Oct 08, 2022
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်မ ဇာနန်းလှ၊ အသက် ၃၃ နှစ်က ဆင်ဖြူတော်(အထီး)ကလေး (၁)စီးကို ဇူလိုင် ၂၃ ရက် နံနက်မင်္ဂလာအချိန် ၆ နာရီခွဲတွင် မွေးဖွားခဲ့ပြီး အဆိုပါ ဆင်ဖြူတော်ကလေးမှာ မွေးဖွားစတွင် အရပ်အမြင့် ၂ ပေ ၅ လက်မ၊ ကိုယ်လုံး လုံးပတ် ၃ ပေ ၁ လက်မ၊ ကိုယ်အလေးချိန် ပေါင် ၁၈၀ ခန့် ရှိသည်။
Oct 08, 2022
နေပြည်တော် အောက်တိုဘာ ၇
Oct 08, 2022
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် လုံခြုံ၍စွမ်းရည်ပြည့်ဝသော အမျိုးသားငွေပေးချေမှုစနစ်တစ်ရပ် ပေါ်ပေါက်လာစေရန် ဆောင်ရွက်လျက်ရှိရာ နည်းပညာများ တိုးတက်လာသည်နှင့်အမျှ မိုဘိုင်းငွေပေး ချေမှုများမှတစ်ဆင့် ငွေကြေးလွှဲပြောင်းဝန်ဆောင်မှုလုပ်ငန်းများကို အဆင်ပြေ ချောမွေ့စွာ အသုံးပြုနိုင်ကြပြီ ဖြစ်ပါသည်။
Oct 08, 2022
၁။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၏ စိစစ်ချက်များအရ SIM Card အသုံးပြုသူအချို့သည် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် စသည့် အချက်အလက်များကို မှန်ကန်စွာဖြည့်စွက်ခြင်းမရှိဘဲ အသုံးပြုလျက်ရှိနေကြသည်ကို တွေ့ရှိနေရပါသည်။
Oct 08, 2022
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ရန်ကုန်တိုင်းဒေသကြီး အေးရှားဝေါလ် ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ တာဝန်ကျအကောက်ခွန်အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အောက်တိုဘာ ၄ ရက်တွင် လိုင်စင်ခွင့်ပြုချက်မရမီ ကုန်ပစ္စည်းရောက်ရှိသည့် ရက် ၆၀ ကျော်လွန်သည့် ဆက်သွယ် ရေးပစ္စည်းများ၊ CCTV Camera နှင့် ဆက်စပ်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၅၀၅၅၀၀) ကိုလည်း ကောင်း၊ သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာ ထားသည်ထက် ပိုမိုပါရှိလာသော ဖိနပ်အစုံ ၁၆၅၆၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၈၄၀၀၀၀) ကိုလည်းကောင်း၊ အောက်တိုဘာ ၅ ရက်တွင် သွင်းကုန်လိုင်စင် တင်ပြနိုင်ခြင်းမရှိသည့် မီးဖိုချောင်သုံးပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၇၈၀၄၇၅) ကိုလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၄၆၁၂၅၉၇၅ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။
Oct 08, 2022
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မေ နေပြည်တော်၊ တိုင်ဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Oct 08, 2022
ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက် မြန်မာပြည်)တွင် အုပ်ချုပ်မှု စွမ်းရည်မြင့်မားရေးသင်တန်း အမှတ်စဉ်(၄)နှင့် စာရေးဝန်ထမ်း အခြေခံသင်တန်းအမှတ်စဉ် (၁၀၁) တို့၏ သင်တန်းဆင်းအခမ်းအနားကို ယနေ့ နံနက် ၇ နာရီခွဲတွင် တက္ကသိုလ်စစ်ရေးပြကွင်း၌ ကျင်းပသည်။
Oct 08, 2022
နေပြည်တော် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပြိုင်ပွဲများကို နှစ်စဉ်အားကစားပြက္ခဒိန်ရေးဆွဲပြီး ကျင်းပပေးလျက်ရှိကြောင်း၊ လာမည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၄ ရက် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်ဝန်ကြီးချုပ်ဖလား ဝန်ကြီး ဌာနပေါင်းစုံ အားကစားပြိုင်ပွဲများအဖြစ် ဘောလုံး (ကျား)၊ ဘော်လီဘော(ကျား၊မ)၊ ပိုက်ကျော်ခြင်း (ကျား)၊ ဖူဆယ်(ကျား)၊ လွန်ဆွဲ(ကျား၊မ)၊ ထုပ်ဆီး တိုး(မ)၊ အပြေး(ကျား၊မ) ပြိုင်ပွဲများအဖြစ် အားကစားနည်း ခုနစ်နည်း ကျင်းပပေးသွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က ပြောကြားသည်။
Oct 08, 2022
(၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ တွင် ရခိုင်ပြည်နယ်မှ သွားရောက် ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်း က စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ဝါဝါထွန်း၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ပြိုင်ပွဲဝင်များ တက်ရောက်ကြသည်။