Skip to main content

Sep 16, 2023

အဆင့်မြင့်အရာထမ်း သင်တန်းအမှတ်စဉ် (၁၅) သင်တန်းဆင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သော်၊ တာဝန်ခံအဖွဲ့ဝင် ဦးဆန်းမြင့်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ်သင်ကြားစီမံဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 16, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ကျောင်းသား ကျောင်းသူများ ပညာသင်ယူမှုအခွင့်အလမ်းများ မဆုံးရှုံးစေရန် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းနေခွင့်ရရှိရေး၊ အခြေခံပညာကို အခမဲ့သင်ယူခွင့်ရရှိရေး၊ အခြေခံပညာမူလတန်း၊ အလယ်တန်းမပြီးဆုံးမီ ကျောင်းထွက်မှုများ နည်းပါးစေရေးအတွက် ပညာရေးမြှင့်တင်မှုအစီအစဉ်များ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ပေးနေသည်ကို တွေ့ရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 16, 2023

ကမ္ဘာ့ရာသီဥတုအပြောင်းအလဲကို စတင်စိတ်ဝင်စားခဲ့ကြသူများမှာ ၁၉ ရာစု အစောပိုင်းကာလ ဥရောပသိပ္ပံပညာရှင်များဖြစ်သည်။ ထိုကာလတွင် ရေနွေးငွေ့စွမ်းအားကိုအသုံးပြုသည့် စက်မှု လုပ်ငန်းများထွန်းကားခဲ့ခြင်းနှင့်အတူ ကျောက်မီးသွေးကို အသုံးပြုရာမှ ထွက်ပေါ်လာသည့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့များသည် ကမ္ဘာ့အပူချိန်မြင့်တက်မှုအပေါ် သက်ရောက်မှုရှိနေ ကြောင်းကို ထိုစဉ်ကပင် ၎င်းသိပ္ပံပညာရှင်များ သတိပြုမိခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 15, 2023

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်အတွင်း ရောက်ရှိနေသော နယ်လှည့်အထူးဆေးကုသရေးအဖွဲ့သည် ယနေ့တွင် ရွှေဘိုမြို့ မြို့တော်ခန်းမ၌ အခြေပြု၍ ရွှေဘိုမြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များနှင့် ဒေသခံပြည်သူ စုစုပေါင်း ၉၁၅ ဦးတို့ကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 15, 2023

မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် အောင်မြင်စွာလက်ခံကျင်းပခဲ့သည့် (၂၀) ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေး (20th AACC) သို့ တက်ရောက်ခဲ့သော နိုင်ငံများအနက် လာအိုနိုင်ငံ လေတပ်ဦးစီးချုပ် Brig. Gen. Khamlek Sengphachanh ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ဗီယက်နမ်နိုင်ငံ လေတပ်ဦးစီးချုပ် Lt. Gen. Nguyen Van Hien ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့သည်

ဆက်လက်ဖတ်ရှုရန်

Sep 15, 2023

ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် (၂၀)ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေး (20th AACC)သို့ တက်ရောက်ခဲ့သော ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Alongkorn Vannarot အား ကာကွယ်ရေးဦးစီးချုပ်(လေ)က ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုသည်။

ဆက်လက်ဖတ်ရှုရန်

Sep 15, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပြီးစီးခဲ့သည့် (၂၀)ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များ ညီလာခံ 20th AACC သို့တက်ရောက်ခဲ့သည့် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Alongkorn Vannarot ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Sep 15, 2023

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ (၁၄-၉-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၅-၉-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၄,၉၄၁) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၀၄) ရာခိုင်နှုန်း ဖြစ်ပါသည်။ ယနေ့တွင် COVID-19 ရောဂါဖြင့် သေဆုံးသူ မရှိပါ။

