Mar 01, 2020
နေပြည်တော်၊ မတ် ၂
တပ်မတော်နေ့စစ်ရေးပြ အခမ်းအနားကို ခေတ္တဆိုင်းငံ့ထားမည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က မတ်(၁)ရက် ရက်စွဲဖြင့် အသိပေးချက် တစ်ရပ်ထုတ်ပြန်ထားသည်။
Mar 01, 2020
ရန်ကုန် မတ် ၂
မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို)က ကြီးမှူးကျင်းပသည့် ၂၀၂ဝခုနှစ် ပွန်ဂဲလ်(ခေါ်) ကောက်သစ်စားပွဲနှင့် တောင်သူလယ်သမား ဦးကြီးများ ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့ညပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏလမ်းဆုံအနီး သုဝဏ္ဏဘူမိ Event Park ၌ ကျင်းပသည်။
Mar 01, 2020
ရန်ကုန် မတ် ၂
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းသည် ယနေ့မွန်းလွဲ ၃ နာရီခွဲတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ငါးထပ်ကြီးဘုရားလမ်းရှိ The Global New Light of Myanmar သတင်း စာတိုက်သို့လာရောက်ပြီး သတင်းစာအရည်အသွေး တိုးတက်ရေးအတွက် စာတည်းအဖွဲ့နှင့် တွေ့ဆုံဆွေး နွေးသည်။
Mar 01, 2020
နေပြည်တော် မတ် ၂
၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံ (၅၉) နိုင်ငံတွင် ကူးစက်ပျံ့နှံ့ လျက်ရှိသည့် COVID-19 ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား ဆောင်ရွက် လျက်ရှိရာ တွင် နိုင်ငံတကာ ကျန်းမာရေးဝန်ကြီးဌာနများနှင့်လည်းကောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့်လည်းကောင်း ချိတ်ဆက်၍ သတင်းပေးပို့ဖလှယ်ခြင်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိပါသည်။
Mar 01, 2020
နေပြည်တော်၊ မတ် ၂
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မတ် ၁ ရက် မွန်းလွဲ ၂ နာရီတွင် ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်စံပြကျေးရွာရှိ တိုက်နယ် ဆေးရုံအနီး ကားလမ်းတွင် သန်းထွန်း မောင်းနှင် လာသော မော်တော်ဆိုင်ကယ်ကိုရပ်တန့်ရှာဖွေရာ စိတ်ကြွရူး သွပ်ဆေးပြား ၂,၀၀၀ ကို သိမ်းဆည်းရမိသည်။
Mar 01, 2020
ရန်ကုန် မတ် ၂
အမျိုးသားစာကြည့်တိုက်(ရန်ကုန်) ဖွင့်ပွဲအခမ်းအနား ကျင်းပနိုင်ရေးဦစီးကော်မတီ ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် အမျိုးသားစာကြည့်တိုက် (ရန်ကုန်)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 01, 2020
ရန်ကုန် မတ် ၂
တက္ကသိုလ်၊ ကောလိပ်များတွင် သက်ရွယ်ဆင့်တူကျန်းမာရေး ပညာပေးအစီအစဉ် စတင်ဆောင်ရွက်ခြင်း အခမ်းအနား ကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
Mar 01, 2020
ပုသိမ် မတ် ၂
တောင်သူလယ်သမားနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့နယ် ဝါးဒူးကျေးရွာအုပ်စု၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ထံမှ တောင်သူလယ်သမားနေ့ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာအား ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးတင်အောင်ဝင်းက ဖတ်ကြားသည်.။
Mar 01, 2020
ရွှေဘို မတ် ၂
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးမိုးကျော်သူနှင့်အတူ တိုင်း၊ခရိုင်၊မြို့နယ်အဆင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ နံနက် (၉)နာရီက ကျင်းပ ပြုလုပ်သော ရွှေဘိုမြို့ မေတ္တာရိပ်အမျိုးသမီးစောင့်ရှောက်ရေးဂေဟာနှင့် သက်မွေးပညာ သင်တန်းကျောင်းအတွက် အလှူငွေ ကျပ် (၁,၂၁၀) သိန်း ပေးအပ်လှူဒါန်းပွဲ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် တက်ရောက်သည်။