Skip to main content

Oct 08, 2022

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မေ နေပြည်တော်၊ တိုင်ဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Oct 08, 2022

ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက် မြန်မာပြည်)တွင် အုပ်ချုပ်မှု စွမ်းရည်မြင့်မားရေးသင်တန်း အမှတ်စဉ်(၄)နှင့် စာရေးဝန်ထမ်း အခြေခံသင်တန်းအမှတ်စဉ် (၁၀၁) တို့၏ သင်တန်းဆင်းအခမ်းအနားကို ယနေ့ နံနက် ၇ နာရီခွဲတွင် တက္ကသိုလ်စစ်ရေးပြကွင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 08, 2022

နေပြည်တော် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပြိုင်ပွဲများကို နှစ်စဉ်အားကစားပြက္ခဒိန်ရေးဆွဲပြီး ကျင်းပပေးလျက်ရှိကြောင်း၊ လာမည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၄ ရက် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်ဝန်ကြီးချုပ်ဖလား ဝန်ကြီး ဌာနပေါင်းစုံ အားကစားပြိုင်ပွဲများအဖြစ် ဘောလုံး (ကျား)၊ ဘော်လီဘော(ကျား၊မ)၊ ပိုက်ကျော်ခြင်း (ကျား)၊ ဖူဆယ်(ကျား)၊ လွန်ဆွဲ(ကျား၊မ)၊ ထုပ်ဆီး တိုး(မ)၊ အပြေး(ကျား၊မ) ပြိုင်ပွဲများအဖြစ် အားကစားနည်း ခုနစ်နည်း ကျင်းပပေးသွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 08, 2022

(၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ တွင် ရခိုင်ပြည်နယ်မှ သွားရောက် ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်း က စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ဝါဝါထွန်း၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ပြိုင်ပွဲဝင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 08, 2022

မြန်မာနိုင်ငံ စာကြည့်တိုက်များဖောင်ဒေးရှင်းသို့ စေတနာရှင် အလှူရှင်များက ကျေးရွာစာကြည့် တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာအုပ်စာစောင်များ လှူဒါန်းပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့ သိမ်ဖြူလမ်း အမှတ် ၂၂၈ ရှိ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 08, 2022

မြန်မာ့ဆန်စပါးညီလာခံ ၂၀၂၂ (Myanmar Rice Conference – 2022) ကို အောက်တိုဘာလ ၆ ရက်နှင့် ၇ ရက်နေ့တို့တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်း (ဗဟိုဌာန-၂)၌ ကျင်းပခဲ့ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ပြည်တွင်း ဆန်ရိက္ခာဖူလုံပိုလျှံပြီး ပြည်ပသို့ ပိုမိုတင်ပို့နိုင်ရေးအတွက် စပါးစိုက်ဧကများ တိုးချဲ့ခြင်းထက် တစ်ဧကအထွက်နှုန်း တိုးတက်မှုဖြစ်စေရေး ထိထိရောက်ရောက်ကြိုးပမ်းကြရန် အရေးကြီးကြောင်း” ပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 07, 2022

နေပြည်တော် အောက်တိုဘာ ၇ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၇/၂၀၂၂)ကို ယနေ့မွန်းလွဲ ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 07, 2022

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှ တစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်