Skip to main content

Apr 28, 2024

ပဲခူးတိုင်းဒေသကြီး နယ်မြေမဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းကို ဧပြီ ၂၅ ရက်မှစ၍ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ဝေါမြို့နယ်ရပ်ကွက်/ ကျေးရွာ အုပ်စု ၆၄ ခုမှ ပြည်သူ ၃၄၂ ဦး၊ ဒိုက်ဦးမြို့နယ် ရပ်ကွက်/ ကျေးရွာ အုပ်စု ၅၃ ခုမှ ပြည်သူ ၃၁၀ တက်ရောက်ပြီး စုစုပေါင်း ၆၅၂ ဦး လက်တွေ့စမ်းသပ် မဲပေးလေ့လာကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 28, 2024

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းသည် ယနေ့ နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ်ရှိ ဦးစိုးသန်း၏ တောင်တွင်းဆီစက်၊ ဦးမောင်မောင်ဦး၏ အောင်သမာဓိဆီစက်၊ ဦးနိုင်ဝင်း၏ ကန်လှဆီစက်၊ အေလာရှိ ဦးအေးထွန်း၏ ပြည်လုံးချမ်းသာဆီစက်၊ ပျဉ်းမနားမြို့နယ်ရှိ ဦးခင်မောင်ဝင်း၏ ရွှေပြည်စိုးဆီစက်၊ ဦးလှထွန်း၏ ရွှေလိပ်ပြာ ဆီစက်တို့ကို လှည့်လည်အားပေးကြည့်ရှုသည်။

ဆက်လက်ဖတ်ရှုရန်

Apr 28, 2024

ဆီထွက်သီးနှံများ တိုးမြှင့်ထုတ်လုပ်ရေးအတွက် ၂၀၂၄ - ၂၀၂၅ ခုနှစ်တွင် မြေပဲ၊ နှမ်း၊ နေကြာဆီထွက်သီးနှံများနှင့် ဝါသီးနှံအထူးဇုန်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ဧပြီ ၂၅ ရက် နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မကွေးတိုင်းဒေသကြီး၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးများ၊ ဆီထွက်သီးနှံ ဇုန်တာဝန်ခံများတက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 28, 2024

ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုနှင့် ပြည်ပတင်ပို့မှုဆိုင်ရာ အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကော်ဖီအသင်းဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ ကော်ဖီလုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 28, 2024

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဒသမတန်း လူရည်ချွန်မောင်မယ် ၁၄၀ နှင့် ကြီးကြပ်သူ ဆရာ ဆရာမများသည် အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာစိုးမြင့်ထွန်း ဦးဆောင်သောအဖွဲ့ဖြင့် နေပြည်တော်လူရည်ချွန်စုရပ်စခန်းမှ ယနေ့ နံနက်ပိုင်းက စတင်ထွက်ခွာကြပြီး ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့သို့ နံနက် ၉ နာရီခွဲတွင် ရောက်ရှိခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 28, 2024

၂၀၁၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံရှိ လူဦးရေအားလုံး၏ ၄၆ ဒသမ ၅ ရာခိုင်နှုန်းသည် ကလေးသူငယ်များနှင့် လူငယ်လူရွယ်များဖြစ်ကြောင်း သိရှိရသည်။ နိုင်ငံလူဦးရေ၏ တစ်ဝက်နီးပါးသည် နိုင်ငံတော်၏အနာဂတ်ကို ကောင်းမွေ၊ ဆိုးမွေဖန်တီးပေးမည့် အရင်းအမြစ်များအဖြစ် အသင့်ရှိနေသည်ကို မြင်တွေ့နိုင်သည်။ ထို့ကြောင့် အဆိုပါအရင်းအမြစ်များအားကောင်းသော အမွေဆက်ခံနိုင်ရေးသည် နိုင်ငံတော်နှင့် မိဘပြည်သူများတွင် တာဝန်ရှိနေပေသည်။

ဆက်လက်ဖတ်ရှုရန်

Apr 28, 2024

မြန်မာ့ကော်ဖီကို ပြည်ပဈေးကွက် ဝယ်လိုအား‌တောင်းဆိုမှုများ မြင့်တက်လာနေခြင်းမှာ မြန်မာ့ကော်ဖီစိုက်ပျိုးထုတ်လုပ်သူများအဖို့ မင်္ဂလာသတင်းကောင်းပင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေးအတွက် ကော်ဖီစီမံကိန်းကို လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုစာမက ကပင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သော်လည်း အမှန်တကယ်စိုက်ပျိုးမှုများမပြုခဲ့သဖြင့် ပြန်လည်စိစစ်မှု၊ လုပ်ကိုင်ခွင့် ရုပ်သိမ်းမှုများပြုခဲ့ရသည်။ အကယ်၍သာ ထိုစဉ်က စီမံကိန်းရည်မှန်းချက်နှင့်အညီ အမှန်တကယ်စိုက်ပျိုးခဲ့ကြပါလျှင် ယခုအချိန်တွင် ကော်ဖီထုတ်လုပ်မှု အရှိန်အဟုန်ရရှိနေမည်ဖြစ်ပြီး ဈေးကွက်တွင်လည်း ‌နေရာတစ်ခုရရှိနေနိုင်မည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 27, 2024

