Skip to main content

Jul 19, 2022

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ရှိ မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်မတော်စစ်ရေယာဉ်သည် ယနေ့နံနက် ၁ နာရီခန့်တွင် အပေါ်ရီကျွန်း၏ အနောက်မြောက်ဘက် ၉ မိုင်ခန့်အကွာ၌ ရေဝင်နစ်မြုပ်လျက်ရှိသော ငါးဖမ်းစက်လှေ ၁ စီးအား တွေ့ရှိသဖြင့် ကူညီကယ်ဆယ်ပေးခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 19, 2022

ရဲဘော်စိတ်ဟူသည် ရဲဘော်အချင်းချင်းအပေါ်ထားရှိသော မေတ္တာတရား၊ သံယောဇဉ်တရား၊ သစ္စာစောင့်သိမှုတရားပင် ဖြစ်သည်နှင့်အညီ တပ်မတော်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာရှိ၊ စစ်သည် အဆင့်အတန်းအားလုံး ရဲဘော်စိတ်အပြည့်ထားရှိပြီး အထက်အောက်ညီညွတ်မျှတသည့် အုပ်ချုပ်မှုစနစ်ရှိရန် လိုအပ်ကြောင်း တပ်မတော်အကြီးအကဲမှ လမ်းညွှန်မှာကြားထားသည်ဖြစ်ရာ အုပ်ချုပ်မှုညီညွတ်မျှတစေရန်အတွက် ကွပ်ကဲအုပ်ချုပ်ရာ၌ တပ်မှူးကောင်းစိတ်ဓာတ် (Commander Spirit)၊ ဖခင်သဖွယ်စိတ်ဓာတ် (Fatherly Spirit)တို့ဖြင့် ကွပ်ကဲအုပ်ချုပ်ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 19, 2022

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် တပ်မတော်အနေဖြင့် နိုင်ငံတော်၏ ပညာရေးကဏ္ဍမြှင့်တင်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန် တပ်မတော်သားများနှင့် တပ်မတော်သား မိသားစုဝင်များ ပညာရည်မြှင့်တင်ရေးကို အလေးထားဆောင်ရွက်လျက်ရှိရာ မျိုးဆက်သစ်ထူးချွန်လူငယ်မောင်မယ်များအား နိုင်ငံတကာဗဟုသုတတိုးပွားစေရန်၊ နိုင်ငံတကာယဉ်ကျေးမှုနှင့် အသိပညာများ လေ့လာသိရှိနိုင်စေရန်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ လမ်းညွှန်မှုဖြင့် စင်ကာပူနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သို့ လေ့လာရေးခရီးစဉ်သွားရောက်ခဲ့သော ကျောင်းသား၊ ကျောင်းသူများနှင့် စစ်သည်များပါဝင်သော မျိုးဆက်သစ်ထူးချွန်လူငယ်မောင်မယ်များ လေ့လာရေးအဖွဲ့သည် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 19, 2022

၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက်အာဇာနည်နေ့ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်ဂါရဝပြုသည်။

ဆက်လက်ဖတ်ရှုရန်

Jul 19, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 19, 2022

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်တွင် ငွေကျပ်သိန်း ၉,၆၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂ ဒသမ ၄ သန်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 19, 2022

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများလိုက်ပါလျက်ဇူလိုင် (၁၈)ရက် နံနက်ပိုင်းတွင် ဝေဘာဂီအထူးကုဆေးရုံကြီးတွင် Asia World ကုမ္ပဏီမှ ဆောက်လုပ်လှူဒါန်းထားသည့် ခုတင်-၁၂၀ ဆံ့ သုံးထပ်လူနာဆောင်သစ်ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှု၍ လူနာဆောင်အသုံးပြုနိုင်ရေးနှင့် ကူးစက်မြန်ရောဂါလူနာများ ထားရှိနိုင်ရေးတို့အတွက် မှာကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jul 19, 2022

ယနေ့ကျရောက်သည့် (၇၅)နှစ်မြောက်အာဇာနည်နေ့တွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် နတ်မောက်လမ်း၊ ဗိုလ်ချုပ်ပန်းခြံရှိ ဗိုလ်ချုပ်ကြေးရုပ်သို့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအား လွမ်းဆွတ်တသမှုဖြင့် အများပြည်သူ့နှင့် လူမှုရေးအသင်းအဖွဲ့များ လာရောက်ဂါဝရပြုခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 19, 2022

၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက်အာဇာနည်နေ့တွင် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များအားရည်စူး၍ နေ့ဆွမ်းဆက်ကပ်လှူဒါန်း ရေစက်သွန်းလောင်း အမျှပေးဝေခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမ ပထမထပ်ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 19, 2022

