Skip to main content

ချင်းတွင်းမြစ်ကြက်မွှေးဆိပ်ကမ်းတွင် ဈေးဝယ်လာသည့်လူငယ် ၁ ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးသတ်ဖြတ်ပြီး မြစ်ထဲမျှောခဲ့ကြောင်း မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော် အောက်တိုဘာ ၈

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ အမှတ် ၈ သုခဝတီရပ်ကွက်၊ ချင်းတွင်းမြစ်ကြက်မွှေး ဆိပ်ကမ်းတွင် ဈေးဝယ်လာသည့်လူငယ် ၁ ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးသတ်ဖြတ်ပြီး မြစ်ထဲမျှောခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းအမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။

အဆိုပါ သတင်းနှင့်ပတ်သက်၍ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ပြောကြားချက်အရ PDF အမည်ခံအကြမ်းဖက်သမားများသည် အဆိုပါမြို့နယ်များအတွင်း ဆက်ကြေးကောက်ခံခြင်း၊ လူသစ်စုဆောင်းခြင်းများ မကြာခဏလုပ်ဆောင်လေ့ရှိကြောင်း၊ ထို့အပြင် ၎င်းတို့၏လုပ်ရပ်များကို အားပေးထောက်ခံမှုမရှိသူများအား ဒလန်ဟုစွပ်စွဲ၍ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်းများ ကျူးလွန်လျက်ရှိကြောင်း၊ ယခုဖြစ်စဉ်တွင်လည်း အကြမ်းဖက်အားပေး တရားမဝင်ပြည်ဖျက်မီဒီယာများက အကြမ်းဖက်သမားများ၏ လုပ်ရပ်များအားဖုံးကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူလူထုမှ အထင်အမြင်လွဲစေရန်အတွက် အထောက်အထားမရှိသည့် လုပ်ကြံသတင်းများကို ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်ရေးသား ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။