Jan 02, 2022
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ဇန်နဝါရီ(၁)ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပလိပ်မြို့ရှိ ချည်မျှင်နှင့်အထည်စက်ရုံသို့ ရောက်ရှိပြီး စက်ရုံအစည်းအဝေးခန်းမ၌ မန္တလေးတိုင်းဒေသကြီးအတွင်း ချည်မျှင်ထုတ်လုပ်သည့် စက်မှု လုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။
Jan 02, 2022
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့သို့ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၀၁ ဦး၊ အမျိုးသမီး ၇၁ ဦး၊ စုစုပေါင်း ၁၇၂ ဦး၊ ချင်းရွှေဟော်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသားလေးဦး၊ လောက်ကိုင်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသားသုံးဦး၊ အမျိုးသမီးနှစ်ဦး၊ စုစုပေါင်း ငါးဦးတို့ကို လည်းကောင်း၊ ယနေ့တွင် ကရင်ပြည်နယ်၊ မြဝတီမြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၁၉ ဦး၊ အမျိုးသမီး ၇၉ ဦး၊ စုစုပေါင်း ၁၉၈ ဦးတို့ကို လည်းကောင်း အသီးသီး လက်ခံခဲ့ကြသည်။
Jan 02, 2022
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါ အခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီ တိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများစသည့် ဦးတည်အုပ်စုများ သတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့ များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။
Jan 02, 2022
တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင် အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင် ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေး ပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
Jan 02, 2022
မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA)သည် ဇန်နဝါရီလတွင် အိန္ဒိယ၊ ထိုင်း၊ စင်ကာပူ၊ မလေးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့သို့ ကယ်ဆယ်ရေးနှင့် အထူးကယ်ဆယ်ရေးခရီးစဉ်များ ပျံသန်းပြေးဆွဲ သွားမည်ဖြစ်ကြောင်း အဆိုပါလေကြောင်းလိုင်းမှ သိရသည်။
Jan 02, 2022
မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အောက်တိုဘာလဝက်ခန့်မှ ဒီဇင်ဘာလကုန်ပိုင်းထိ နှစ်လခွဲကျော်အတွင်း ရေထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ခြောက်သန်းကျော် ရရှိခဲ့သည်။
Jan 02, 2022
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များနှင့်အတူ ဇန်နဝါရီ ၁ ရက်နေ့ နံနက် ၈ နာရီခွဲတွင် မင်္ဂလာတောင်ညွန့် မြို့နယ် မီးရထားရပ်ကွက် သဲဖြူချောင်းအတွင်း ရေစုကန်တူးဖော်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။ သဲဖြူချောင်းနှင့် ချောင်းအတွင်းသို့ စီးဝင်သည့် ရေနုတ်မြောင်းတို့ ဆုံရာနေရာတွင် ရေစုကန်တူးဖော်၍ ရေစီးရေလာကောင်းမွန်ရန် ဆောင်ရွက်ပေးခြင်းဖြင့် ဒီရေတက်ချိန်တွင် ရေကို ယာယီ ထိန်းသိမ်းထားနိုင်ပြီး မင်္ဂလာတောင်ညွန့်မြို့နယ်နှင့် ပုဇွန်တောင်မြို့နယ်အတွင်း ရေကြီးရေလျှံမှုကို ကာကွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
Jan 02, 2022
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ရေကြောင်း နှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရသည်။
Jan 02, 2022
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ရွှေလင်ပန်းကျေးရွာနေ ယမင်းထက် (ဘ) ဦးရေလွှမ်းသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ဆူပူဆန္ဒပြမှုဖြစ်စဉ်များတွင် တတ်ကြွစွာပါဝင်လှုပ်ရှားခြင်း၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့၏ အမိန့်ကြော်ငြာစာ အမှတ် (၂/၂၀၂၁) ဖြင့် အကြမ်းဖက်အုပ်စုများအဖြစ် သတ်မှတ်ကြေငြာထားသည့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း၊
Jan 02, 2022
ချစ်ခင်လေးစားအပ်ပါသော မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသား မိဘပြည်သူ ညီအစ်ကိုမောင်နှမများ ခင်ဗျာ
Jan 02, 2022
ကရင်ပြည်နယ် လေးကေ့ကော်မြို့သစ်တစ်ဝိုက် ရောက်ရှိနေသည့် NUG နှင့် PDF အမည်ခံ အကြမ်းဖက်သမားများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖော်ထုတ်ဖမ်းဆီးခဲ့ရာမှ စတင်၍ KNU/ KNLA အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားပြီး NCA ကို ပျက်စီးစေလိုသည့် ခေါင်းဆောင်အချို့ ပါဝင်သောအဖွဲ့၊ NUG၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ဒီဇင်ဘာ ၁၅ ရက်မှစတင်၍ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အဆိုပါဒေသမှ အပြစ်မဲ့ပြည်သူများ တစ်ဖက် နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိသည်။
