May 19, 2024
၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းဖွင့်ရာသီတွင် ကျောင်းသား ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် စာသင်ကျောင်းများ ဥပဓိရုပ်ကောင်းမွန်စေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများတွင် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။
May 19, 2024
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့ရှိ ငွေလှမြိုင်ဝါစက်ရုံကို သွားရောက်လေ့လာကြည့်ရှု၍ လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။
May 19, 2024
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်နှင့် သန်လျင်မြို့နယ်တို့ကို ဆက်သွယ်တည်ဆောက်နေသည့် ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်- ၃) တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
May 19, 2024
ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် မိုးစပါးစီမံကိန်း အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမြင့်အောင်နှင့် တိုင်းဒေသကြီး၊ ခရိုင်အဆင့် လယ်ယာကဏ္ဍဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
May 19, 2024
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် ပါမောက္ခချုပ် (ဆေးရုံအုပ်ကြီး/ကုသရေး) ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီးရှိ ပြည်သူ့ဆေးရုံကြီး (သန်လျင်) ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
May 19, 2024
ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း YMBA (ဗဟို) မှ ဖွဲ့စည်းထားသည့် သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးအဖွဲ့၏ တစ်နှစ်ပြည့်အခမ်းအနားနှင့် အဖွဲ့၏ ရုံးသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ရွှေတိဂုံဘုရားခြေတော်ရင်းရှိ YMBA ဗဟိုရုံးဝင်း၌ ကျင်းပသည်။
May 19, 2024
၁၉၂၄ ခုနှစ်မှ စတင်ခဲ့သော ရန်ကုန်ရွက်လှေအသင်းနှင့်အတူ ပေါ်ပေါက်လာသည့် မြန်မာ့ရွက်လှေအားကစားသည် ယခု ၂၀၂၄ ခုနှစ်တွင် နှစ် ၁၀၀ (ရာပြည့်ကာလ) သို့ ချင်းနင်းဝင်ရောက်လာပြီဖြစ်သည်။
May 19, 2024
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့် ဦးဆောင်သောအဖွဲ့သည် ကော်မရှင်ဥပဒေပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်၊ ကော်မရှင်ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် အညီ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ ကျိုင်းတုံဘိုးဘွားရိပ်သာကို မေ ၁၄ ရက်တွင် လည်းကောင်း၊ ကျိုင်းတုံမြို့ပေါ်ရှိ ရဲစခန်းအချုပ်ခန်းနှင့် ကျိုင်းတုံအကျဉ်းထောင်ကို မေ ၁၅ ရက်တွင်လည်းကောင်း၊ တာချီလိတ်မြို့ရှိ တာချီလိတ်အချုပ်ထောင်ကို မေ ၁၆ ရက်တွင် လည်းကောင်း၊ မိုင်းဆတ်မြို့ရှိ မိုင်းဆတ်အကျဉ်းထောင်ကို မေ ၁၇ ရက်တွင် လည်းကောင်း၊ တာချီလိတ်မြို့ရှိ တာချီလိတ်ဘိုးဘွားရိပ်သာကို မေ ၁၈ ရက်တွင်လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးသည်။
May 19, 2024
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်သင်ကြားလျက်ရှိသည့် နွေရာသီ အင်္ဂလိပ်စာသင်တန်း၊ ကွန်ပျူတာသင်တန်းနှင့် မြန်မာ့သိုင်းသင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းခန်းမ၌ ပြုလုပ်ရာ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဝေလင်းနှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ ဆရာ ဆရာမများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
May 19, 2024
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယနေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ဒြပ်ပစ္စည်းသိပ္ပံသုတေသနဌာန (အေလာ) သို့ ရောက်ရှိပြီး ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံသည်။
May 19, 2024
မြန်မာနိုင်ငံ ရွက်လှေအဖွဲ့ချုပ် ၂၀၂၄ ခုနှစ် အမျိုးသားတံခွန်စိုက် ရွက်လှေပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ညပိုင်းက ရန်ကုန်မြို့ အင်းလျားကန်ရှိ ရန်ကုန်ရွက်လှေအသင်း၌ ကျင်းပသည်။
May 19, 2024
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယမန်နေ့ညနေပိုင်းက ပဲခူးတိုင်းဒေသကြီး ရေနီမြို့ရှိ စက္ကူစက်ရုံ (ရေနီ) သို့ ရောက်ရှိပြီး စက်ရုံဓာတ်ခွဲခန်း၌ အသေးစားစက္ကူစက်ဖြင့် စက္ကူများ စမ်းသပ်ထုတ်လုပ်နေမှု၊ တန် (၂၀) ထုပ်ပိုးစက္ကူစက်ရုံ လည်ပတ်နိုင်ရေးအတွက် စက်ပစ္စည်းများ စစ်ဆေးပြုပြင်နေမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး စက်ရုံစဉ်ဆက်မပြတ်လည်ပတ်နိုင်ရေးအတွက် ကုန်ကြမ်း၊ စက်အရန်ပစ္စည်း၊ အခြားသွင်းအားစုများကိုလည်း ကြိုတင်ဝယ်ယူစုဆောင်းထားရန်၊ ဝန်ထမ်းများကို ခေတ်မီစက္ကူထုတ်လုပ်သည့် နည်းပညာများရရှိရေးအတွက် ဆွေးနွေးပွဲများ၊ သင်တန်းများ ကျင်းပပေးရန် မှာကြားသည်။
