Skip to main content

အသွင်သဏ္ဌာန်နှင့် အနှစ်သာရစွမ်းရည်မြင့်မားလာသော မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သောကြောင့် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရန် နိုင်ငံ့ခေါင်းဆောင်များ သည် ခေတ်အဆက်ဆက် အဘက်ဘက်မှ ကြိုးပမ်းခဲ့ကြသည်။ ထိုသို့ကြိုးပမ်းမှုနှင့်အတူ မြန်မာနိုင်ငံသည် တစ်ဆင့်ချင်း ပြောင်းလဲတိုးတက်ခဲ့သည်။ ခေတ်မီတိုးတက်မှုနှင့်အညီ မြို့ပြနှင့် စက်မှုကဏ္ဍဖွံ့ဖြိုးမှုတွင် ခေတ်မီအဆောက် အအုံများနှင့်စက်ရုံများ၏ မီးဘေးအန္တရာယ် ကာကွယ်ရေးသည် အထူးအရေးပါလာ လျက်ရှိသည်။ မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်တို့တွင် နိုင်ငံနှင့် ပြည်သူတို့ အတွက်ဦးစွာ ရှေ့တန်းမှကာကွယ်ပေးသူတို့မှာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များဖြစ်သည်။
Subscribe to