Oct 04, 2022
ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ် လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။
Oct 04, 2022
ဒီမိုကရေစီနိုင်ငံများတွင် မြို့ရွာအေးချမ်းသာယာရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးတို့ကို ရဲတပ်ဖွဲ့က အဓိကတာဝန်ယူဆောင်ရွက်ကြသည်။ ရဲတပ်ဖွဲ့၏ အခန်းကဏ္ဍမှာ အဓိကကျသဖြင့် ဒေသအလိုက် ရဲတပ်ဖွဲ့ကို အဆင့်မြှင့်တင်ပြီး ပြည်သူများအား ကူညီကာကွယ်စောင့်ရှောက်ပေးနေသည်ကို တွေ့မြင်နိုင်သည်။ ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နေသည့် မြန်မာနိုင်ငံတွင် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဆောင်ရွက်လျက်ရှိသည်။
Oct 04, 2022
မိမိတို့နိုင်ငံ၏ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း MSMEs များ ရှင်သန်နိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် တရားမဝင် ကုန်သွယ်မှုများပပျောက်အောင် တားဆီး တိုက်ဖျက်ရန် လိုအပ်သည်။ စင်စစ်အားဖြင့် တရားမဝင် ကုန်သွယ်မှုသည် မိမိတို့နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံအတွက် အခွန်ဘဏ္ဍာများ မှန်မှန်ကန်ကန်ရရှိရေး၊ စားသုံးသူပြည်သူများ ဘေးကင်းလုံခြုံ စိတ်ချမှုရရှိရေးတို့အတွက်လည်း ကြီးစွာသောအန္တရာယ်ပင်ဖြစ်သည့်အလျောက် မဖြစ်မနေတားဆီးတိုက်ဖျက်သွားရန် လိုအပ်သည်သာဖြစ်သည်။
Oct 03, 2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်အတွင်း PDF အမည်ခံအကြမ်းဖက် သမားများက လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ခြင်းကြောင့် သံဃာတော် ၁ ပါး ထိခိုက် ဒဏ်ရာရရှိခဲ့ကာ အမျိုးသား ၂ ဦးသေဆုံးခဲ့ပြီး ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
Oct 03, 2022
နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်းသယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ၏ တတိယအကြိမ်အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ကျင်းပရာ နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
Oct 03, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား ရန်ကုန်မြို့ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌တွေ့ဆုံ၍ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆွေးနွေးပြောကြားသည်။
Oct 03, 2022
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ်၌ ပြည်နှင်ဆောင်ရွက်မည့် တရုတ်နိုင်ငံသား ၇ ဦးအား လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့ (စိစစ်ဆဲ) က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
Oct 03, 2022
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများအနေဖြင့် လူငယ်၊ လူရွယ်များအား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များထံသို့ပို့ဆောင်၍ အကြမ်းဖက်ဖောက်ခွဲရေးသင်တန်းများ တက်ရောက်စေကာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် နိုင်ငံ့ဝန်ထမ်းများအပါအဝင် အပြစ်မဲ့ပြည်သူများအား အဓိကပစ်မှတ်ထား၍ လုပ်ကြံသတ်ဖြတ်ခြင်း၊ အများပြည်သူပိုင် အဆောက်အဦများအား မီးရှို့ခြင်း၊ ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ငန်းများကို နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Oct 03, 2022
၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁ ရက် (၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်) တနင်္လာနေ့သည် “ဒီပါဝလီနေ့”ဖြစ်သည့်အတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အတွင်းရှိရုံးများ၏ ပိတ်ရက်နှင့် လွှဲပြောင်းနိုင်သည့် စာချုပ်စာတမ်းများ အက်ဥပဒေပုဒ်မ ၂၅ အရ အများပြည်သူတို့၏ အလုပ်ပိတ်ရက်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်ကြော်ငြာစာအမှတ် ၁၆၈/၂၀၂၂ ဖြင့် ယနေ့တွင် ကြေညာလိုက်သည်။