May 18, 2022
ရန်ကုန် ၂၀၂၂ ခုနှစ် မေလ ၁၈ ရက်
May 18, 2022
ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်း၌ ၂၀၂၂ ခုနှစ်၊ မေလ ၁၇ ရက်မှ ၁၈ ရက်အထိ ကျင်းပသည့် အာဆီယံစီးပွားရေးဝန်ကြီးများ အထူးအစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့သည်။
May 18, 2022
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPHI NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့ အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
May 18, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဦးတည်ချက် ၉ ရပ် ချမှတ်ဆောင်ရွက်လျက်ရှိရာ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးဆိုသည့် လူမှုရေးဦးတည်ချက် တစ်ရပ်ကိုလည်း ထည့်သွင်းချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် မျိုးဆက်သစ်လူငယ်များ၏ ပညာရည်မြင့်မားရေး အတွက် ပညာသင်အခွင့်အလမ်း ပုံမှန်ပြန်လည်ရရှိစေရေးကို အထူးအလေးထား ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၁၈-၅-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီ
May 18, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်း ချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ် တကျ လိုက်နာဆောင်ရွက်ရန် လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းအား အထူးဂရုပြု ပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ပါသည်။
May 18, 2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယနေ့နံနက်ပိုင်းက ညောင်ဦးမြို့နယ် ငါ့သရောက်လျှပ်စစ် မြစ်ရေတင်သို့ရောက်ရှိပြီး ပင်မရေတင်စခန်းနှင့် ရေပေးဝေနေမှုကို လည်းကောင်း၊ ဆိုလာစနစ် အသုံးပြု၍ ထပ်ဆင့်ရေတင်နေမှုကို လည်းကောင်း၊ ရေတင်စနစ်ဖြင့် စိုက်ပျိုးထားသည့် မိုးကြိုပဲတီစိမ်း မျိုးသန့်မျိုးပွားစိုက်ခင်းကို လည်းကောင်း၊ လက်ပံခြေပေါ် ဆိုလာစနစ်သုံး ထပ်ဆင့်မြစ်ရေတင်လုပ်ငန်း အခြေအနေများကို လည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။
May 18, 2022
ဆီးဂိမ်း ဘိလိယက်တစ်ဦးချင်းပြိုင်ပွဲ ဗိုလ်လုပွဲကို မေ ၁၇ ရက် နံနက်ပိုင်းက ဗီယက်နမ်နိုင်ငံ၌ ကျင်းပရာ မြန်မာဘိလိယက်ကစားသမား ပေါက်စ ဗိုလ်စွဲခဲ့သည်။
May 18, 2022
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မေ ၁၃ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မြန်မာ့စက်မှုဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ တာဝန်ကျ အကောက်ခွန်အဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ (ID)တွင် ကြေညာထားခြင်းမရှိသော ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၃၀၅၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
May 18, 2022
ပြည်ထောင်စုရာထူးဝန်အဖွဲ့တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာထမ်း၊ အမှုထမ်း များအနေဖြင့် ကွန်ပျူတာ အခြေခံသဘောတရားများကို ပိုမိုသိရှိနားလည်ပြီး လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချနိုင်စေရန်အတွက် အခြေခံကွန်ပျူတာသင်တန်း (၂/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ထုတ်ပြန်ထားရှိသော စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ရုံးအမှတ်(၁၇) စုပေါင်းခန်းမတွင် ကျင်းပသည်။
May 18, 2022
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက နှစ်စဉ်ကျင်းပမြဲဖြစ်သော ၂၀၂၂ ခုနှစ် အစိုးရ နိကာယ်စာမေးပွဲကို ၁၃၈၄ ခုနှစ် နယုန်လဆန်း ၉ ရက်မှ ၁၃ ရက်အထိ (၂၀၂၂ ခုနှစ် ဇွန် ၇ ရက်မှ ၁၁ ရက်အထိ) ငါးရက်တိုင်တိုင် သတ်မှတ်ထားသည့် စာဖြေဌာနများ၌ တစ်ပြိုင်နက်တည်း ကျင်းပသွားမည်ဖြစ်ပါသဖြင့် ဖြေဆိုရမည့် ကျမ်းစာအလိုက် သတ်မှတ်ထားသောရက်အတိုင်း နေ့စဉ်မွန်းလွဲ ၁ နာရီမှ ညနေ ၅ နာရီအထိ ဖြေဆိုခွင့်ပြုမည်ဖြစ်သည်။