May 27, 2022
အလယ်အလတ်အဆင့် (Grade-2) နှင့် အဆင့်မြင့် (Grade-3) စာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှု သင်တန်း (အမှတ်စဉ်-၁၀၀) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး စုပေါင်းခန်းမ၌ ကျင်းပသည်။
May 27, 2022
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီစီစဉ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ချင်းရွှေဟော်ကုန်သွယ် ရေးစခန်းမှ ကုမ္ပဏီ နှစ်ခု၊ ယာဉ်နှစ်စီးဖြင့် နှာခေါင်းစည်း Mask ၁၀ တန် တင်သွင်းခဲ့ကြောင်း သိရသည်။
May 27, 2022
သူ့ကျွန်ဘဝသို့ ကျရောက်ခဲ့သည့် မြန်မာနိုင်ငံကို တိုင်းရင်းသားစည်းလုံး ညီညွတ်မှု အခိုင်အမာ တည်ဆောက်၍ ပြည်ထောင်စုစိတ်ဓာတ်အခြေခံပြီး တစုတစည်းတည်းသော ပြည်ထောင်စုနိုင်ငံအဖြစ်သို့ ဦးတည်ကာ နိုင်ငံလွတ်လပ်ရေး ရရှိအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ခဲ့သည်။ သို့သော် ဝါဒစွဲ၊ လူမျိုးစွဲ၊ ဂိုဏ်းဂဏစွဲများကြောင့် လွတ်လပ်ရေး မရမီကပင် မငြိမ်းချမ်းသောပဋိပက္ခများ စတင်ခဲ့သည်။
May 27, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများ တစ်ခုပြီးတစ်ခု ကျင်းပလျက်ရှိသည်။ တိုင်းရင်းသားပြည်သူများ လွတ်လပ်မှု၏ အရသာ၊ ဒီမိုကရေစီ၏ အရသာကို ခံစားခွင့်ရရှိနိုင်ရေး တွေ့ဆုံဆွေးနွေးပွဲများက ဒီမိုကရေစီ၏ အနှစ်သာရ ပျက်ယွင်းမှုမရှိစေရန်နှင့် ရသင့် ရထိုက်သည့်အခွင့်အရေးများ ရရှိစေရေး နှစ်ဖက်မျှတမှု ရှိစေရန်ဟူသောမူဖြင့် ကျင်းပနေခြင်း ဖြစ်သည်။
May 26, 2022
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ နတ်အိမ်တောင်ကျေးရွာရှိ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ နေအိမ် ၃ လုံးအား ယနေ့နေ့လယ် ၂ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက်သမားအင်အား ၅၀ ဦးခန့်က လာရောက်မီးရှို့သွားခဲ့ကြောင်း သိရှိရသည်။
May 26, 2022
အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအစည်းအဝေး(၁/၂၀၂၂)ကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ကျောက်စိမ်း ခန်းမ၌ ကျင်းပရာ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။
May 26, 2022
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
May 26, 2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်၊ ပုညနိမ္မိတာ ရာမရွှေသုဝဏ်ကျောင်းတိုက်၏ ဦးစီးပဓာနနာယက၊ နိုင်ငံတော်ဩဝါဒစရိယဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တသဒ္ဓိယ မဟာထေရ် မြတ်ကြီးသည် ၂၀၂၂ ခုနှစ်၊ မေ ၂၁ ရက်(စနေနေ့)နံနက် ၁ နာရီ ၄၀ မိနစ်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည်။
May 26, 2022
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကမ်းရိုးတန်းဒေသများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)မှ နယ်လှည့်အထူးကုဆေးအဖွဲ့များသည် ယနေ့တွင် ဘုတ်ပြင်းမြို့နယ်၊ ပုလဲကျွန်း အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)၌ အခြေပြု၍ ပုလဲကျွန်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၃၁၆ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးသည်။