ဆက်လက်ဖတ်ရှုရန်

Sep 15, 2023

အာရှ-ပစိဖိတ်ဒေသတွင်း ရုပ်သံလွှင့်လုပ်ငန်းဖွံ့ဖြိုးရေးဆိုင်ရာ အဖွဲ့အစည်း Asia-Pacific Institute for Broadcasting Development (AIBD)က ကျင်းပသည့် အားကစားသတင်း အစီအစဉ်ထုတ်လွှင့်မှုနှင့် သတင်းအတတ်ပညာ အခြေခံသဘောတရားဆိုင်ရာ အွန်လိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက ကျင်းပရာ မြန်မာအသံနှင့်ရုပ်မြင်သံကြားမှ ဝန်ထမ်းများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 15, 2023

ဗန်မော်တက္ကသိုလ်၌ “လူငယ်သီတင်းပတ်” အထိမ်းအမှတ်အဖြစ် စက်တင်ဘာ ၆ ရက်က လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး ဆောင်ရွက်လှုပ်ရှားမှုအနေဖြင့် စာရိတ္တဗလနှင့်ဘောဂဗလကို ဖော်ဆောင်သော သိမှတ်ဖွယ်ရာ ကျင့်ဝတ်အဖြာဖြာဟောပြောပွဲနှင့် ဒေသအကျိုးပြု စာတမ်းငယ်ဖတ်ကြားခြင်း အခမ်းအနားကို ယင်းတက္ကသိုလ် ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 15, 2023

၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ ပြည်ထောင်စုနယ်မြေအတွင်း အကျုံးဝင်မှတ်ပုံတင်ထားသော အလုပ်ဌာနများမှ အာမခံအလုပ်သမားများ အကျိုးခံစားခွင့်များ ထုတ်ပေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်) စုဝေးခန်းမ၌ ကျင်းပရာပြည်ထောင်စုဝန်ကြီးဦးမြင့်နောင် တက်ရောက်အမှာ စကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 15, 2023

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံကွမ်ရှီးကျွမ့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဖန်ချန်းကန်မြို့၌ ကျင်းပသည့် (၇)ကြိမ်မြောက် တရုတ်-အာဆီယံ တိုင်းရင်းဆေးနှင့် ဆေးဝါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 15, 2023

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့(UNICEF)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Marcoluigi Corsi ဦးဆောင်သောအဖွဲ့ကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Sep 15, 2023

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ဒေါနဘွားရပ်ကွက်ရှိ ပင်မစစ်လက်နက်ပစ္စည်းတပ် အစည်းအဝေးခန်းမ၌ အသက်(၁၀)နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်ထားသူများအား Biometric Enrolment Application ရိုက်သွင်းဆောင်ရွက်နေမှု၊ ဓာတ်ပုံ ရိုက်ခြင်း၊ မျက်လုံး Scan ဖတ်ခြင်း၊ လက်ဗွေ Scan ဖတ်ခြင်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 15, 2023

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့တွင် ကျင်းပမည့် တရုတ်-အာဆီယံ ဆောက်လုပ်ရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့မှတရုတ်နိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 15, 2023

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်ရှိ ယခုနှစ် မိုးရာသီတွင် စိုက်ပျိုးထားသော ၁/၂၀၂၃ ကျေးရွာသုံး စိုက်ခင်း ယူကလစ်၊ ရှား ၇၅ ဧကနှင့် ၂/၂၀၂၃ ရေဝေရေလဲစိုက်ခင်း ယူကလစ်၊ ရှား၊ ဒဟတ် ၇၅ ဧက၏ ရှင်သန်အောင်မြင်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မကွေးမြို့နယ် ယင်းဆိပ်အမြဲတမ်းပျိုးဥယျာဉ်အတွင်း သစ်မျိုး ၁၃ မျိုးဖြင့် ပျိုးပင်ပေါင်း ၆၁၀၀၀ ပျိုးထောင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 15, 2023

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီအတွင်းရေးမှူး၊ တာဝန်ရှိသူ များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တပ်ကုန်းမြို့နယ် ပုဏ္ဏမာကျေးရွာ တောင်သူဦးကျော်မြင့်၏လယ်တွင် ဆောင်ရွက်လျက်ရှိသည့် Solar စနစ်ဖြင့် မြေအောက် ရေတင်ပြီး စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်