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး (နေပြည်တော်-မန္တလေးလမ်းပိုင်း) ရှိ လမ်းအသုံးပြုခ ကောက်ခံလျက်ရှိသော တိုးဂိတ်များဖြစ်ကြသည့် စီလမ်းဆုံတိုးဂိတ်၊ ပန်းတင်မီနီတိုးဂိတ်၊ သီးကုန်းမီနီတိုးဂိတ်၊ သီးကုန်းတိုးဂိတ်၊ ကံကောင်းမီနီတိုးဂိတ်၊ စကားအင်းတိုးဂိတ်၊ တံခွန်တိုင်တိုးဂိတ်များ၏ လမ်းအသုံးပြုခကောက်ခံနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ညွှန်ကြားရေးမှူး (မြို့ပြ) များနှင့် တိုးဂိတ်တာဝန်ခံများက နေ့စဉ်လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 27, 2024

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Apr 27, 2024

ပဲခူးတိုင်းဒေသကြီးနယ်မြေရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းကို ဧပြီ ၂၃ ရက်မှစ၍ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် သနပ်ပင်မြို့နယ် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၆၆ ခုမှ ပြည်သူ ၁၉၅ ဦး၊ ကဝမြို့နယ် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၀၃ ခုမှ ပြည်သူ ၃၀၅ ဦး စုစုပေါင်း ၅၀၀ တက်ရောက်ပြီး လက်တွေ့စမ်းသပ်မဲပေးလေ့လာကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 27, 2024

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ (၄၈) နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များနှင့် အရာထမ်း၊ အမှုထမ်းဝန်ထမ်းများ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 27, 2024

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ စာအုပ်စာစောင်များပေးအပ်ရန် အသိပေး ကြေညာချက်

ဆက်လက်ဖတ်ရှုရန်

Apr 27, 2024

မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ကြီး Dr. Md. Monwar Hossain က သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန အမျိုးသားစာကြည့်တိုက် (နေပြည်တော်) သို့ စာအုပ်များလှူဒါန်းပွဲကို ယနေ့ မွန်းလွဲ ၃ နာရီတွင် အမျိုးသားစာကြည့်တိုက် (နေပြည်တော်) ရှိ Orientation ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 27, 2024

ပြန်ကြားရေးဝန်ကြီးဌာနသည် ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားများ ရိုက်ကူးထုတ်လွှင့်ပြသရေးနှင့်ပတ်သက်၍ ၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေနှင့် ၁၉၉၆ ခုနှစ် ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေများနှင့်အညီ ကြီးကြပ်ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 27, 2024

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့ ပင်းဘုရားလမ်းဆုံတွင် ဧပြီ ၂၅ ရက်က ဆိုင်ကယ်စီးနင်းလာသည့် လမ်းသွားလမ်းလာလူငယ် ၁၀ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်မှုထမ်းဆောင်ရန် ပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မှန်ကန်မှုမရှိသည့် သတင်းတု၊ သတင်းအမှားများကို ပြည်သူများစိုးရိမ်ထိတ်လန့်စေရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားစေရန် အတွက် တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရ သည်။

ဆက်လက်ဖတ်ရှုရန်

Apr 27, 2024

ကျောင်းသား ကျောင်းသူ မျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အသိပညာများ ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များအကျိုးရှိစေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ၊ လေကြောင်း ပညာကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ တပ်မတော် (ရေ) က ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ တပ်မတော် (လေ) က အခြေခံလေကြောင်း လူငယ်သင်တန်းနှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်းဖွင့်ပွဲများကို ဧပြီ ၂၂ ရက်တွင် သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ သင်တန်းစခန်းများ၌ တစ်ပြိုင်တည်း စတင်ဖွင့်လှစ်ခဲ့ပြီး လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 27, 2024

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း အောင်မြင်ရေးအတွက် ဗဟိုသန်းခေါင်စာရင်းကော်မရှင် စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီခွဲက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 27, 2024

၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်အတွက် ရွေးချယ်ခံရသော နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူရည်ချွန်ကျောင်းသား၊ ကျောင်းသူ ၅၅၄ ဦးတို့အား ယနေ့တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန -၂ ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က တွေ့ဆုံကာ ဩဝါဒစကား မြွက်ကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Apr 27, 2024

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများအား ယနေ့မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဗိုလ်ချုပ်နိုင်နိုင်ဦး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးတင့်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်မှုအခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကားပြောကြားပြီး အာဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 27, 2024

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Chen Hai နှင့်အဖွဲ့အား ယနေ့ နံနက် ၁၀ နာရီက နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ဧည့်တွေ့ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်