Aug 11, 2023
ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ စာအုပ်စာစောင်များ ပေးအပ်ရန် အသိပေးကြေညာချက်
Aug 11, 2023
ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များ က IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခု ထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထား သည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစား တစ်ခုပင်ဖြစ်ပါသည်။
Aug 11, 2023
မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြသည့် ရဟန်းရှင်လူ ပြည်သူများဖြင့် စည်ကားနေမှုမြင်ကွင်း
Aug 11, 2023
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဩဂုတ် ၁၀ ရက်က အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြော်ကြည်ညိုကြသည့် ရဟန်းရှင်လူ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားလျက် ရှိသည့် မြင်ကွင်းများကို ဖော်ပြလိုက်ပါသည်။
Aug 11, 2023
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Aug 11, 2023
၁။ မြန်မာနိုင်ငံတွင် ၁၄-၅-၂၀၂၃ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်းမိုခါကြောင့် ဘေးသင့်ပြည်သူများအတွက် ပါဝင်လှူဒါန်းလိုသော စေတနာရှင်ပြည်သူများအနေဖြင့် မြန်မာကျပ်ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်း အမှတ် 1DA- 0300086 သို့ ထည့်ဝင်လှူဒါန်းနိုင်ကြောင်း ကြေညာခဲ့ပါသည်။
Aug 11, 2023
ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် သပြေတန်းကျေးရွာရှိ တောင်သူဒေါ်ယုယုလွင်၏ လယ်၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တောင်သူများ တက်ရောက်ကြ သည်။
Aug 11, 2023
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် တာဝန်ရှိ သူများနှင့်အတူ ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကမ္ဘာအေး ကုန်းမြေ မဟာနာယကကျောင်း တော်ကြီးဘုရားခန်းမ၌ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသအမှူးပြုသော နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ တာဝန်ကျဒုတိယအဖွဲ့ခွဲ ဆရာတော်ကြီးများကို ဖူးမြော်ကြည်ညိုပြီး သာသနာရေးဆိုင်ရာများ လျှောက် ထားသည်။
Aug 11, 2023
ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်ထားသော ကမ္ဘာပေါ်ရှိထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဩဂုတ် ၈ ရက်မှ ၁၆ ရက် အထိ အခမဲ့ဖူးမြော်ခွင့်ပြုခဲ့ရာ တတိယနေ့ဖြစ်သော ဩဂုတ် ၁၀ ရက်တွင် အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူ ဘုရားဖူးပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။
Aug 11, 2023
ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဩဂုတ် ၈ ရက်မှ ၁၆ ရက်အထိ နံနက် ၆ နာရီမှ ည ၈ နာရီအတွင်း အခမဲ့လာရောက်ဖူးမြော်ကြည်ညိုနိုင်ရန် ဖွင့်လှစ်ထားရာ တတိယနေ့ဖြစ် သည့် ဩဂုတ် ၁၀ ရက်(ယနေ့) တွင်လည်း နံနက် ၆ နာရီမှစတင်၍ အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူ ဘုရားဖူးပြည်သူအများအပြား အထူးစည်ကားစွာ လာရောက်ဖူးမြော်ကြည်ညိုကြသည်ကို ကြည်နူးစွာ တွေ့မြင်ရသည်။
Aug 11, 2023
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက လှိုင်းဘွဲမြို့နှင့် ဘားအံမြို့ပေါ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းများသို့ သွားရောက်၍ ရေဘေးသင့်ပြည်သူများကို တွေ့ဆုံအားပေးစကားပြောကြားပြီး ဆန်ရိက္ခာဖိုးငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်သည်။
Aug 11, 2023
ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ အစည်း အဝေးကို ဩဂုတ် ၁၀ ရက် မွန်းလွဲ ၃ နာရီတွင် မြန်မာ နိုင်ငံတော်ဗဟိုဘဏ် (နေပြည်တော်) ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့မှ အဖွဲ့ဝင်များဖြစ်သောဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Aug 11, 2023
ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်စာအုပ်အသင်းက စာပေဗိမာန်စာမူဆု ဝတ္ထုရှည်၊ ပထမဆုရ “ကိုထွန်း(ကျယ်ဂေါင်)” ရေးသားသည့် “ကြိုလင့်နေပါမြသီတာ” စာအုပ်ကို ၂၀၂၃ ခုနှစ် ဩဂုတ်လ အသင်းပေးစာအုပ်အဖြစ် စာအုပ်အသင်းဝင်များထံသို့ ဖြန့်ချိလျက်ရှိသည်။ ရန်ကုန်မြို့ရှိ စာအုပ်အသင်းဝင်များသည် အမှတ်(၅၂၉/၅၃၁) ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်အသင်းတွင် လာရောက်ထုတ်ယူနိုင်ပြီး ကျန်အသင်းဝင်များသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ရုံးများမှတစ်ဆင့်လည်းကောင်း၊ စာတိုက်မှတစ်ဆင့်လည်းကောင်း ပေးပို့လျက်ရှိသည်။