Jan 02, 2022
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာမြို့၌ အမျိုးသားငါးဦးက အကြမ်းဖက်မှု လုပ်ရပ်များလုပ်ဆောင်ရန်အတွက် လက်လုပ်မိုင်းတပ်ဆင်နေ စဉ် ပေါက်ကွဲမှု ဖြစ်ပွား၍ လေးဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိကြောင်း သိရသည်။
Jan 02, 2022
ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုနှင့် အရေးပေါ်ကယ်ဆယ်ရေး ညှိနှိုင်းရေးမှူး Martin Griffiths က ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်တွင် မြန်မာနိုင်ငံ ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီး ဖြစ်ပွားခဲ့သော အရပ်သားများ သေဆုံးခဲ့မှုဖြစ်စဉ်နှင့် ပတ်သက်၍ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်တွင် အချက်(၅)ချက်ပါ ကြေညာချက်ကို ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရှိရသည်။
Jan 02, 2022
မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိသည်မှာ နှစ်ပေါင်း ၇၄ နှစ်ပြည့်တော့မည် ဖြစ်သည်။ ယခုနှစ်သည် မြန်မာ့သမိုင်းတွင် ထူးခြားလေးနက်သည့်နှစ်တစ်နှစ် ဖြစ်လာတော့မည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိရေးအတွက် တိုင်းရင်းသား စည်းလုံးညီညွတ်မှု အခြေခံအုတ်မြစ်ကို စိုက်ထူခဲ့သည့် စိန်ရတု ပြည်ထောင်စုနေ့နှင့် လာမည့်နှစ် ၂၀၂၃ ခုနှစ် စိန်ရတုလွတ်လပ်ရေးနေ့ အကြိုကာလဖြစ်သောကြောင့်တည်း။ မြန်မာနိုင်ငံ၏ ထူးခြားသော ဝိသေသလက္ခဏာ များကို ဆောင်ကြဉ်းသည့် နေ့ကြီးရက်ကြီးများသည် မြန်မာနိုင်ငံသူ နိုင်ငံသားများအဖို့ သတိမူဆင်ခြင် ကြိုးပမ်းအားထုတ်ရမည့် အချိန်ကာလဖြစ်သည်။
Jan 02, 2022
“အဲဒီတော့ လွတ်လပ်ရေး ရပင်ရသော်ငြားလည်း လွတ်လပ်ရေးရဲ့ တာဝန်တွေကို ကျွန်တော်တို့က မထမ်းဆောင်ချင်ဘူးဆိုရင် ခင်ဗျားတို့ရတဲ့ လွတ်လပ်ရေး ဟာ ဒီကနေ့ရပြီး မနက်ဖြန်ခါ တခြား လက်ပြန်ပါသွားမှာပဲဆိုတာ ခင်ဗျားတို့ သိစေချင်တယ်” ဟူသော စကားစုကို မြန်မာ့ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းက ၁၉၄၇ ခုနှစ် ဇူလိုင် ၁၃ ရက်တွင် ပြောကြားခဲ့သည့် နောက်ဆုံးမိန့်ခွန်းတွင် ပြောကြားခဲ့သည်။ ယင်းမိန့်ခွန်း ပြောကြားချက်များ အရ လွတ်လပ်ရေး၏ တာဝန်များသည် တိုင်းပြည်ကို ကာကွယ်ရန်နှင့် အခြားနိုင်ငံများနည်းတူ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းထမ်းရွက်ရန်ဖြစ်သည်။
Jan 01, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။
Jan 01, 2022
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိ ဒီဇင်ဘာ ၃၁ ရက်တွင် အေးရှားဝေါလ်ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ID No.100192145540 (23.12.2021) ကုန်သေတ္တာအမှတ် TEMU-3911040 (1x40’) ဖြင့် တရုတ်နိုင်ငံမှ တင်သွင်းလာသော Motorcycle Spare Part ကို စစ်ဆေးခဲ့ရာ Import Declaration (ID) တွင် ကြေညာထားခြင်းမရှိသည့် Motorcycle Spare Parts item (10)မျိုး၊ (97029)U, (5050)Kg ခန့်မှန်းတန်ဖိုးငွေကျပ် (၁၀၅ ဒသမ ၂၁၅) သန်းကို လည်းကောင်း၊ Network Camera Recorder (46)U ခန့်မှန်းတန်ဖိုးငွေကျပ် (၂၂ ဒသမ ၅၆) သန်းခန့်ကိုလည်းကောင်း အမှုတွဲဖွင့်လှစ် အရေးယူ ဆောင်ရွက်ခဲ့သည်။
Jan 01, 2022
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ဒီဇင်ဘာ(၃၁) ရက် နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်ရှိ ဇေယျဝတီ သကြားစက်ရုံသို့ ရောက်ရှိရာ စက်ရုံတာဝန်ခံက လုပ်ငန်းလည်ပတ် ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြသည်။
Jan 01, 2022
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၉ ရက် နံနက် ၁၀ နာရီက ဘုတ်ပြင်းမြို့နယ် ဘန်ဂလားကျေးရွာအုပ်စု ဘန်ဂလားကျေးရွာအနီးတွင် သန်းစိုး မောင်းနှင်လာ သည့် ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၁၃ ပြားနှင့် အိုက်စ် သုည ဒသမ ၀၁၆ ကီလို တို့ကို လည်းကောင်း။
Jan 01, 2022
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန စာပေဗိမာန်ရုံးကအပတ်စဉ် စနေ့နေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။
