" ကျပ်သိန်းသုံးထောင်ရလိုမှုဖြင့် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်အား အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ဦးစိုးထွန်းရှိန် တရားစွဲ " ဆိုသည့် (၂၆-၅-၂၀၁၅) ရက်စွဲဖြင့် ထုတ်ဝေသည့် Tomorrow News ဂျာနယ်ပါကိစ္စရပ်အတွက် ပြည်ထောင်စုဝန်ကြီး ဦးအု

 

 

၁။    အဆိုပါ ဖြစ်စဉ်ဖြစ်ရပ်များမှာ ၂ဝဝ၆ ခုနှစ်က ယခင် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနကြီးကြပ်မှုဖြင့် အာရှကြီးပွားတိုး တက်ရေးထုတ်ကုန်သွင်းကုန် ကုမ္ပဏီလီမိတက် (ယခုအမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ)မှ တည်ဆောက်ခဲ့သော တန် ၁ဝဝ ဆံ့ အအေးခန်းနှင့်  တစ်နေ့ ၁ဝ တန်ကျ  ရေခဲစက်လုပ်ငန်းအား ဝန်ကြီးဌာနဝန်ထမ်းပေါင်းစုံသမဝါယမအသင်းစုလီမိတက်နှင့် အမျိုး သားကြီးပွားတိုးတက်ရေးကုမ္ပဏီတို့ လွှဲပြောင်းလက်ခံပြုလုပ်ရာတွင် လွှဲပြောင်းပေးသည့် ကုမ္ပဏီဘက်မှ ရရန်ကျပ် ၂၂၉၇ သိန်းနှင့် နစ်နာကြေး ၇ဝ၃ သိန်း၊ စုစုပေါင်း ငွေကျပ်သိန်းသုံးထောင်ရလိုမှုနှင့် လွှဲပြောင်းလက်ခံရယူမည့် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေး လက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ဝန်ထမ်းပေါင်းစုံသမဝါယမအသင်းစုလီမိတက်မှ ရရန်ကျပ်သိန်း ၁၅ဝဝ ခုနှိမ်ပေးချေမှုအပေါ် မှားယွင်းစွာ တရားစွဲဆိုခဲ့ခြင်းဖြစ်ပါသည်။

 

၂။    သို့ဖြစ်ပါ၍ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ကို မှားယွင်းစွာ တရားစွဲဆိုခဲ့ခြင်းအား ပြန်လည်ရုပ်သိမ်းသွားမည်ဖြစ်ပါကြောင်းနှင့် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်အား အနူးအညွတ်တောင်းပန်ပါကြောင်း အများပြည်သူသိရှိစေရန် ရှင်းလင်းကြေညာအပ်ပါသည်။

 

ဦးစိုးထွန်းရှိန်
ဥက္ကဋ္ဌ
အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