Skip to main content

စောစောပြော၊ စောစောသိ အားလုံးအကျိုးရှိဖို့ ဝိုင်းဝန်းကူညီကြပါစို့

လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ COVID-19 ဖြစ်ပွားမှုအခြေအနေဟာ တစ်ကမ္ဘာလုံးက နိုင်ငံအသီးသီး ကူးစက်ပြန့်ပွားလျက်ရှိရာ ကျွန်တော်တို့ နိုင်ငံကိုလည်း ဒီရောဂါကူးစက် ရောက်ရှိလာခဲ့ပါပြီ။ COVID-19 ရောဂါ ယခုထက်ပိုပြီး မကူးစက်မပြန့်ပွား အောင် ကာကွယ်ထိန်းချုပ်ဖို့ လိုအပ်လာတာအမှန်ပါပဲ။ ထိန်းချုပ်ဖို့ဆိုရင် ကျွန်တော်တို့တစ်တွေအားလုံး မြို့ပေါ်ရော ကျေးရွာနေ ပြည်သူတွေပါ တစ်ဦးတစ်ယောက် မျှ မကျန်ဘဲ ညီညီညွတ်ညွတ်နဲ့ စုစည်းပူးပေါင်းပါဝင် လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ အားလုံးပါဝင် ဆောင်ရွက်ပြီး စနစ်တကျ တုံ့ပြန်တဲ့နည်းလမ်းဟာ အထိရောက်ဆုံး၊ အကောင်းမွန်ဆုံး ဖြစ်ပါလိမ့်မယ်။
Subscribe to