Skip to main content

May 01, 2024

မြန်မာနိုင်ငံတည်ရှိရာ အရှေ့တောင်အာရှဒေသသည် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဒဏ်ကို အခံစားရဆုံး၊ အထိခိုက်လွယ်ဆုံးဒေသဖြစ်သည့်အပြင် တစ်နှစ်ထက်တစ်နှစ် ပိုမိုပူပြင်းခြောက်သွေ့လာနေသည်ဟုလည်း ပညာရှင်များက ဆိုသည်။ အရှေ့တောင်အာရှဒေသသည် လူနေထူထပ်များပြားခြင်း၊ ကမ်းခြေဒေသများတွင် လူနေထိုင်မှုများပြားခြင်း၊ သစ်တောနှင့် သဘာဝသယံဇာတများကို အများအပြားထုတ်ယူနေခြင်းစသည့်အချက်များက ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဒဏ် ထိခိုက်လွယ်စေသည့်အခြေအနေသို့ ရောက်ရှိခဲ့ရသည့် အကြောင်းရင်းများဖြစ်သည်ဟုလည်း ဆိုသည်။

ဆက်လက်ဖတ်ရှုရန်

Apr 30, 2024

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အတွင်းသို့ သောင်းကျန်းသူများ ဝင်ရောက်နေထိုင်ပြီး တိုက်ပွဲဖော်ဆောင်ခဲ့သည့်အတွက် တပ်မတော်မှ ကော့ကရိတ်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့ရပြီး ယခုအခါ ယာယီနေရပ်စွန့်ခွာပြည်သူများ ကော့ကရိတ်မြို့အတွင်း ပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိရာ ဧပြီလ ၃၀ ရက်နေ့ နံနက်ပိုင်းက ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများက လိုအပ်သည့်ကူညီစောင့်ရှောက်မှုများ ကွင်းဆင်းကြည့်ရှုဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Apr 30, 2024

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံလူရည်ချွန်စခန်းမှ လူရည်ချွန်ကျောင်းသား ကျောင်းသူများသည် ယနေ့နံနက်ပိုင်းတွင် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှိ ယွန်းပညာကောလိပ်(ပုဂံ)၊ ပုဂံရှေးဟောင်းသုတေသနပြတိုက်၊ သီရိဇေယျဘူမိ ပုဂံရွှေနန်းတော်ကြီး၊ အနော်ရထာမင်းကြီးနှင့် ကျန်စစ်သားမင်းကြီးတို့ ထီးနန်းစိုးစံခဲ့သည့် ပုဂံနန်းတော်ရာနှင့် ဦးဘငြိမ်းယွန်းထည်လုပ်ငန်းတို့ကို သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 30, 2024

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်များက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 30, 2024

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ဖောင်ချောင်းကျေးရွာကို ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဧပြီလ ၂၉ ရက်နေ့တွင် ပစ်ခတ်ဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း မှန်ကန်မှုမရှိသည့် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်ပေါ်တွင် လှုံ့ဆော်ရေးသား ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 30, 2024

နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပို့ကုန်မြှင့်တင်ရေးလုပ်ငန်းများကို အလေးပေးဆောင်ရွက်လျက်ရှိရာ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တို့ ပူးပေါင်းစီစဉ်၍ ပို့ကုန်တိုးမြှင့်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် အလုံအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း Yangon International Gateway Terminal (YIGT) မှ ပြောင်းဖူးစေ့တန်ချိန် ၉၂၀၀ နှင့် မင်းထက်မင်းဆိပ်ကမ်းမှ ပြောင်းဖူးစေ့တန်ချိန် ၂၇၀၀ တင်ပို့ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Apr 30, 2024

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက် တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 30, 2024

ရခိုင်ပြည်နယ် သံတွဲမြို့နယ်တွင် AA အကြမ်းဖက်သမားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်လျက်ရှိရာ ဧပြီ ၂၈ ရက်က တိုက်ပွဲဖြစ်ပွားရာအနီးအနားရှိ ရွှေလှေကျေးရွာနှင့် ရေကောက်ကျေးရွာတို့မှ ဒေသခံရွာသား ၅၀ ထက်မနည်းကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားကြောင်း အထင်အမြင်လွဲမှားဖွယ် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်ပေါ်တွင် မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 30, 2024

