နေပြည်တော် စက်တင်ဘာ ၁၂
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မြန်မာအီလက်ထရွန်နစ်မဲပေးစက်နှင့် စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် အစည်းအဝေးခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးဇော်မြင့်နိုင်နှင့် ဒေါက်တာလင်းအောင်၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး တာဝန်ရှိသူများက မြန်မာအီလက်ထရွန်နစ် မဲပေးစက်နှင့်စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးပြီး အရာထမ်း၊ အမှုထမ်း ၁၂၉ ဦးက မဲပေးစက်ဖြင့် လက်တွေ့သရုပ်ပြ ဆန္ဒမဲပေးခဲ့ကြ သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် Myanmar Electronic Voting Machine (MEVM) စက်အားဝန်ကြီးဌာန၊ အဖွဲ့အစည်းအသီးသီးသို့ လိုက်လံရှင်းလင်း စမ်းသပ်မဲပေးစေခြင်းဖြင့် MEVM အသုံးပြုမဲပေးခြင်း လုပ်ငန်းစဉ်များကို မဲဆန္ဒရှင်ပြည်သူများ ပွင့်လင်းမြင်သာစွာ လက်တွေ့ကျကျ သိရှိနားလည်ပြီး ပြည်သူအများ လက်ခံယုံကြည်သည့် ရွေးကောက်ပွဲများ ဖော်ဆောင်သွားနိုင်မည်ဖြစ်သည်။ ယနေ့အထိ ဝန်ကြီးဌာနအဖွဲ့အစည်း ၃၆ ခု၌ အရာထမ်း၊ အမှုထမ်းစုစုပေါင်း ၇၅၂၄ ဦးတို့က လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်