Skip to main content

Mar 04, 2020

နေပြည်တော် မတ် ၅

ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၈) ရက်မြောက်နေ့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းများပါ ပုဒ်မ၊ ပုဒ်မခွဲများအပေါ် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2020

ဘားအံ မတ် ၅

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ဘားအံတက္ကသိုလ်ကျောင်းသားသမဂ္ဂမှဦးစီး၍ တတိယအကြိမ်မြောက် ဘားအံတက္ကသိုလ်ရေသဘင်ပွဲတော်ကို ယမန်နေ့ နံနက် ၈ နာရီက အဆိုပါတက္ကသိုလ်ပရဝဏ်အတွင်း၌ကျင်းပရာ ဘာသာရပ်ပေါင်းစုံမှ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ ပါဝင်ဆင်နွှဲခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2020

မန္တလေး  မတ် ၅

မန္တလေး မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၏ အောက်ခြေစမ္မခဏ်နောက်ကျောဘက်တွင် အက်ကြောင်းများ ဖြစ်ပေါ်နေခြင်းအား ပြုပြင်မွမ်းမံဆောင်ရွက်သွားနိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ဦးဆောင်ပြီး ဂေါပကအဖွဲ့နှင့် ပညာရှင်များ၏ ပထမအကြိမ်ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီက ဘုရားကြီးရင်ပြင်တော်ရှိ မိုးကောင်းဓမ္မာရုံတွင် ပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2020

မန္တလေး မတ် ၅

ရှေးဦးကလေးသူငယ်ဘဝ အစောပိုင်းကာလ စာတတ်မြောက်ရေး စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များအတွက် ပုံပြင်စာအုပ် အသုံးပြုခြင်း နည်းပြသင်တန်း ဖွင့်ပွဲကို မန္တလေးမြို့ရှိ Wilson Hotel တွင် ယနေ့ နံနက် ၉ နာရီ က ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းပန်ဆိုင် နှင့် မန္တလေးမြို့အခြေစိုက်တိုင်းရင်းသားလူမျိုးစုများအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်မောင်မြင့်  တို့က အမှာစကားပြောကြားသည်။ ထို့နောက် UNICEF မှ Education Specialist ဒေါက်တာအေးအေးရီ က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2020

ဝါးခယ်မ မတ် ၅

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် လှေကျင်းရပ်ကွက် မဟာဓမိကာရုံကျောင်းတိုက်တွင် ယနေ့ နံနက် ၁၀ နာရီက ပြုလုပ်သော ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် ကျောင်းပြင်ပမူလတန်းပညာရေး (NFPE) ကျောင်းသား၊ ကျောင်းသူများအား ထောက်ပံ့ငွေနှင့် စာရေးကိရိယာ ပစ္စည်းများပေးအပ်ပွဲကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2020

ပခုက္ကူ  မတ် ၅

အနည်းဆုံးအခကြေးငွေ သတ်မှတ်နိုင်ရေးဆိုင်ရာကော်မတီ (မကွေးတိုင်းဒေသကြီး)၏ အနည်းဆုံးအခကြေးငွေ အဆိုပြုနှုန်းထား တင်ပြနိုင်ရေးအတွက် မကွေးတိုင်းဒေကြီးအစိုးရအဖွဲ့၊ အလုပ်သမားရေးရာဝန်ကြီး ဦးမြင့်ဆွေသည် ယနေ့ နံနက် ၉ နာရီခွဲအချိန်က ပခုက္ကူခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ(၁)ခန်းမ၌ အလုပ်ရှင်၊အလုပ်သမားများနှင့် တွေ့ဆုံဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2020

ပုသိမ် မတ် ၅

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၀)နှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၀)ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ယမန်နေ့ နေ့လယ်ပိုင်းကကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2020

ဂန့်ဂေါ မတ် ၅

မကွေးတိုင်းဒေသကြီး အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာကော်မတီနှင့် အလုပ်ရှင်၊ အလုပ်သမားများ အနည်းဆုံးအခကြေးငွေ အဆိုပြုနှုန်းထားတင်ပြနိုင်ရေးတွေ့ဆုံပွဲကို   ယမန်နေ့နံနက်က ဂန့်ဂေါမြို့  မြစ်သာခန်းမ၌ ပြုလုပ်ခဲ့သည်။

တွေ့ဆုံပွဲတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အလုပ်သမားရေးရာဝန်ကြီး ဦးမြင့်ဆွေက အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှူး ဦးကိုကိုလင်းက အနည်းဆုံး အခကြေးငွေဆိုင်ရာကိစ္စနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2020

ရန်ကုန် မတ် ၄

မြန်မာနိုင်ငံ သတင်းစာဆရာအသင်း (MJA) ၏ စီစဉ်မှုဖြင့် Staller Seven Entertainment မှ တာဝန်ယူကျင်းပသည့် Star Awards ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယခုနှစ် ဧပြီလ ပထမပတ်တွင် ကျင်းပရန်စီစဉ်ထားမှုအား ရက်ရွှေ့ဆိုင်းကျင်းပမည်ဖြစ်ကြောင်း ယင်းဆုရွေးချယ်ရေးကော်မတီမှ သတင်းထုတ်ပြန်သည်။

CORONAVIRUS DISEASE (COVID -19) ကူးစက်မြန်ရောဂါနှင့်ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေး အဖွဲ့နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့မှ အသိပေးနှိုးဆော်ပန်ကြားချက်များအရ ထိုသို့ထုတ်ပြန်ကြေညာခြင်းဖြစ်ကြောင်း သိရသည်။

အောင်သန့်(သုတေသန)

ဆက်လက်ဖတ်ရှုရန်

Mar 04, 2020

နေပြည်တော်  မတ်  ၄

ဒုတိယအကြိမ် မြန်မာ-ချက် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ချက်သမ္မတနိုင်ငံ ပရာ့ဂ်မြို့ရှိ ချက်နိုင်ငံခြားရေး ဝန်ကြီးဌာန၌ ကျင်းပသည်။

ဆွေးနွေးပွဲသို့ နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်၊ ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဥရောပမဟုတ်သည့် နိုင်ငံများ၊ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဒုတိယဝန်ကြီး Mr. Martin Tlapa ၊ ချက်သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဒေါ်ကေသီစိုးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်