသည်။ ၎င်းလူသားများမှ တစ်ဆင့် နောက်ပိုင်းအာရိယာန်လူမျိုးများ အားနည်းလာ သောအခါ မြန်မာနိုင်ငံရှိလက်ရှိတိုင်းရင်းသားများ ပေါက်ဖွား လာကြောင်း ယုံကြည်ရသည်။
အင်္ဂလန်နိုင်ငံလန်ဒန်တက္ကသိုလ်မှ အီးအိပ်ချ်မူးရ် ကလည်း ကျောက်ချောခေတ်ယဉ်ကျေးမှုကို ကျင့်သုံးလျက် ရှိသော ရှေးဦး တိဘက်-မြန်မာအုပ်စုဝင်များ ရောနှောလျက် မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာကာ ရခိုင်ကမ်းရိုးတန်း အထိပင် သွယ်တန်းသွားကြောင်း ဆိုပေသည်။ အဆိုပါ ကျောက်ချောခေတ်ယဉ်ကျေးမှုတွင် ပျူ၊ သက်၊ ကတူး(ကဒူး)၊ ချင်းများ ရောနှောလျက်ပါဝင်နေကြောင်း၊ နှုတ်ရာဇဝင်များ လည်း ရောနှော၍နေကြောင်း ဆိုပါသည်။ အလယ်ပိုင်း လွင်ပြင်များတွင် ရောနှောရာမှ သက်၊ ချင်းတို့က ချင်းတွင်း မြစ်ဝှမ်း၊ ပျူက ဧရာဝတီမြစ်ဝှမ်းသို့ခွဲဖြာကြောင်း ဆိုပေ သည်။ ထိုသို့ဆိုလျှင် ရှေးကျောက်ချောခေတ်တွင် ပျူ၊ သက်၊ ကမ်းရံ၊ ချင်းဟူ၍ ခွဲခြားမရကောင်းပေ။ နောက်ပိုင်းမှ အိန္ဒိယအငွေ့အသက်များစွာ လွှမ်းမိုးမှုကို ခံရသောသူများကို ပျူဟူ၍လည်းကောင်း၊ မခံရသော အုပ်စုများတွင် ပါဝင်သောအုပ်စုများမှာ မြောက်ဘက်ရှိ ချင်းများ၊ အနည်းငယ်ခံရသော တောင်ဘက်မှ ချင်းအစု ဝင်များ ဖြစ်လာပေသည်။
 
