Skip to main content

Oct 18, 2022

ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)တွင် အများပြည်သူ အားလပ်ရက်များ၌ အပန်းဖြေလာရောက်ရာတွင် ကုန်းလမ်းအပြင် ရေလမ်းဖြင့် လာရောက်လည်ပတ်နိုင်ရန်အတွက် ဆိပ်ခံဗောတံတားတစ်စင်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် Regal Strength Co.,Ltd က ငွေကျပ် ၄၄၉ ဒသမ ၅၀၅ သန်းဖြင့် တင်ဒါအောင်မြင်ကာ တာဝန်ယူတည်ဆောက် ပေးလျက်ရှိသည်။ ထိုဆိပ်ခံဗောတံတား တည်ဆောက်ပြီးစီးပါက ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ(ရန်ကုန်)သို့ ကုန်းလမ်း၊ ရေလမ်းဖြင့် လမ်းနှစ်သွယ်ဝင်ရောက်နိုင်သည့်အတွက် အများပြည်သူ ခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်လာနိုင်တော့မည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 18, 2022

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ယမန်နေ့ နံနက် ၈ နာရီခွဲတွင် အရိုးရောဂါအထူးကုဆေးရုံကြီး - ရန်ကုန်သို့ရောက်ရှိပြီး အစည်းအဝေးခန်းမ၌ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ခံအင်ဂျင်နီယာများက ငါးထပ်ဆေးရုံ အဆောက်အအုံသစ်နှင့် ရှစ်ခန်းတွဲ လေးထပ်ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ပြီးစီးမှုကို လည်းကောင်း၊ ဆေးရုံအုပ်ကြီးက ဆေးရုံလုပ်ငန်းဆောင်ရွက်နေမှုကိုလည်းကောင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားပြီး ညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များ ဖြည့်စွက်တင်ပြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 18, 2022

မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှု တားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက် စကားသံများအား သဇင် FM ၏ “ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်မှ “မုံရွာမြို့အတွင်း PDF အမည်ခံ အကြမ်းဖက်သမားများ၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် သံဃာတော်တစ်ပါး ထိခိုက်ဒဏ်ရာရရှိပြီး အမျိုးသားနှစ်ဦး သေဆုံး” ခေါင်းစဉ်ဖြင့် အောက်တိုဘာ ၁၉ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့် တင်ဆက်ပေးသွားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 18, 2022

နိုင်ငံတော်အတွင်း ခေတ်မီဖွံ့ဖြိုးတိုးတက်သော Smart City များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မြို့ပြဒေသသုံး ဆိုလာစနစ်များ တပ်ဆင်အသုံးပြုမှုသည် အခရာကျလှကြောင်း၊ Smart City ၏ အင်္ဂါရပ်များတွင် Energy Efficient Smart Building များ၊ Smart Home များ၊ Electric Vehicle များ၊ Data Centre များ စသည်တို့ပါဝင်ကြောင်း၊ ခေါင်မိုးများပေါ်တွင် တပ်ဆင်အသုံးပြုသည့် စနစ်နှင့် မြေပေါ်တွင် တပ်ဆင်အသုံးပြုသည့် Ground-mounted Solar PV စနစ်များရှိကြောင်း၊ ပြည်သူများ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သည့် အနာဂတ်ကောင်းများကို ပိုင်ဆိုင်နိုင်စေရန်အတွက် မြို့ပြဒေသသုံး ဆိုလာစနစ်များ တိုးမြှင့်သုံးစွဲနိုင်စေရေး အလေးပေးကာ ပံ့ပိုးဆောင်ရွက် သွားမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျက ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 18, 2022

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် သော်မှော်ကုန်းကျေးရွာအုပ်စု၊ အိမ်ခြေ ၆၇ အိမ်၊ အိမ်ထောင်စု ၆၇ စု၊ လူဦးရေ ၁၀၅ ဦးရှိ အောင်စေတနာ ကျေးရွာဓမ္မာရုံတွင် ရွာသူရွာသားများနှင့် တွေ့ဆုံကာ မိသားစုဝင်ငွေ တိုးပွားရေးအတွက် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရေး၊ ကျေးရွာ၏ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုကိစ္စ၊ ဆောင်ရွက်ပေးရမည့် ရပ်ရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ညှိနှိုင်းဆွေးနွေးပြီး ရာသီသီးနှံများ စိုက်ပျိုးရန်အတွက် စမ်းဝတီသဘာဝမြေဩဇာများ ထောက်ပံ့ပေးအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 18, 2022

မွေးရာပါအူများ ဝမ်းဗိုက်အပြင်သို့ ရောက်ရှိနေသည့် (Gastroschisis with preterm low birth weight) အသက် လေးရက်သား မွေးကင်းစမိန်းကလေး Baby နန်းမွေဖောင်ကို စက်တင်ဘာ ၃၀ ရက်တွင် စဝ်စံထွန်း ပြည်သူ့ဆေးရုံကြီး၌ ပါမောက္ခ (ခွဲစိတ်)‌‌ ‌ဒေါက်တာ အောင်ခိုင်ဇံ၊ လက်ထောက်ဆရာဝန် ဒေါက်တာ ထက်အောင်ကျော်နှင့် ပါမောက္ခ (မေ့ဆေး) ‌ဒေါက်တာဖုန်းမြင့်တို့ ဦးဆောင်သောအဖွဲ့ကအူများကို ဝမ်းဗိုက်အတွင်း ပြန်လည် ထည့်သွင်းပေးသည့် ခွဲစိတ်ကုသမှု (Primary Closure)ကို အောင်မြင်စွာ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 18, 2022

နေပြည်တော်ကောင်စီ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီခွဲတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ (၁)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 18, 2022

တိုင်းဒေသကြီးအတွင်း အသေးစား အလတ်စား စက်မှုလက်မှုလုပ်ငန်းများ အားနည်းလျက်ရှိသည်ကို တွေ့ရကြောင်း၊ တိုင်းဒေသကြီးအတွက် ထားဝယ်အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းလုပ်ငန်း အောင်မြင်ဖြစ်ထွန်းအောင် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လုပ်ကိုင်ကြိုးစား ဆောင်ရွက်လျက်ရှိရာ မကြာမီကာလအတွင်း ပြန်လည်လုပ်ကိုင်လာမည်ဟု ယုံကြည်ကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 18, 2022

အခြေခံပညာကျောင်းများမှစ၍ ထူးချွန်ထက်မြက်သည့် အမျိုးသား/အမျိုးသမီး မျိုးဆက်သစ် လူငယ်ဘောလုံး အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရေး ရည်ရွယ်ကျင်းပသော ၂၀၂၂ ခုနှစ် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား အခြေခံပညာ ကျောင်းပေါင်းစုံ အသက် (၁၈) နှစ်အောက် အမျိုးသား/ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို အောက်တိုဘာ ၁၆ ရက် မွန်းလွဲပိုင်းက ဘားအံမြို့ အောင်သံလွင် အားကစားကွင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 18, 2022

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို ကျင်းပနိုင်ရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိရာ လာမည့်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်ပြည်သူများ ဥပဒေနှင့်အညီ လွတ်လပ်စွာမဲပေးနိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီးအတွင်း မဲဆန္ဒရှင်စာရင်းများ စိစစ်ခြင်းနှင့် မဲရုံတည်နေရာများ အတည်ပြု သတ်မှတ်ခြင်းများ ဆောင်ရွက်သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက သာယာဝတီခရိုင် ဆရာစံခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်