Nov 07, 2022
ယနေ့သည် တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့) ဖြစ်သည်။ သာမညဖလသုတ္တန်ဒေသနာတော် (ရဟန်းပြုခြင်းအကျိုး) ကို ဗုဒ္ဓဘုရားရှင်က တန်ဆောင်မုန်းလပြည့် ညမြတ်တွင် ရာဇဂြိုလ်ပြည့်ရှင် အဇာတသတ်မင်းအား အကြောင်းပြု၍ ဟောတော်မှုခဲ့ခြင်းကို သာသနာ့မှတ်တိုင် စိုက်ထူသောအားဖြင့် တန်ဆောင်မုန်းလပြည့်နေ့ကို သာမညဖအခါတော်နေ့အဖြစ်သတ်မှတ် ကျင်းပခဲ့ခြင်းဖြစ်သည်။ တန်ဆောင်မုန်းလပြည့်နေ့ကို ရှေးအခါက ကြယ်တာရာနက္ခတ်ပေါင်းစုံ ကွန့်မြူးသဖြင့် နက္ခတ်သဘင်အခါကာလဟု သတ်မှတ်ကာ နက္ခတ်တာရာများအား ဆီမီးရောင်စုံဖြင့် ထွန်းညှိပသပူဇော်သော မီးထွန်းပွဲတော်ကို ကျင်းပခဲ့ခြင်းလည်းဖြစ်သည်။ သို့ရာတွင် ထေရဝါဒဗုဒ္ဓသာသနာထွန်းကားသော မိမိတို့မြန်မာနိုင်ငံသည် ဆီမီးထွန်းခြင်းကို ဘုရားရှင်အား ပူဇော်ခြင်းအဖြစ် ပြောင်းလဲကျင်းပခဲ့ကြသည်။
Nov 07, 2022
ယနေ့သည် တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့) ဖြစ်သည့်အတွက် မြန်မာနိုင်ငံအတွင်းရှိ ဗုဒ္ဓဘာသာဝင်များက ရှေးထုံးအစဉ်အလာမပျက် တန်ဆောင်မုန်းလပြည့်နေ့ ပွဲတော်များကို ကျင်းပကြသည့်နည်းတူ မန္တလေးမြို့ရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌လည်း ကုသိုလ်ကောင်းမှုပြုကြသူများ၊ အပန်းဖြေစခန်းများ၌ လာရောက် အပန်းဖြေကြသူများဖြင့် မြို့လုံးအနှံ့ အထူးစည်ကားများပြားလျက်ရှိသည်။
Nov 07, 2022
ဒသမအကြိမ်မြောက် အာဆီယံဉာဏ်စမ်းပဟေဠိ - ဒေသတွင်းအဆင့်ပြိုင်ပွဲ (10th ASEAN Quiz - Regional Level)ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်မှ ၁၆ ရက်အထိ နေပြည်တော် MICC-II တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်ဖြစ်ရာ အဆိုပါပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုပါဝင်ယှဉ်ပြိုင်မည့် ကျောင်းသား ကျောင်းသူသုံးဦးနှင့် အရန်ကျောင်းသား ကျောင်းသူနှစ်ဦးတို့ကို အပြီးသတ်ရွေးချယ်ကာ ပြိုင်ပွဲတွင် အဆင့်မီအောင်မြင်စွာ ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူများက အာဆီယံဆိုင်ရာဗဟုသုတများ လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။
Nov 07, 2022
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ(ရန်ကုန်)၌ တည်ဆောက်လျက်ရှိသည့် ဆိပ်ခံဗောတံတား စီမံကိန်းလုပ်ငန်းဆောင်ရွက်နေမှု များကို ကြည့်ရှုစစ်ဆေးသည်။
Nov 07, 2022
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Nov 07, 2022
လာအိုနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် (၁၉)ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေး (19th ASEAN Air Chiefs Conference – 19th AACC) သို့ တက်ရောက်ခဲ့သော ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိကြသည်။
Nov 07, 2022
စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးသည် ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ရှိ အမှတ်(၁) ရေနံချက်စက်ရုံ(သန်လျင်)သို့ သွားရောက်စစ်ဆေးသည်။
Nov 07, 2022
(၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ကရင်ရိုးရာယဉ်ကျေးမှုဒုံးအကပြိုင်ပွဲကို ယမန်နေ့ညပိုင်းတွင် ဘားအံမြို့ ဒုံးယိမ်းကွင်း၌ စတင်ကျင်းပသည်။
Nov 07, 2022
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်သည် ကရင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်၊ တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၃ ရက်မွန်းလွဲပိုင်းက ဘားအံမြို့ရှိ ကရင်ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ရောက်ရှိပြီး တည်ဆောက်ရေးလုပ်ငန်းများ စံချိန်စံညွှန်းနှင့်အညီအချိန်မီပြီးစီးအောင်ဆောင်ရွက်သွားရန်၊ ပြည်ထောင်စုစိတ်ဓာတ်ခိုင်မာပြီး ထူးချွန်ထက်မြက်သော နိုင်ငံသားကောင်း၊ သမီးကောင်းများဖြစ်စေရေး အလေးထားပြုစုပျိုးထောင်ပေးသွားရန်နှင့် ဝန်ထမ်းရေးရာကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးမှာကြားပြီး ရုံးဝင်းအတွင်းကြည့်ရှုစစ်ဆေးသည်။
Nov 07, 2022
နိုင်ငံတော်ဝန်ကြီးချုပ်၏ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ အလုပ်သဘောခရီးစဉ်အတွင်း တွေ့ဆုံဆွေးနွေးမှုအရ ရုရှား - မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေး ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့ခ်မြို့ရှိ Far Eastern Federal University ၌ နိုဝင်ဘာ ၉ ရက်မှ ၁၀ ရက်အထိကျင်းပမည့် ဆေးပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများ ဆွေးနွေးပွဲအစီအစဉ်သို့ တက်ရောက်ရန် ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်း ဦးဆောင်သော ကိုယ်စားလှယ်ငါးဦးအဖွဲ့သည် ယနေ့တွင် ရန်ကုန်မြို့မှ လေကြောင်းခရီးစဉ် အမှတ်၊ 8M-333 ဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှတစ်ဆင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ထွက်ခွာသည်။