ချင်းလူမျိုးများသည် ကျောက်ခေတ်ယဉ်ကျေးမှုကို ဆက်လက်ထိန်းသိမ်းလာပြီး ကြေးခေတ်၊ သံခေတ်သို့ ဝင်ရောက်ရှိကာ အချိန်ကာလကြာမြင့်စွာပင် သံခေတ် အတွင်းရှိနေကြောင်း၊ သံခေတ်အတွင်းမှာပင်လျှင် ရွှေ့ ပြောင်းမှုစတင်ကြောင်း ယူဆရပေသည်။ ခေတ်သစ် ကမ္ဘာမှ ချင်းလူမျိုးများကို စတင်ထိတွေ့ချိန်မှာ သံခေတ်မှ မြေရှင်ပဒေသရာဇ်ခေတ်သို့ ကူးပြောင်းရှိချိန်ဖြစ်ပေသည်။ ပုဂံခေတ်မတိုင်မီဟု ဆိုရာတွင် အထူးသဖြင့် ဗမာလူမျိုးတူ စုများလွှမ်းမိုးခြင်းမခံရခင်က ခေတ်ကိုဆိုလိုခြင်းပင်ဖြစ် သည်။ ထို့ကြောင့် အေဒီ ၈-၉ ရာစု မတိုင်မီက လူမျိုးများ ကို ဆိုလိုပါသည်။ ကျောက်ချောခေတ်မှစတင်၍ ဝင်ရောက် လာသော တိဘက်မြန်မာအုပ်စု အဦးပိုင်းသည် အလယ် ပိုင်းသို့ရောနှောဝင်ရောက်လာပေသည်။ သီးသန့်လူမျိုးစု ဟူ၍ မှတ်တမ်းတင်ခြင်းမရှိသောကြောင့် တိဘက်-မြန်မာ အစောပိုင်းအုပ်စုဟု ဆိုရပေမည်။ ၎င်းတို့တွင် ချင်း၊ သက်၊ ပျူ၊ ကမ်းရံ၊ ကျပင်း၊ ယောင်၊ စကြော၊ ကတူး(ကဒူး)၊ သောင်၊ ကစက်၊ ကွမ်းရီအစရှိသဖြင့် ခေါ်ဝေါ်ခဲ့ကြပေသည်။ အချို့ က နယ်မြေဒေသကိုလိုက်၍ အခေါ်ခံရသောသူများ၊ အချို့ ကယဉ်ကျေးမှုကိုလိုက်၍ အခေါ်ခံရသောလူမျိုးများအဖြစ် အမည်တွင်လေသည်။ အာရိယာန်နွယ်ဖွားများလွှမ်းမိုးလာသောအခါ အိန္ဒိယမြောက်ပိုင်းယဉ်ကျေးမှုလွှမ်းမိုးခံရသောသူများကို သက်ဟုလည်းကောင်း၊ တောင်ပိုင်း ယဉ်ကျေးမှု လွှမ်းမိုးခံရသောသူများကို ပျူဟူ၍ လည်း ကောင်း အကြမ်းအားဖြင့် သတ်မှတ်နိုင်သည်။ တောင်ပိုင်း အိန္ဒိယယဉ်ကျေးမှုကို ကျင့်သုံးသူများက ပိုမိုတိုးတက် ကြောင်းယူဆရသည်။ ၎င်းယဉ်ကျေးမှုအောက်တွင် အနည်းငယ်သာ လွှမ်းမိုးမှုခံရသော သူများသည် လည်းကောင်း မခံနိုင်သောသူများသည်လည်းကောင်း အနောက်ဘက်တောင်တန်းဒေသများသို့ ကူးပြောင်း ရွှေ့ပြောင်းကြပေသည်။ ၎င်းတို့နောက်တွင် မြောက်ပိုင်း ယဉ်ကျေးမှု လွှမ်းမိုးသောသူများလည်း အနောက်ဘက်သို့ ရွှေ့ပြောင်းကြောင်းတွေ့နိုင်ပါသည်။ အလယ်ပိုင်းတွင် ကျန်ရစ်သော ပျူများမှာ နောက်ရောက်လာသောသူများနှင့် ရောနှောကာ ပိုမိုဖွံ့ဖြိုးတိုးတက်ကြောင်းယူဆရပါသည်။ ထိုအချိန်တွင် ရောက်နှင့်နေသော ကရင်အစုဝင်များကို လွှမ်းမိုးလာသော မွန်-ခမာအနွယ်ဝင်များက စစ်တောင်း မြစ်အတိုင်း အထက်သို့ ဩဇာအာဏာချဲ့ထွင်လာရာ ဗိဿနိုး စမုံမြစ်ဝှမ်းဒေသသို့တိုင်အောင် ရောက်ရှိလာသည်။
 
မြန်မာအစုဝင်များသည် ပုပ္ပားဒေသတွင် ချင်းတို့နှင့် စတင်တွေ့ရှိပုံ၊ သက်စိုးတောင်တွင် သက်တို့နှင့်တွေ့ရပုံ၊ အထက်တကောင်းပြည်ကို သက်တို့ထံမှ သိမ်းယူရပုံ၊ အထက်တကောင်းပြည်ကို သက်တို့ထံမှ ဝယ်ယူမှုများ သည်လည်းကောင်း၊ ချင်းတွင်းအနောက်ဘက်ရှိ ချင်းနယ် များကို သိမ်းယူခြင်းသည်လည်းကောင်း ရှေးဦးမြန်မာ များနှင့် အလယ်ပိုင်းရှိ အစဦးချင်းအနွယ်ဝင်ဒေသခံများ၏ အားပြိုင်မှုကို ဖော်ပြနေသည်။
 
ကိုးကား - အရှိုအလင်းစာစောင်မှ ဆမိုဟာကြူလီ၏
 
ဆောင်းပါး။ ကံးရံ၏ ချင်းလူမျိုးများသမိုင်း။