Skip to main content

Sep 09, 2023

EV ဘက်ထရီ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုဆိုင်ရာ ဆပ်ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/ ၂၀၂၃) ကို ယနေ့တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 09, 2023

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းတွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် မြန်မာ့လက်ရွေးစင်နှင့် လူငယ်လက်ရွေးစင်အားကစားအဖွဲ့များကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားရုံ (B)၌ တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Sep 09, 2023

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် ရေဆင်းဘွဲ့နှင်း သဘင်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 09, 2023

တရုတ်နိုင်ငံ ပေကျင်းမြို့၌ စက်တင်ဘာ ၅ ရက်မှ ၆ ရက်အထိ ကျင်းပခဲ့သည့် မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဆိုင်ရာ မဲခေါင်နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည့် နှစ် (၃၀) ပြည့် အခမ်းအနား နှင့် (၁၄) ကြိမ်မြောက် မူးယစ်ဆေးဝါးထိန်းချုပ်ရေး ဆိုင်ရာ မဲခေါင်နားလည်မှုစာချွန်လွှာ ဝန်ကြီးအဆင့် အစည်းအဝေးနှင့် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်ဦးဆောင်သော ကိုယ်စားလှယ်လေးဦး တက်ရောက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 09, 2023

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်သည် ယနေ့နံနက်ပိုင်းတွင် ဒဂုံမြို့သစ်မြောက်ပိုင်းရှိ ဗဟိုလေ့ကျင့်ရေးကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 09, 2023

ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲအုပ်လောင်း သင်တန်းအမှတ်စဉ် (၁၁၃/၂၀၂၂) ရဲဗလတပ်ခွဲ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၇ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီးပြင်ဦးလွင် မြို့နယ်ရဲအရာရှိလေ့ကျင့်ရေးကျောင်း စစ်ရေးပြကွင်း၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 09, 2023

အနာဂတ်မြန်မာနိုင်ငံတော်တွင် အားကိုးအားထားပြုထိုက်သည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာရေးကို ရည်ရွယ်၍ Naypyitaw State Academy ၏ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်သီတင်းပတ် (Youth Week) အစီအစဉ်အနေဖြင့် လူငယ်များ မိတ္တဗလနှင့် ကာယဗလပြည့်စုံစေရေးအတွက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် နှုတ်ဆက်ပွဲ (Farewell) နှင့် Physical Fitness Dance သင်တန်းဆင်းပွဲကို ယနေ့မွန်းလွဲ ၁ နာရီခွဲ တွင် Naypyitaw State Academy ဘက်စုံ ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 09, 2023

ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး H.E. Dr. Md Monwar Hossain အား ယမန်နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ရုံးအမှတ် (၄၁) ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန (၂) ၌ လက်ခံတွေ့ဆုံခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 09, 2023

ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနက ကျင်းပသည့် လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ပျဉ်းမနားမြို့နယ်ရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 09, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ပိုးရယ်အောင်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များ၊ မြို့မိမြို့ဖများ၊ ပြည်သူများ တွေ့ဆုံပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက လွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 09, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းသမ္မတ အကြံပေးဖြစ်သူ ဖိုရမ်ကျင်းပရေးကော်မတီ အမှုဆောင်အတွင်းရေးမှူး မစ္စတာအန်တွန်ကိုဘရာကော့၏ ဖိတ်ကြားမှုအရ စက်တင်ဘာ ၁၀ ရက်မှ ၁၃ ရက်အထိ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့ခ်မြို့၌ ကျင်းပမည့် အဋ္ဌမအကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ တက်ရောက်ရန် ရန်ကုန်မြို့မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 09, 2023

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ဗဟန်းမြို့နယ် ဝင်္ကဘာလမ်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲနှင့် ပန်းဆိုးတန်းလမ်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ထုတ်လုပ်ရေးဌာနခွဲနှင့် သုတေသနနှင့်သတင်းအချက်အလက်ဌာနခွဲ ရုံးအဆောက်အအုံ ပြင်ဆင်မွမ်းမံထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 09, 2023

