Skip to main content

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသော သိမှတ်ဖွယ်ရာ ဗဟုသုတအဖြာဖြာ (၂၀၂၄) ထွက်ပြီ

နေပြည်တော် ဩဂုတ်လ ၉

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စီစဉ်ထုတ်ဝေသည့် “သိမှတ်ဖွယ်ရာ ဗဟုသုတအဖြာဖြာ (၂၀၂၄)” စာအုပ်သည် ပြည်သူများ အသိဉာဏ်ဗဟုသုတပြည့်စုံစေရန်၊ ပြန်တမ်းဝင် အရာရှိအဆင့် (စတင်ခန့်) စာမေးပွဲများနှင့် အခြားဝင်ခွင့်စာမေးပွဲများဖြေဆိုရာတွင် အထောက်အကူဖြစ်စေရန်၊ သိရှိလိုသည့်အချက်အလက်များကို တစ်စုတစ်စည်းတည်း ရှာဖွေလေ့လာဖတ်ရှုနိုင်စေရန်ရည်ရွယ်၍ ၂၀၀၈ ခုနှစ်မှစတင်ကာ နှစ်စဉ်ထုတ်ဝေခဲ့သောစာအုပ်ဖြစ်ပါသည်။

ယခု ၂၀၂၄ ခုနှစ်ထုတ်စာအုပ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ မိန့်ခွန်းကောက်နုတ်ချက်များနှင့် သဝဏ်လွှာကောက်နုတ်ချက်များ၊ မြန်မာ့ရေးရာနှင့်ပတ်သက်သည့် အချက်အလက်များ၊ နိုင်ငံတကာရေးရာ သိမှတ်ဖွယ်ရာများ၊ သံတမန်ရေးရာသိမှတ်ဖွယ်ရာများ၊ ကမ္ဘာ့အထွေထွေသိမှတ်ဖွယ်ရာများ၊ ကျန်းမာရေးဆိုင်ရာ သိမှတ်ဖွယ်ရာများနှင့် ပတ်သက်၍ နောက်ဆုံးအခြေအနေများကို ထည့်သွင်းဖြည့်စွက်ဖော်ပြထားပါသည်။

ထို့ပြင် နိုင်ငံ့ဝန်ထမ်းလျှောက်ထားခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာအချက်အလက်များနှင့် ကျန်းမာရေးဆိုင်ရာ သိမှတ်ဖွယ်ရာများလည်း ပါရှိသည့်အတွက် ဗဟုသုတရှာမှီးလိုသူများ၊ ဝင်ခွင့်စာမေးပွဲ ဖြေဆိုမည့်သူများ၊ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ လက်ကိုင်ထားသင့်သည့် စာအုပ်ဖြစ်သည့်အပြင် အနာဂတ်နိုင်ငံတော်အတွက် လူချွန်လူကောင်းများ၊ ခေါင်းဆောင်ကောင်းများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ ပေါ်ထွန်းလာစေရေးအတွက် အထောက်အကူပြုမည့်စာအုပ် ဖြစ်သဖြင့် အိမ်တိုင်းရှိစာအုပ်စင်တိုင်းတွင် ဆောင်ထားသင့်သည့်စာအုပ်ဖြစ်သည်။

ယင်းစာအုပ်ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ၌ ဝူဖရီးစက္ကူဖြင့် ထုတ်ဝေပြီး နေပြည်တော်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ထုတ်လုပ်ရေးဌာနခွဲ၊ ဖုန်း ၀၆၇-၃၄၁၂၃၇၁ နှင့် စာပေဗိမာန်အရောင်းဆိုင်တို့တွင်လည်းကောင်း၊ ရန်ကုန်မြို့ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ထုတ်လုပ်ရေးဌာနခွဲ၊ အမှတ် (၂၂/၂၄) ပန်းဆိုးတန်းလမ်း (အောက်)၊ ကျောက်တံတားမြို့နယ်၊ ဖုန်း ၀၁-၈ ၃၈၄၈၁၃၊ ၀၁-၈၃၇၁၃၄၂၊ စာပေဗိမာန်အရောင်းဆိုင်များ၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း စာအုပ်အရောင်းဆိုင်နှင့် အမြို့မြို့ အနယ်နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများတွင်လည်းကောင်း ဝယ်ယူရရှိနိုင်ပါသည်။