Skip to main content

Jun 29, 2024

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၆/၂၀၂၄) ကြိမ်မြောက်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ်(၁၈) အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 29, 2024

ကုလသမဂ္ဂအထွေထွေညီလာခံမှ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းကို ၁၉၈၉ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် အတည်ပြု ပြဋ္ဌာန်းခဲ့သည်။ မြန်မာနိုင်ငံသည် ၁၉၉၁ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့၌ ကွန်ဗင်းရှင်းသဘောတူစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးပြီး အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံသည် အဖွဲ့ဝင်နိုင်ငံများ လိုက်နာဆောင်ရွက်ရမည့် တာဝန်(၅)ရပ်တွင်ပါသည့် နိုင်ငံတော်ဆောင်ရွက်ချက်များကို ကုလသမဂ္ဂက လေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီသို့ အစီရင်ခံစာများ တင်သွင်းလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 29, 2024

ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁) သင်တန်းဆင်းပွဲ အခမ်းအနားများကို ဇွန်လ ၂၇ ရက် နံနက်ပိုင်းက တိုင်းစစ်ဌာနချုပ်များအလိုက် နယ်မြေခံသင်တန်းကျောင်းများတွင် ကျင်းပခဲ့ပြီဖြစ်သည်။ သင်တန်းဆင်းခဲ့ကြသည့် နိုင်ငံ့သားကောင်းစစ်သည်များမှာ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ကိုယ်တိုင်ပါဝင်ထမ်းဆောင်နိုင်ရေးအတွက် မိမိသဘောဆန္ဒအလျောက် စာရင်းပေးသွင်းပြီး သင်တန်းတက်ရောက်ခဲ့ကြသူများဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 28, 2024

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ကိုယ်တိုင်ပါဝင် ထမ်းဆောင်နိုင်ရေးအတွက် မိမိသဘောဆန္ဒအလျောက် စာရင်းပေးသွင်းပြီး သင်တန်းတက်ရောက်ခဲ့ကြသည့် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁)သင်တန်းဆင်းပွဲ အခမ်းအနားများကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်များအလိုက် နယ်မြေခံ သင်တန်းကျောင်းများအသီးသီးတွင် ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 28, 2024

ဇွန်လ ၂၆ ရက်နေ့ ၁၂:၃၀ အချိန် ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဘားအံမြို့နယ်၊ လှာကာကျေးရွာအုပ်စု၊ လှာကာကျေးရွာရှိ သန်းဦး(ခ)မောင်ကျော်ပိုင်၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၅ ပြား သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ၁၃:၃၀ အချိန် တစ်ရွာတည်းနေသူများဖြစ်သည့် စောမြင့်အေး(ခ)ယောက်ချို၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃,၁၉၄ ပြားအားလည်းကောင်း၊ ၁၄:၃၀ အချိန် မနန်းမြင့်မြင့်ခင်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀,၀၀၀ ပြားအား လည်းကောင်း၊ ၁၈:၀၀ အချိန် ဘားအံမြို့နယ်၊ ကော့ထမ္မလိန်းကျေးရွာအုပ်စု၊ ကော့ထမ္မလိန်းကျေးရွာရှိ မနန်းဝင်းခင်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ၎င်းအားမတွေ့ရှိဘဲ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၆၈၀၀၀၀ ပြားအားလည်းကောင်း အသီးသီးသိမ်းဆည်းရမိခဲ့သဖြင့် သန်းဦး(ခ)မောင်ကျော်ပိုင် (၄၅)နှစ်၊ စောမြင့်အေး(ခ)ယောက်ချို(၅၂)နှစ်၊ မနန်းမြင့်မြင့်ခင်(၅၄)နှစ်နှင့် မနန်းဝင်းခင်(ဖမ်းမမိ)တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 28, 2024

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jun 28, 2024

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီ ဒုတိယအကြိမ်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပရာ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jun 28, 2024

မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် လိုအပ်သည့် ရုံးသုံးစက်ကိရိယာပစ္စည်း (၇) မျိုးဝယ်ယူရန် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း/ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီက ၁၂-၆-၂ဝ၂၄ ရက်နေ့တွင် ဈေးနှုန်းစိစစ်ရေးအစည်းအဝေးကျင်းပခဲ့ပြီး ဌာနမှလိုအပ်သည့် စံချိန်စံညွှန်းကိုက်ညီပြီး ဈေးအနည်းဆုံးတင်သွင်းသည့် အောက်ဖော်ပြပါကုမ္ပဏီများမှ တင်ဒါအောင်မြင်ခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jun 28, 2024

ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေလေ့လာဖတ်ရှုနိုင်ရန်၊ စာပေလေ့လာဖတ်ရှုခြင်းမှရရှိသော အသိပညာဗဟုသုတများကို ပြန်လည်အသုံးချမျှဝေပေးနိုင်ရန်၊ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင်သန်စွမ်းစေရန်ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီမံမှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 28, 2024

မြန်မာအမျိုးသမီးများနေ့(၂၀၂၄ခုနှစ်၊ ဇူလိုင်လ (၃)ရက်)

ဆက်လက်ဖတ်ရှုရန်