ရန်ကုန် ဇူလိုင် ၁၆
ဒဂုံတက္ကသိုလ် သိပ္ပံဌာနများနှင့် ဂျပန်နိုင်ငံ Gifu University အင်ဂျင်နီယာ မဟာဌာနကြီး အောက်ရှိ သိပ္ပံဌာနများအကြား MoU ရေးထိုးပွဲကို ဒဂုံတက္ကသိုလ် ပါမောက္ခချုပ်ရုံးခန်း အစည်းအဝေးခန်းမ၌ ဇူလိုင် ၁၅ ရက်က ကျင်းပသည်။
အခမ်းအနားသို့ ဒဂုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သာထွန်း မောင်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ပါမောက္ခ များနှင့် သင်ကြားစီမံဌာနမှ ဌာနမှူးများ တက်ရောက်ကြပြီး ဂျပန် နိုင်ငံ Gifu University မှ Vice President Dr. Shinji Kambara၊ The Faculty of Engineering ဌာနမှူး Prof. Dr. Toshiaki Murai နှင့် သိပ္ပံဌာနများမှ ပါမောက္ခဌာနမှူးများက Video Conferencing ဖြင့် တက်ရောက်ကြသည်။
အခမ်းအနားမှူးအဖြစ် ဒဂုံတက္ကသိုလ် နိုင်ငံတကာဆက်ဆံ ရေးရုံးအတွင်းရေးမှူး ပါမောက္ခ ဒေါက်တာစိုးမိုးလွင်နှင့် တွဲဖက်အတွင်းရေးမှူး ကထိက ဒေါ်မေသူမောင်မောင် တို့က ဆောင်ရွက်သည်။
အခမ်းအနားတွင် ဒဂုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသာထွန်းမောင်နှင့် ဂျပန်နိုင်ငံ Gifu University မှ Vice President Dr. Shinji Kambara တို့က အမှာစကား ပြောကြားကြပြီး ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမ များ၊ သိပ္ပံဆိုင်ရာသုတေသနနှင့် လေ့ကျင့်လဲလှယ်ရေး ခရီးစဉ်၊ သိပ္ပံပညာရှင်များနှင့် သိပ္ပံပညာဆိုင်ရာ သုတေသနစာတမ်း ဖတ်ပွဲများ၊ ဖိုရမ်များနှင့် သင်တန်းများ ပူးတွဲကျင်းပခြင်းနှင့် သုတေသနရလဒ်များကို သုတေသန စာစောင်များတွင် ရေးသားဖော်ပြခြင်း စသည့် ရှေ့ဆက်ဆောင်ရွက် မည့်လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရန် အသေးစိတ် ဆွေးနွေးကြသည်။ ထို့နောက် နှစ်ဖက်အဖွဲ့အစည်းကြား MoU ရေးထိုးကြပြီး အမှတ်တရစုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြ သည်။
သတင်းစဉ်