နေပြည်တော် မတ် ၁၇
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၈ နာရီတွင် မန္တလေးနန်းမြို့ရိုး တောင်ဘက်ခြမ်းနှင့် အနောက်ဘက်ခြမ်းရှိ ထင်ရှားပြာသာဒ် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ထို့နောက် မြနန်းစံကျော်ရွှေနန်းတော်သို့ ရောက်ရှိပြီး မန္တလေး နန်းမြို့ရိုးအတွင်းရှိ မြနန်းစံကျော်ရွှေနန်းတော်တွင် ဖော်ထုတ်ရရှိနိုင်သည့် အဆောက်အအုံများကို ပြန်လည်ဖော်ထုတ်ရန် ဆောင်ရွက်ထားသည့် ဗီနိုင်းများနှင့် မြနန်းစံကျော်ရွှေနန်းတော်၏ မြေနန်းပြာသာဒ်ဆောင်တွင် ပြသထားသည့် သုံးဖက်မြင် Panel Board များကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ မြနန်းစံကျော်ရွှေနန်းတော်တွင် သူရဲကြီးအောင်လံ ခင်းကျင်းပြသဆောင်ရွက်ထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်