Skip to main content

(၃၂) ကြိမ်မြောက် အမျိုးသားအဆင့်မုတ်သုံဖိုရမ် ကျင်းပ

နေပြည်တော် မေ ၆

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကဦးစီး၍ (၃၂) ကြိမ်မြောက် အမျိုးသားအဆင့်မုတ်သုံဖိုရမ်ကို ယနေ့နံနက်ပိုင်းတွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဘက်စုံသဘာဝဘေးကြိုတင်သတိပေးဗဟိုဌာန (Multi-Hazard Early Warning Center) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက အဖွင့်အမှာစကားပြောကြားသည်။

တက်ရောက်

အခမ်းအနားသို့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဆောင်ရွက်နေသောဌာနများ၊ စိုက်ပျိုးရေးဆောင်ရွက်နေသောဌာနများ၊ ရေနှင့်ပတ်သက်၍ ဆောင်ရွက်နေသောဌာနများ၊ အခြားဆက်စပ်ဌာနများမှ ဌာနဆိုင်ရာကိုယ်စားလှယ်များနှင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

(၃၂) ကြိမ်မြောက် မုတ်သုံဖိုရမ်တွင် ၂၀၂၄ ခုနှစ် မိုးရာသီကာလ (အနောက်တောင်မုတ်သုံရာသီကာလ) အတွက် မိုးလေဝသနှင့် ဇလဗေဒဆိုင်ရာယေဘုယျခန့်မှန်းချက်များ တင်ပြဆွေးနွေးခြင်း၊ စိုက်ပျိုးရေးမိုးလေဝသအခြေအနေနှင့် မိုးလေဝသအသုံးအနှုန်းများ၊ မြန်မာနိုင်ငံနှင့် ငလျင်ဘေးအန္တရာယ်အကြောင်းတို့ကို ရှင်းလင်းတင်ပြခြင်း၊ ရာသီအလိုက်ခန့်မှန်းချက်များကို အသုံးပြုသည့် သက်ဆိုင်ရာကဏ္ဍအသီးသီးမှ ပြီးခဲ့သည့် ၂၀၂၃ - ၂၀၂၄ ခုနှစ် ဆောင်းရာသီကာလအတွင်း ကြုံတွေ့ခဲ့ရသော ရာသီဥတုနှင့် မိုးလေဝသဆိုင်ရာအတွေ့အကြုံများနှင့် သင်ခန်းစာများကို ဆွေးနွေးခြင်းနှင့် လာမည့် ၂၀၂၄ ခုနှစ် မိုးရာသီကာလအတွက် ကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်မှုအခြေအနေများ တင်ပြဆွေးနွေးခြင်း၊ ဖြည့်စွက်အကြံပြုချက်များကို ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်