Skip to main content

Mar 16, 2022

(၁၉)ကြိမ်မြောက် အာဆီယံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေး 19 th ASEAN chiefs of Defence Forces Meeting (ACDFM-19) တက်ရောက်ရန် ကမ္ဘောဒီးယားနိုင်ငံသို့ ရောက်ရှိနေသည့် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် ယနေ့တွင် အာဆီယံနိုင်ငံများမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ၊ တာဝန်ရှိသူများနှင့် SOKHA Hotel ရှိ အစည်းအဝေးခန်းမ၌ သီးခြားစီတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Mar 16, 2022

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ တည်ဆောက်ပူဇော်မည့် ကျောက်စာရုံစေတီများနှင့် သာသနာ့ဗိမာန်တော် ရတနာပန္နက်တော်တင် မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 16, 2022

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည့် (၂၈) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 16, 2022

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မတ် ၁၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်၍ ပူးပေါင်းစစ်ဆေးရေးအဖွဲ့များမှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ်အတွင်း တရားမဝင် ကျွန်းခွဲသား၊ ကျွန်းတံခါးချပ်နှင့် တံခါးအပိုင်းအစများ (၆ ဒသမ ၆၂၇၂) တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၁,၉၈၈,၁၆၀) တို့ သယ်ဆောင်လာသော မော်တော်ယာဉ်(၂)စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၁,၉၈၈,၁၆၀) ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 16, 2022

၂၀၂၁-၂၀၂၂ ခုနှစ် အာဆီယံပညာရေးဝန်ကြီးများ၏ ဥက္ကဋ္ဌတာဝန်ယူခဲ့သည့် ဖိလစ်ပိုင်နိုင်ငံ၊ ပညာရေးဝန်ကြီးထံမှ ၂၀၂၂-၂၀၂၃ ခုနှစ်အတွက် အာဆီယံပညာရေးဝန်ကြီးများ၏ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် လက်ခံဆောင်ရွက်မည့် ဗီယက်နမ်နိုင်ငံ၊ ပညာရေးဝန်ကြီးထံသို့ တာဝန်လွှဲပြောင်းပေးအပ်သည့် အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် Virtual စနစ်ဖြင့် ကျင်းပရာ အာဆီယံ နိုင်ငံများမှ ပညာရေးဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 16, 2022

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ရွှေတိဂုံစေတီတော် ၂၆၁၀ ပြည့်နှစ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော် အသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲ ရေစက်ချ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရွှေတိဂုံစေတီတော် ရင်ပြင် ရာဟုထောင့်ရှိ ချမ်းသာကြီး တန်ဆောင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 16, 2022

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ၂၀၂၂ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများ၊ သီလရှင်ဆရာကြီးများနှင့် လူပုဂ္ဂိုလ်များအား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲ အပ်နှင်းမဟာမင်္ဂလာအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ဆဋ္ဌသင်္ဂါယနာတင် မဟာပါ သာဏ လိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 16, 2022

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ် (၆)ရပ်ကွက်၊ အောင်မင်္ဂလာလမ်းသွယ်ရှိ “Hana Microfinance” အသေးစားချေးငွေရုံးခန်းသို့ မတ်လ ၁၅ ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် အကြမ်းဖက် သမား ၂ ဦး ဝင်ရောက်လာပြီး ငွေကိုင်ဝန်ထမ်း မသီရိထွန်း (၂၉)နှစ်အား သေနတ်ဖြင့် ပစ်ခတ်သွားသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 16, 2022

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး  "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဟူသော ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ရပ်ကွက်၊ ကျေးရွာနှင့် ကျောင်းများသို့အရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က မင်္ဂလာဒုံမြို့နယ်ရှိ အောင်ဆန်းသူရိယ လှသောင်းကျောင်းတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနားကို ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 16, 2022

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် ကိုဗစ် - ၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်စေရေးအတွက် မြို့နယ်အတွင်းရှိ အသက် ၁၈ နှစ် အထက် ပြည်သူများအား ပထမအကြိမ် နှင့် ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံခြင်းများကို ယမန်နေ့ နံနက် ၉ နာရီ အချိန်မှစ၍ သတ်မှတ်စုရပ်နေရာများတွင်  ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 16, 2022