လူမှုကွန်ရက်ဆိုသည်မှာ လူအချင်းချင်း ဆက်သွယ်အသုံးပြုကြသည့် မျက်နှာစာများဖြစ်သည်။ လူသားများအကျိုးအတွက် နည်းပညာရှင်များက စတင်တီထွင် ဖန်တီးခဲ့ကြသော်လည်း နောက်ပိုင်းတွင် လူတို့၏သဘာဝအရ ကောင်းကျိုးနှင့် ဆိုးကျိုးများ အတူယှဉ်တွဲဖြစ်ပေါ်လာသည်။ လက်ရှိတွင် အဓိကကျသည့် လူမှု ကွန်ရက်တစ်ခုဖြစ်သည့် ဖေ့စ်ဘွတ်အသုံးပြုသူ သန်းတစ်ထောင်ကျော်ရှိသည်။ အင်စတာဂရမ်နှင့်တွစ်တာအသုံးပြုသူ သန်းရာနှင့်ချီရှိသည်။ အခြားလူမှုကွန်ရက် အသုံးပြုသူ သန်းပေါင်းများစွာရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 08, 2023

ပြည်တွင်းဆန်စျေးကွက်တွင် ဆန်စျေးနှုန်းများ မကြုံစဖူး မြင့်တက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် စပါးစိုက်ပျိုးသည့်ပုံစံအရ ဆန်သစ်မပေါ်မီကြားကာလတွင် ဆန်စျေးနှုန်းတက်လေ့ရှိသည်မှာ သဘာဝပင်ဖြစ်သော်လည်း လက်ရှိဖြစ်ပေါ်နေသည့် ဆန်စျေးနှုန်းက ဖြစ်သင့်ဖြစ်ထိုက်သည်ထက် ပိုမိုမြင့်မားနေခြင်းကြောင့် သဘာဝမကျဟု ဆိုရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 08, 2023

တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀) ၌ ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှု အတွဲ (၃၀၀) ပြည့်အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ တပ်မတော်ဆေးတက္ကသိုလ်၌ ကျင်းပပြုလုပ်သည်။ အဆိုပါ အခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ကိုကိုလွင်၊ အငြိမ်းစားဆေးဝန်ထမ်းညွှန်ကြားရေးမှူးများ၊ တပ်မတော်ဆေးရုံ/ ဆေးတပ်များမှ တပ်မှူးများ၊ အငြိမ်းစားတပ်မှူးများ၊ အငြိမ်းစားပါမောက္ခ ဆရာကြီး/ဆရာမကြီးများ၊ တပ်မတော်ဆေးတက္ကသိုလ်မှ ပါမောက္ခ/ဌာနမှူးများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 08, 2023

ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) တိုက်ခတ်မှုကြောင့် မုန်တိုင်းဒဏ်သင့် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ စားသောက်ရေးအဆင်ပြေစေရန်နှင့် မိမိတို့အလိုရှိရာ စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများနှင့် တာဝန်ရှိသူများက နေ့စဉ်ရောင်းချပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 08, 2023

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 08, 2023

ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ လုပ်ငန်းအသိအမှတ်ပြုလက်မှတ် လျှောက်ထားလာသူများကို စိစစ်ခွင့်ပြုပေးလျက်ရှိပါသည်။ ထုတ်ဝေခြင်းလုပ်ငန်း အသိအမှတ်ပြုလက်မှတ်ရယူထားသူ ဦးဖြိုးသီဟ (ပီတိအိမ်စာပေ) ၏ Facebook Page တွင် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူ အေးချမ်းသာယာရေးတို့ကိုသော်လည်းကောင်း၊ နိုင်ငံသားတိုင်းတန်းတူမှု၊ လွတ်လပ်မှု၊ တရားမျှတမှု၊ အခွင့်အရေးတို့ကိုသော်လည်းကောင်း ထိခိုက်စေသည့် အကြောင်းအရာများကို ရေးသားထုတ်လွှင့်ဖော်ပြခဲ့သည့်အတွက် ၎င်းအားထုတ်ပေးထားသည့် ထုတ်ဝေခြင်းလုပ်ငန်း အသိအမှတ်ပြုလက်မှတ်ကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့မှစ၍ ရုပ်သိမ်းလိုက်ကြောင်းနှင့် ၎င်းစာပေအနေဖြင့် မီဒီယာအမျိုးအစားတစ်ခုခုကို အသုံးပြု၍ဖြစ်စေ၊ နည်းပညာတစ်ရပ်ရပ်ကို အသုံးပြု၍ဖြစ်စေ ရေးသားထုတ်ဝေဆောင်ရွက်ခြင်းမပြုရန် အသိပေးကြေညာအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 08, 2023

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ (၇-၉-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၈-၉-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၃,၃၇၆) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၃) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်း မှာ (၀.၀၉) ရာခိုင်နှုန်း ဖြစ်ပါသည်။ ယနေ့တွင် COVID-19 ရောဂါဖြင့် သေဆုံးသူ မရှိပါ။

ဆက်လက်ဖတ်ရှုရန်