(၇၅)နှစ်မြောက်အာဇာနည်နေ့ ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့ ဝန်ကြီးများရုံး (ယခင်အတွင်းဝန်ရုံး)၌ နိုင်ငံတော်အလံအား တိုင်ဝက်သို့ လျှော့ချလွှင့်ထူခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရာ ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်ရှိ ဝန်ကြီးများရုံး (ယခင်အတွင်းဝန်ရုံး)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 19, 2022

ဘဏ်များအနေဖြင့် လုပ်ငန်းအောင်မြင်ရေးအတွက် ဗဟိုဘဏ်၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်သွားရန်လိုအပ်

ဆက်လက်ဖတ်ရှုရန်

Jul 19, 2022

သွေးထိုးလှုံ့ဆော်မှုတွေနဲ့ ခြောက်လှန့်မှုတွေကြောင့် ကျောင်းတက်ခဲ့ရတဲ့ ကျောင်းသားတွေ၊ ကျောင်းအပ်ခဲ့ရတဲ့ ကျောင်းသားမိဘတွေကို ကျွန်တော်တို့ အရေးယူဖို့ မရှိဘူးလို့ပဲ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ပြောချင်ပါတယ်

ဆက်လက်ဖတ်ရှုရန်

Jul 19, 2022

နေပြည်တော်ကောင်စီ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ စားသုံးသူပြည်သူများ စားသုံးဆီကို သက်သာသည့် ဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်ရန် ရည်ရွယ်၍ စားသုံးဆီ တစ်ပိဿာလျှင် ငွေကျပ် ၃၉၀၀ နှုန်းဖြင့် ဖြန့်ဖြူး ရောင်းချပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 19, 2022

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ တာဝန်ထမ်းဆောင် နေသော စစ်မှုထမ်းဟောင်းအဖွဲ့ဝင် ဗိုလ်ကြီးမျိုးမြတ်အောင် (အငြိမ်းစား) ကို ဖွံ့ဖြိုးမှုပညာမဟာဘွဲ့ (MDevS) သင်တန်းတက်ရောက်ရန်အတွက် ပညာသင်ထောက်ပံ့ကြေး ပေးအပ်ခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန မေခလာခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုအမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း (အငြိမ်းစား) တက်ရောက်၍ ပညာသင်ထောက်ပံ့ငွေ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 19, 2022

ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပြည်သူတို့၏ အသက်မွေးဝမ်းကျောင်း မြှင့်တင်ပေးရန် ရည်ရွယ်သည့် သီးနှံသစ်တော ရောနှောစိုက်ပျိုးခြင်းနည်းစနစ် ဖွံ့ဖြိုးစေခြင်း စီမံကိန်း၏ ကနဦး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Grand Amara ဟိုတယ်တွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 19, 2022

၂၀၂၂ ခုနှစ် ကာကွယ်ရေးဦးစီးချုပ် (ရေ) တံခွန်စိုက်ဒိုင်း လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲကို ယနေ့ညနေပိုင်းတွင် ဧရာဝတီရေတပ်စခန်းဌာနချုပ်ရှိ သီဟသူရထွန်းတင်ခန်းမ၌ ပြုလုပ်ရာ နယ်မြေခံရေတပ် ကွပ်ကဲမှုဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်ချုပ် ထိန်ဝင်းနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 19, 2022

ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနအောက်ရှိ ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များတွင် နောက်ဆုံးနှစ်စာမေးပွဲများကို ဖြေဆိုအောင်မြင်ပြီး သက်ဆိုင်ရာဆေးတက္ကသိုလ်များ၏ သင်ကြားရေး ဆေးရုံများနှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များတွင် ယနေ့မှစ၍ အလုပ်သင်ဆရာဝန်အဖြစ် (၁)နှစ် တာဝန်ထမ်းဆောင်ကြမည့်သူများ ကြိုဆိုနှုတ်ခွန်းဆက် အခမ်းအနားကို ဆေးတက္ကသိုလ် (၁)ရန်ကုန် ဆေးပညာကျွမ်းကျင်မှု ပုံတူပြုလေ့ကျင့်ရေးနှင့် သုတေသနဌာန Recreation Center (8th Floor)၌ ယနေ့နံနက် ၉ နာရီတွင် Semi Virtual စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 19, 2022

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စတူဒီယိုများ၌ ရုပ်သံအစီအစဉ်များ ရိုက်ကူးနေမှုများကိုကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်