နေပြည်တော် ဖေဖော်ဝါရီ ၂၁
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ကို ဖေဖော်ဝါရီ ၂၀ ရက်နေ့က တပ်မတော်မှ တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးများကျဲချခဲ့ခြင်းကြောင်း ရမ်းဗြဲမြို့မဈေးနှင့် မြို့မဆေးရုံ၊ သီလရှင်ကျောင်းနှင့် လူနေအဆောက်အဦများ ပိုမိုပျက်စီးခဲ့ရကြောင်းနှင့် ပုဏ္ဏားကျွန်းမြို့၊ အလယ်စုရပ်ကွက်ရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က တစ်ဖက်သတ်စွပ်စွဲရေးသားချက်များကို ပြည်သူများအထင်အမြင်လွဲမှားဖွယ် လုပ်ကြံရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
AA အကြမ်းဖက်သမားများအနေဖြင့် ရခိုင်ပြည်နယ်အတွင်း အုပ်ချုပ်ရေးယန္တရား များပျက်စီးရပ်တန့်စေရန်နှင့် နယ်မြေတည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်တို့အတွက် လုံခြုံရေးတပ်စခန်းများနှင့် ဌာနဆိုင်ရာအဆောက်အဦများကို မီးရှို့ဖျက်ဆီးခြင်း၊ အများပြည်သူနေထိုင်ရာ လူနေရပ်ကွက်များအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ချောင်းမြောင်းပစ်ခတ်ခြင်းများကြောင့် မြို့၊ ရွာများ မီးလောင်ပျက်စီးခဲ့ရကြောင်း ဒေသခံများ၏ပြောကြားချက်အရသိရှိရပြီး ယခုဖြစ်စဉ်ကဲ့သို့ တပ်မတော်မှ ပေါင် ၅၀၀ ဗုံးများ ကျဲချကြောင်း လုပ်ကြံသတင်းများသည် အကြမ်းဖက်သမားများ ထိခိုက်သေဆုံးမှု များပြားလာပြီး တိုက်ခိုက်လိုစိတ်များ နည်းပါးလာသည့်အချိန်များတွင် တရားမဝင်ပြည်ဖျက်မီဒီယာများက ကြိမ်ဖန်များစွာ ရေးသားဖြန့်ဝေနေသည့် ဝါဒဖြန့် လုပ်ကြံသတင်းများသာဖြစ်ကြောင်း သတင်းရရှိပါသည်။
