Oct 18, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမ၌ တွေ့ဆုံ၍ ဒေသတွင်းစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးပြောကြားသည်။
Oct 18, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။
Oct 18, 2022
နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၏ ပထမနှစ်မှ ပါရဂူဘွဲ့အထိ သင်တန်းများအားလုံးကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတွင် ဖွင့်လှစ်မည်ဖြစ်ပါကြောင်း၊ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များတွင် သင်ကြားရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး၊ တည်ဆောက်ရေးနှင့် စက်ပစ္စည်းဝယ်ယူရေးလုပ်ငန်းများကို လျာထားရာတွင် လက်ရှိ ဆရာ၊ ဆရာမ၊ ဝန်ထမ်း၊ ကျောင်းသား၊ ကျောင်းသူအင်အား၊ Infrastructure နှင့် စံသတ်မှတ်ချက်များ အပေါ်မူတည်၍ ဘဏ္ဍာရေးနှစ်အလိုက် ဦးစားပေးအစီအစဉ်များဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ပြီး ဘာသာရပ်အလိုက် လက်တွေ့ခန်းများကိုလည်း အဆင့်မြှင့်တင်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က ပြောကြားသည်။
Oct 18, 2022
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ The Republic of Buryatia, Ulan-Ude တွင် ကျင်းပမည့် ပထမအကြိမ်အပြည်ပြည်ဆိုင်ရာ အရှေ့ဖျားသိပ္ပံနှင့် အဏုမြူရောင်ခြည်နည်းပညာဖြင့် ရောဂါရှာဖွေကုသရေး လက်တွေ့လေ့ကျင့်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ရန် ကာကွယ်ရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ အထူးကုဆရာဝန်ကြီး(၅)ဦးတို့သည် ယနေ့ညနေ ၄ နာရီခွဲတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှတစ်ဆင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ထွက်ခွာသွားကြောင်း သိရသည်။
Oct 18, 2022
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Hai Kyung Jun နှင့်အဖွဲ့ကို ယနေ့မွန်းလွဲ (၂)နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
Oct 18, 2022
ကျွန်ုပ်တို့နေထိုင်ရာ ကမ္ဘာမြေကြီး၌ လူသားတို့အသက်ရှင်နေထိုင်နိုင်ရန်အတွက် သဘာဝ တရား၏လက်ဆောင် သက်ရှိအုပ်စုတွင်ပါဝင်သော အပင်များသည် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း လူသားတို့အတွက် အကျိုးပြုလျက်ရှိပြီး လူသားတို့၏ ဇီဝကမ္မဖြစ် စဉ်များအတွက် မရှိမဖြစ်လိုအပ်သော အောက်ဆီဂျင်ကိုလည်း ထုတ်ပေးလျက်ရှိပေသည်။ လူသား တို့ကမ္ဘာ စိမ်းလန်းသာယာလှပဖို့အတွက် သစ်ပင်ပန်းနွယ်များသည် လူတို့၏အစားအသောက် အဖြစ်လည်းကောင်း၊ ကျန်းမာရေးအတွက် ဆေးဖက်ဝင် အပင်များအဖြစ်လည်းကောင်း၊ အလှကုန် ပစ္စည်းများထုတ်လုပ်ရာတွင် အသုံးပြုခြင်းဖြင့် များပြားသော အကျိုးကျေးဇူးများရရှိနေသည်။
Oct 18, 2022
အာဆီယံနိုင်ငံများ၏ မူပိုင်ခွင့်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (ASEAN IPR Action Plan) (၂၀၁၆-၂၀၂၅) ၏ အစီအစဉ် (၉.၅) အရ မူပိုင်ခွင့်ဆိုင်ရာ အကာအကွယ်ပေးမှုကို မြှင့်တင်ခြင်းဖြင့် စီပွားရေးဖွံ့ဖြိုးတိုးတက်စေပြီး ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားသော အာဆီယံအဖြစ် ဒေသတွင်းချမှတ်ထားသော လမ်းစဉ်နှင့်အညီ အာဆီယံနိုင်ငံများ၏ တီထွင်မှုမူပိုင်ခွင့် စနစ်တစ်ရပ် တည်ထောင်နိုင်ရန်ရည်ရွယ်၍ တီထွင်မှု မူပိုင်ခွင့်စနစ်အပေါ် ပဏာမလေ့လာမှုကို အာဆီယံမူပိုင်ခွင့်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းအဖွဲ့ (ASEAN Working Group on IP Cooperation - AWGIPC) နှင့် Patent Task Force (Patent-TF) တို့ ပူးပေါင်း၍ ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့၏ ထောက်ပံ့မှုဖြင့် ဆောင်ရွက်လျက်ရှိသည်။
Oct 18, 2022
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် နေပြည်တော် ကောင်စီနယ်မြေ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လယ်ဝေးမြို့နယ်နှင့် တပ်ကုန်းမြို့နယ်တို့အတွင်း တရားမဝင်သစ်မျိုးစုံ ၁၀ ဒသမ ၅၉၈၈ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃၂၂၀၃၀)ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
Oct 18, 2022
ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် ကော်မတီအောက်ရှိ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ၏ (၂/၂၀၂၂) ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထာရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။
Oct 18, 2022
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် အောက်တိုဘာ ၁၆ ရက်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)ရုံး၌ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ်တင်ကိုကို၊ လမ်းဦးစီးဌာန၊ အဆောက်အဦဦးစီးဌာန၊ 8soCfP12Ph19mi914zQaZz2KsGGtcANVhVVfKAnmVRqM တာဝန်ရှိသူများနှင့်အတူ ဦးစီးဌာနအလိုက် အရာထမ်း၊ အမှုထမ်းများနှင့်အတူ မိတ်ဆုံစားပွဲပြုလုပ်ပြီး နေ့လယ်စာ အတူစားသုံးသည်။