ကျောင်းသား ကျောင်းသူမျိုးဆက်သစ်လူငယ် မောင်မယ်များကို နွေရာသီ ကျောင်းပိတ်ရက်ကာလအတွင်း အသိပညာများ ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များ အကျိုးရှိစေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ၊ လေကြောင်း ပညာကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ တပ်မတော်(ရေ)က ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ တပ်မတော်(လေ)က အခြေခံလေကြောင်း လူငယ်သင်တန်းနှင့် တန်းမြင့်လေကြောင်း လူငယ်သင်တန်းဖွင့်ပွဲများကို ဧပြီ ၂၂ ရက်တွင် သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ သင်တန်းစခန်းများ၌ တစ်ပြိုင်တည်း စတင်ဖွင့်လှစ်ခဲ့ပြီး လေ့ကျင့်သင်ကြားပေး လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 30, 2024

(၁၃)ကြိမ်မြောက် အာဆီယံကျောင်းသား အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော် ရုံးအမှတ်(၃၁) အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ (အပေါ်ထပ်)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 30, 2024

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း စက်မှုဝန်ကြီးဌာနရှိ နိုင်ငံပိုင်စက်ရုံ/အလုပ်ရုံများနှင့် ငှားရမ်းစက်ရုံများ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 30, 2024

ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး (အမှုထမ်း)သင်တန်းအမှတ်စဉ် (၂/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရုံးအမှတ်(၅၂) စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာန ညီလာခံခန်းမ၌ ကျင်းပရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမင်းမင်း တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Apr 30, 2024

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုးသည် အမြဲတမ်းအတွင်းဝန်၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်အတွင်း အသေးစားကုန်ထုတ်လုပ်ငန်းများနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 30, 2024

နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ရွှေထီးတော်ကြံ့ခိုင်မှု စစ်ဆေးရေးဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့ရုံးခန်း၌ကျင်းပရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဒုတိယမြို့တော်ဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပ္ပါတသန္တိစေတီတော်ဂေါပကအဖွဲ့မှ တာဝန်ရှိသူ များနှင့် ပညာရှင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 30, 2024

၂ဝ၂၄ ခုနှစ် နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အားကစားရုံ၌ကျင်းပရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာများ၊ ဒိုင်အဖွဲ့များ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများ၊ အားကစား ဝါသနာရှင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 30, 2024

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၏ သတ်မှတ်နေရာအသီးသီး၌ ကျင်းပလျက်ရှိသည့် လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူးရာထူးအတွက် ကွန်ပျူတာစစ်ဆေးခြင်းနှင့်လူတွေ့နှုတ်ဖြေစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 30, 2024

တရုတ်ဘာသာစကားပြော HSK-1 နှင့် HSK-2 သင်တန်းများ ဖွင့်ပွဲ အခမ်းနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 30, 2024

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကော့မှူးမြို့နယ် ငှက်အော်စမ်းကျေးရွာရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့ သွားရောက်ပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ သင်တန်းကျောင်းတွင် နေထိုင်စဉ်ကာလအတွင်း သင်တန်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုရှိစေရေးအတွက် လူမှုဝန်ထမ်းနည်းလမ်းများဖြင့် ပံ့ပိုးပေးနိုင်ရေး၊ ဂေဟာ/သင်တန်းကျောင်းများတွင် အနိမ့်ဆုံးရှိရမည့် ပြုစုစောင့်ရှောက်ခြင်းနှင့် အကာအကွယ်ပေးခြင်းဆိုင်ရာ စံချိန်စံညွှန်းများ ပြည့်ဝစွာ ပံ့ပိုးဆောင်ရွက်ပေးနိုင်ရေး အလေးထားဆောင်ရွက်ရန်တို့ကို မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Apr 30, 2024

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ရှမ်းပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်နှင့်အတူ ယမန်နေ့နံနက်ပိုင်းက ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်လောင်းမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ တီကျစ်ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်