Aug 11, 2023
သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၌ ဒစ်ဂျစ်တယ် နည်းလမ်းဖြင့် ဈေးကွက်ဖော်ဆောင်ရေး လုပ်ငန်းများကို တတ်သိနားလည်ပြီး အသုံးချနိုင်စေရန်၊ ပြိုင်ဘက်လုပ်ငန်းများထက် သာလွန်သော ဈေးကွက်ဖော်ဆောင်ရေးဆိုင်ရာ သဘောတရားများ၊ နည်းလမ်းများနှင့် ဆန်းသစ်တီထွင်မှုများကို သိရှိစေရန်၊ လက်တွေ့ဈေးကွက် ဖော်ဆောင်ရာ၌ ကြုံတွေ့ရမည့် ပြဿနာများကို ဖြေရှင်းရာတွင် နည်းစနစ်ကျစွာ တွေးခေါ်တီထွင် ဆန်းသစ်နိုင်စေရေးအတွက် အထောက်အကူပြုနိုင်စေရန်နှင့် နိုင်ငံတကာအဆင့် ဈေးကွက် ဖော်ဆောင်ရေးဆိုင်ရာ နည်းပညာများကို ကျွမ်းကျင်စွာအသုံးပြု နိုင်သည့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနိုင်စေရန် ရည်ရွယ်၍ Certificate in Digital Marketing and Innovation-CDMI (Batch-I) Free Online Certificate Course ကို ၂၀၂၃ ခုနှစ် ဩဂုတ်လ၊ အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် အပတ်စဉ်စနေနေ့နှင့် တနင်္ဂနွေနေ့များ၌ နံနက် ၉ နာရီမှ ၁၂ နာရီအထိ ဖွင့်လှစ်သင်ကြားပို့ချသွားမည် ဖြစ်သည်။
Aug 11, 2023
ပညာရည်မြင့်မားတိုးတက်မှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကိုများစွာ အထောက်အကူပြုသည်။ ပညာဖြင့် နိုင်ငံကိုတည်ဆောက်၊ ပညာဖြင့်ပင်အရာရာကို ပြုပြင်ဖန်တီးဆောင်ရွက်နိုင်သည်။ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်တာဝန်ကို စတင်ထမ်းဆောင်ချိန်မှစ၍ ပညာရည်မြင့်မားရေးဆိုင်ရာကိစ္စများကို အားပေးမြှင့်တင်ဆောင်ရွက်ခဲ့သည်။
Aug 11, 2023
ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်း၊ သဘာဝပတ်ဝန်းကျင်များ ပျက်စီးယိုယွင်းခြင်းနှင့် မြေမျက်နှာသွင်ပြင်အနေအထားတို့အရ မိမိတို့နိုင်ငံသည် သဘာဝဘေးအန္တရာယ်ခံရနိုင်ခြေ မြင့်မားသည့် နိုင်ငံများတွင် ပါဝင်နေသည်။ မုန်တိုင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုတို့ကြောင့် နှစ်စဉ်ဆိုသလို ရေကြီးရေလျှံမှုများနှင့် မြေပြိုတောင်ပြိုမှုများကို ကြုံတွေ့နေရာ ဇွန်၊ ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာလများအတွင်း မြန်မာနိုင်ငံ ဒေသအများအပြားတွင် အဆိုပါသဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လေ့ရှိသည်ကို တွေ့ရသည်။
Aug 10, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်နေ့တွင် လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့၌ ကျင်းပပြုလုပ်မည့် (၈)ကြိမ်မြောက် မူးယစ်ဆေးဝါးဆိုင်ရာ အာဆီယံဝန်ကြီးအဆင့်အစည်းအဝေးသို့ တက်ရောက်ရန်အတွက် ယနေ့နံနက်ပိုင်းတွင် ထိုင်းလေကြောင်းလိုင်းခရီးစဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှထွက်ခွာရာ ပြည်ထောင်စုဝန်ကြီးဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့အား ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တပ်မတော်အရာရှိကြီးများ၊ ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက လေဆိပ်တွင် လိုက်ပါပို့ဆောင်ခဲ့ကြောင်းသိရသည်။
Aug 10, 2023
ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္တုကံတော်တွင် တည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ယနေ့တွင်လည်း နံနက် ၆ နာရီမှစတင်၍ အများပြည်သူ ဖူးမြော်ကြည်ညိုခွင့်ပြုခဲ့ရာ အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြော်ကြည်ညိုကြသည့် ရဟန်း၊ ရှင်လူ ဘုရားဖူးပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။
Aug 10, 2023
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် မုန်တိုင်းဒဏ်သင့် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ စားသောက်ရေး အဆင်ပြေစေရန်နှင့် မိမိတို့အလိုရှိရာ စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများနှင့် တာဝန်ရှိသူများက နေ့စဉ်ရောင်းချပေးလျက်ရှိသည်။
Aug 10, 2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၌ ဩဂုတ် ၈ ရက်နှင့် ၉ ရက်တို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး မြေနိမ့်ပိုင်းရပ်ကွက်များရှိ နေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့ရာ ယနေ့တွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ကွပ်ကဲမှုအောက်ရှိ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များက ရေဘေးသင့်ပြည်သူများအား ယာယီကယ်ဆယ်ရေးစခန်းများသို့ ရွေ့ပြောင်းကူညီပေးပြီး လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးကြသည်။