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့်တိုက်ဆိုင်စစ်ဆေးခြင်း ရှေ့ပြေးလုပ်ငန်းများကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌  ဆောင်ရွက်လျက်ရှိရာ မတ် ၁၅ ရက်နံနက် ၁၁ နာရီခွဲက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်  မန္တလေးတိုင်းဒေသကြီးတာဝန်ခံ  ဦးအောင်မိုးမြင့်  ကြည့်ရှုစစ်ဆေးခဲ့ပြီး       လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။ 

ဆက်လက်ဖတ်ရှုရန်

Mar 16, 2022

၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အထောက်အကူပြုစိတ်ကြိုက်မြန်မာစာ ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ

ဆက်လက်ဖတ်ရှုရန်

Mar 16, 2022

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် မတ် ၁၄ ရက် နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ရုံးနှင့် စာကြည့်တိုက် တို့ကို ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီး ညွှန်ကြားရေးမှူး၊ ခရိုင်လက်ထောက် ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ ဝေါ၊ သနပ်ပင်နှင့် ကဝ မြို့နယ်တို့မှ မြို့နယ်ဦးစီးအရာရှိများ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ပဲခူးထပ်ဆင့်လွှင့်စက်ရုံမှူး တို့အား တွေ့ဆုံ၍လုပ်ငန်း ဆိုင်ရာများနှင့် ဝန်ထမ်းရေးရာကိစ္စရပ်များမှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Mar 16, 2022

ရေထွက်ကုန်များ ပြည်ပတင်ပို့မှု အနေဖြင့် ယခု ဖေဖော်ဝါရီလကုန်အထိ ဘဏ္ဍာရေးနှစ် ကာလတို အတွင်း ယခင်နှစ် အလားတူ ကာလထက် အမေရိကန်ဒေါ်လာ ၂၇ သန်းကျော် ပိုမိုတင်ပို့နိုင်သည် ကို တွေ့ရှိရကြောင်း၊ ယခုကဲ့သို့ တင်ပို့နိုင်ခြင်းသည် ဌာနနှင့် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် တို့အကြား နီးနီးကပ်ကပ်ပူးပေါင်း ဆောင်ရွက်နိုင်မှုကြောင့်ဖြစ်ကြောင်း၊ အစိုးရ၊ ပုဂ္ဂလိကနှင့် လုပ်ငန်းရှင်များ အကြား ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း မတ် ၁၃ ရက်က ရန်ကုန်တိုင်း ဒေသကြီး မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် အဖွဲ့ချုပ် တာဝန်ရှိသူများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပြော ကြားသည်။

ဆက်လက်ဖတ်ရှုရန်

Mar 16, 2022

ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်း ဆောင်ရွက်၍ နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတို့တွင် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပ စဉ်ကာလအတွင်း ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက ကျန်းမာရေး ဝန်ကြီးဌာန ရုံးအမှတ်(၄) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဇော်ဝင်း၊ ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်း၊ အခြေခံပညာဦးစီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ကုသရေး ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယညွှန်ကြားရေး မှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 16, 2022

(၁၉)ကြိမ်မြောက်အာဆီယံတပ်မတော်ထောက်လှမ်းရေးမှူးချုပ်များ အစည်းအ ဝေး (19th ASEAN Military Intelligence Meeting-AMIM-19)ကို ယနေ့နံနက်ပိုင်း တွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင် မြို့ရှိ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်း၌ ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 16, 2022

(၁၂)ကြိမ်မြောက် အာဆီယံတပ်မတော်စစ်ဆင်ရေးမှူးချုပ်များ အစည်းအဝေး 12th ASEAN Military Operation Meeting (12th AMOM) ယနေ့နံနက်ပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့ရှိ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန အစည်း အဝေးခန်း၌ ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 16, 2022

ကမ္ဘောဒီးယားနိုင်ငံတွင် ရောက်ရှိနေသည့် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စား လှယ်အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်း နှင့် မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ)ဗိုလ်မှူးချုပ် သူရလှမင်း တို့လိုက်ပါ၍ ယနေ့ နံနက်ပိုင်းတွင် ကမ္ဘောဒီးယား အထူးတပ်ဖွဲ့ Special Forces Command သို့ သွာရောက်လေ့လာကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 16, 2022

အမျိုးသားစီမံကိန်းကော်မရှင် အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၂)ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသား စီမံကိန်းကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်