နေပြည်တော် ဇွန် ၂၇
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၇ နာရီတွင် နေပြည်တော် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ယာယီဝန်ထမ်းအိမ်ရာ (၁) အတွင်း၌ ကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦး၊ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုစာရင်းစစ်ချုပ်က အမှာစကားပြောကြားပြီး ယာယီဝန်ထမ်းအိမ်ရာ (၁) အတွင်းရှိ သတ်မှတ်နေရာ၌ ကံ့ကော်ပျိုးပင်ကို ဦးဆောင်စိုက်ပျိုးပေးကာ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်နှင့် အရာထမ်း၊ အမှုထမ်းများက ယာယီဝန်ထမ်းအိမ်ရာ (၁) အတွင်းနှင့် သုခမိန်လမ်း ဘေးဝဲ/ ယာတို့တွင် ကံ့ကော်၊ အုန်း၊ ခရေ၊ ပျဉ်းမနှင့် ယမနေ စသည့်အရိပ်ရနှစ်ရှည်ပင်များ၊ သရက်၊ အုန်း၊ ပိန္နဲ စသည့်သီးပင်စားပင်များ၊ စက္ကူပန်းပင်၊ နွယ်သာကီစသည့် ပန်းအလှပင်များနှင့် ရတနာတန်းဝင် ကျွန်း၊ မဟော်ဂနီပင်များကို တပျော်တပါး စုပေါင်းစိုက်ပျိုးကြရာ ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
