Mar 28, 2020
၁။ တစ်ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ (Pandemic) အဖြစ် ထုတ်ပြန်ထားသော Coronavirus Disease 2019 (COVID-19) နှင့် ပတ်သက်၍ မြန်မာနိုင်ငံအတွင်း ဝင်ရောက်ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာလုပ်ငန်းများအား နိုင်ငံတော်မှ အမျိုးသားအဆင့်အနေဖြင့် သတ်မှတ်၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိပါသည်။
Mar 28, 2020
(၂၈-၃-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ
၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။
Mar 28, 2020
နေပြည်တော် မတ် ၂၈
Coronavirus Disease 2019 (COVID-19) ကမ္ဘာလုံးဆိုင်ရာ ကူးစက်မြန်ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပတ်သက်ပြီး ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့ရှိ ယာယီခိုလှုံရာစခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူ (IDP) များအား ရောဂါ ကြိုတင်ကာကွယ်ရေး၊ လိုက်နာ ပူးပေါင်းဆောင်ရွက်ရေးအတွက် အသိပညာပေး ရှင်းလင်းခြင်းနှင့် လက်ဆေးဆပ်ပြာများထောက်ပံ့ပေးဝေခြင်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန တာဝန်ရှိသူများက ဆက်စပ်ဌာနများ၊ လူမှုအဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
Mar 28, 2020
မန္တလေး မတ် ၂၈
မန္တလေးမြို့ရှိ ဈေးချိုတော်အပါအဝင် ဈေးများအားလုံးရှိ အစားအသောက်နှင့်ဆေးဝါးဆိုင်များမှ လွဲပြီး ကျန်ဈေးဆိုင်များအားလုံး ပိတ်သွားမည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ဈေးနှင့် သားသတ်ဌာနမှ သိရသည်။
ဈေးများရှိ စားသောက်ကုန်နှင့် ဆေးဝါးဆိုင်းတွေကို ချန်ပြီး အကုန် ပိတ်သိမ်းသွား မည်ဖြစ်ကြောင်း ဈေးနှင့်သားသတ်ဌာန ကော်မတီဝင် ဦးကျော်ဆန်းမြင့်ကပြောသည်။ အခြေခံစားသောက်ကုန်နှင့် ဆေးဆိုင်များကိုတော့ ဈေးရုံ၏အပြင်ဘက်တန်းတွင် ရောင်းချနိုင်ရန် ပြင်ဆင်ပေးသွားမည်ဟု သိရသည်။
Mar 28, 2020
ထားဝယ် မတ် ၂၈
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ မှ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် PPE ဝတ်စုံနှင့် ကိုယ်အပူချိန်တိုင်းကိရိယာ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် (၈) နာရီက ထားဝယ်မြို့၊ ပြည်သူ့ဆေးရုံကြီး၊ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
Mar 28, 2020
ချောင်းဦး မတ် ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့တွင် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ နှင့် Community Based Facility Quarantine အဖြစ် စီမံဆောင်ရွက်ထားရှိမှုအခြေအနေများကို ယနေ့ မွန်းလွဲ(၁၂:၃၀)နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာ ဇော်ဝင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခင်၊ ဦးကျော်ဆန်း၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအောင်ဘော်နှင့် တာဝန်ရှိသူ များက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Mar 28, 2020
ညောင်ရွှေ မတ် ၂၈
လတ်တလော ကမ္ဘာနှင့်အဝှမ်းကူးစက်ဖြစ်ပွားနေသည့် Coronavirus Disease 2019 (COVID-19) အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါသည် ကူးစက်ပြန့်နှံ့မှုလျင်မြန်လျက်ရှိပြီး လူစည်ကားရာနေရာများတွင် ပိုမိုဖြစ်ပွားနိုင်ကြောင်း၊ လူစုလူဝေးမပြုလုပ်သင့်ကြောင်း သက်ဆိုင်ရာမှ အသိ ပေးထုတ်ပြန်ထားပါသည်။
Mar 28, 2020
ရန်ကုန် မတ် ၂၇
ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသည်တင် ပြေးဆွဲ နေသည့် YBS ယာဉ်လိုင်းကုမ္ပဏီများမှ YRTA ထံ ပေးသွင်းရသည့် စီမံခန့်ခွဲမှုရန်ပုံငွေကို မတ် ၂၇ ရက်မှ စ၍ ဧပြီ ၃၀ ရက်အထိ တစ်လကျော်ကြာ ကင်းလွတ် ခွင့်ပြုလိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) မန်နေဂျင်းဒါရိုက်တာ ဦးအောင်ညီညီမော်က ပြော သည်။
Mar 28, 2020
လှည်းကူး မတ် ၂၈
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ ရန်ကုန်-နေပြည်တော် အမြန်လမ်းတိုးဂိတ်အနီးရှိ ဓမ္မရံသီမိုးကုတ်ရိပ်သာကျောင်းတိုက်သို့ ပြည်ပနိုင်ငံများမှ ပြည်တွင်းသို့ ရောက်ရှိလာသူများကို (COVID-19) ရောဂါစောင့်ကြည့်မှုပြုလုပ်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် အဖွဲ့ဝင်များမှ ယမန်နေ့ နံနက် ၇:၃၀ နာရီအချိန်က လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။