Skip to main content

လူမှုစီးပွားဘဝ သာယာဝပြောရေးအတွက် မြန်မာ့တက္ကသိုလ်များ

(ယမန်နေ့မှ အဆက်) အစိုးရနဲ့ ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်တဲ့ ပညာရေးအဆင့်မြင့်ဖို့နိုင်ငံက ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ အားထားရပါမယ်။ လူ့စွမ်းအားအရင်းအမြစ် မွေးထုတ်ခြင်းရဲ့ အမြင့်ဆုံးအမှတ်ကိုရောက်ဖို့ဆိုရင် နိုင်ငံသားတိုင်းကိုအဖိုးတန်တဲ့ အရင်းအနှီးအဖြစ် မှတ်ယူပြီး ပညာရေးက လုပ်ပေးနိုင်မှုအပေါ်မှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ပိုမိုရှိလာနိုင်ပါတယ်။ ဘဝသစ်ဖန်တီးနိုင်ဖို့ လူ့အဖွဲ့အစည်း အတွင်းမှာ မရှိသေးတဲ့ နည်းပညာတွေနဲ့ ကျွမ်းကျင်မှုအဖုံဖုံကိုတက္ကသိုလ်တွေကဆောင်ကြဉ်းပေးရ ပါလိမ့်မယ်။ ဒါကြောင့် တက္ကသိုလ်များရဲ့ အခန်း ကဏ္ဍဟာ အမှန်တကယ်ပဲ ကျယ်ဝန်းနက်ရှိုင်း လာပါတယ်။
Subscribe to