Skip to main content

Oct 01, 2024

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်(၁၀)နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ကျင်းပသည့် ရေဘေးသင့်ပြည်သူများအတွက် အလှူငွေပေးအပ်လှူဒါန်းပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 01, 2024

ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်က လွိုင်ကော်မြို့နယ်ရှိ ဘီလူးချောင်း အမှတ်(၂) ရေအားလျှပ်စစ် ဓါတ်အားပေးစက်ရုံ(လောပိတ)သို့ ရောက်ရှိရာ အမှတ်(၂)စက်ရုံတာဝန်ခံ ဦးဇော်မင်းထွန်းက လက်ရှိဘီလူးချောင်းရေမြင့်တက်သဖြင့် ရေကြီးရေလျှံမှုဖြစ်ပေါ်ကာ ရေစီးကြောင်းများမှတစ်ဆင့် စက်ရုံအတွင်းရေများဝင်ရောက်မှုူအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 01, 2024

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) တွင် စာရေးဝန်ထမ်းသင်တန်း အမှတ်စဉ် (၂၁၁) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရတနာသိင်္ဃခန်းမ၌ကျင်းပရာ ပါမောက္ခချုပ် ဦးကျော်ထွေးက သင်တန်းဖွင့်မိန့်ခွန်း ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 01, 2024

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ရွှေစည်းခုံစေတီတော်၌ ကျင်းပသည့် နိုင်ငံတော်အကြီးအကဲ၏ ခရီးစဉ်လမ်းညွှန်ချက်ပါ ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ ရွှေစည်းခုံဘုရား အထွေထွေပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ရေရှည်တွင် စနစ်တကျဆောင်ရွက်နိုင်ရေးဘက်စုံ လွှမ်းခြုံသောအစီအစဉ် Master Plan ရေးဆွဲရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 01, 2024

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ဖြင့် ဆန္ဒမဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ မဲပေးစက်အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ်သင်တန်းအမှတ်စဉ် (၆/၂၀၂၄) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီခွဲတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး တိုးချဲ့ရုံးအဆောက်အအုံ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 01, 2024

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၂၇ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မကွေးခရိုင်၊ မင်းဘူးခရိုင်နှင့် သရက်ခရိုင်တို့အတွင်း၌ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်လေးစီး စုစုပေါင်း ခန့်မှန်း တန်ဖိုးငွေကျပ် ၂၁၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 01, 2024

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ (၂၂-၉-၂၀၂၄) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၉-၉-၂၀၂၄) ရက်နေ့၊ ည (၈:၀၀) နာရီအထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁၅,၀၄၅) ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ် - ၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂၂) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၁၅) ရာခိုင်နှုန်း ဖြစ်ပါသည်။ အစီရင်ခံကာလအတွင်း ကိုဗစ် - ၁၉ ရောဂါဖြင့် သေဆုံးသူ မရှိပါ။

ဆက်လက်ဖတ်ရှုရန်

Oct 01, 2024

လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌဖြစ်သူ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် စက်တင်ဘာ ၂၈ ရက်မွန်းလွဲပိုင်းက ပြင်ဦးလွင်မြို့ရှိ နည်းပညာမြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန မော်တော်ယာဉ်နည်းပညာ သုတေသနဌာန၌ ဌာနတာဝန်ခံ ဒေါက်တာ ဝင်းထိုက်အောင်နှင့် ဝန်ထမ်းများကိုရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 01, 2024

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယမန်နေ့ညနေပိုင်းက ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်၌ စာဆိုဗိမာန်တည်ဆောက်မည့် မြေနေရာသို့ရောက်ရှိပြီး စတင်ဆောက်လုပ်ရေး ပြင်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။ ထို့နောက် ပင့်ဖိတ်ထားသော ဆရာတော်သံဃာတော်များဖြင့် မြေသန့် မင်္ဂလာပြုလုပ်ပြီး ဆရာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်ဖတ်ရှုရန်

Oct 01, 2024

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူနိုင်ရေးအတွက် မြို့နယ်အလိုက် စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ကျင်းပရာ နေပြည်တော်သန်းခေါင် စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီဝင်များ၊ ခရိုင်နှင့် မြို့နယ်သန်းခေါင်စာရင်း ကော်မတီဝင်များနှင့် တာဝန်ရှိသူများ၊ စာရင်းစစ်၊ စာရင်းကောက်များအဖြစ် တာဝန်ထမ်းဆောင်ကြမည့် ဆရာ ဆရာမများ၊ နယ်စပ်ရေးရာဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်