May 19, 2024
(၄၇) ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာပြတိုက်များနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက ဒဂုံမြို့နယ် ပြည်လမ်း အမျိုးသားပြတိုက် (ရန်ကုန်) ၌ ကျင်းပသည်။
May 19, 2024
နေပြည်တော်ကောင်စီနယ်မြေ၌ မွေးမြူရေးထွက်ကုန် အသား၊ ဥ၊ နို့နှင့် နို့ထွက်ပစ္စည်းထုတ်လုပ်မှု တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် တပ်ကုန်းမြို့နယ် ကံကြီးကျေးရွာ၊ သပြေချောင်းကျေးရွာနှင့် လယ်ဝေးမြို့နယ် ပြောင်းခေါင်းကြီးကျေးရွာ၊ မင်းပြင်ကျေးရွာတို့တွင် မွေးမြူရေးဇုန်များဖော်ထုတ်၍ မွေးမြူရေးတောင်သူများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ အောင်မြင်စွာမွေးမြူ လုပ်ကိုင်နိုင်ကြစေရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက လိုအပ်ချက်များ ကူညီပံ့ပိုးပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ကံကြီး မွေးမြူရေးဇုန်နှင့် ရွှေမြို့ မွေးမြူရေးဇုန်များအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
May 19, 2024
နိုင်ငံခြား ငွေလဲလှယ်နှုန်းနှင့် နိုင်ငံခြားငွေကြေးပိုင်းဆိုင်ရာ ကိစ္စရပ်များ၊ ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ဘဏ်စနစ်အသုံးပြုရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်းသည့်ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၁ နာရီက မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရန်ကုန်ဘဏ်ခွဲအစည်းအဝေးခန်းမ၌ ကျင်းပသည်။
May 19, 2024
ကိုရီးယားသမ္မတနိုင်ငံ၌ ကျွမ်းကျင်လုပ်သားရှားပါးလာသည့် အခက်အခဲကို ဖြေရှင်းနိုင်ရန်အတွက် E-9 Visa လုပ်သားများအနေဖြင့် သတ်မှတ်ရမှတ်များနှင့် ပြည့်မီပါက E-7-4 Visa (ကျွမ်းကျင်လုပ်သား ဗီဇာ) ပြောင်းလဲလျှောက်ထားနိုင်ကြောင်း ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အသိပေးကြေညာထားသည်။
May 19, 2024
ယနေ့လူငယ်လူရွယ်တို့သည် နောင်တစ်ချိန်၌ လူ့ဘောင်လောကကြီးကို ဦးဆောင်ပဲ့ကိုင်မောင်းနှင်ကြမည့် လူကြီးများဖြစ်ကြပါလိမ့်မည်။ ထို့ကြောင့် ကလေးလူငယ်လူရွယ်များအား လျစ်လျူရှုမထားဘဲ လူတော်လူကောင်းလေးများ ဖြစ်လာအောင်၊ ယဉ်ကျေးလိမ္မာအောင်၊ ခေတ်ပညာပြည့်စုံအောင်၊ အကျင့်စာရိတ္တကောင်းအောင်၊ အများအကျိုးဆောင်ရွက်တတ်အောင်၊ မျိုးချစ်စိတ်ဓာတ်ထက်သန်ပြီး နိုင်ငံနှင့်လူမျိုးအတွက် စွန့်စားကြိုးပမ်း တာဝန်ထမ်းဆောင်နိုင်အောင် ငယ်စဉ်ကတည်းက မြေတောင်မြှောက်ပေးထားမှ၊ လေ့ကျင့်ပေးထားမှ နိုင်ငံအနာဂတ်အတွက် စိတ်အေးကြရမည်ဖြစ်သည်။
May 19, 2024
နှစ်စဉ် မေလ ၁၈ ရက်နေ့သည် “အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့” (International Museum Day) ဖြစ်သည်။ နိုင်ငံတကာရှိ ပြတိုက်များကို ပြတိုက်ဆိုင်ရာ နည်းပညာများနှင့် အကြံဉာဏ်များ၊ ကျွမ်းကျင်မှုများ အကူအညီပေးနိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာပြတိုက်များကောင်စီ (International Council of Muse- um - ICOM) ကို ၁၉၄၆ ခုနှစ်တွင် ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံရှိ ပြတိုက်များသည်လည်း နိုင်ငံတကာရှိပြတိုက်များနှင့် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ၂၀၁၆ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ပြတိုက်များကောင်စီအဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့သည်။
May 18, 2024
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
May 18, 2024
နေပြည်တော်သို့ ရောက်ရှိနေသော ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်း အမှတ်စဉ် (၁/၂၀၂၄) နှင့် အခြေခံနှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁/၂၀၂၄) မှ သင်တန်းသား၊ သင်တန်းသူများနှင့် အုပ်ချုပ်သူနည်းပြများသည် ယနေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်ထားရှိသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကြပြီး သူရဲကောင်ဗိမာန် (နေပြည်တော်) နှင့် တပ်မတော်စစ်သမိုင်းပြတိုက်သို့ သွားရောက်လေ့လာခဲ့ကြသည်။
