Skip to main content

ဆန်၊ ပဲ၊ ပြောင်းနှင့် ဆီထွက်သီးနှံများ နယ်စပ်မှတင်ပို့ခြင်းနှင့်စပ်လျဉ်း၍ ကြေညာချက်ထုတ်ပြန်

ဆန်၊ ပဲ၊ ပြောင်းနှင့် ဆီထွက်သီးနှံများအား ပြည်ပသို့ နယ်စပ်မှတစ်ဆင့် တင်ပို့ခြင်းနှင့်စပ်လျဉ်း၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂ ရက် ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်ထားသည်ကို ဖော်ပြအပ်ပါသည်။

နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ အစည်းအဝေးအမှတ်စဉ် (၂၇/၂၀၂၂)၏ အစည်းအဝေးဆုံးဖြတ်ချက်အရ ၁-၇၂၀၂၂ ရက်နေ့မှစ၍ ဆန်၊ ပဲ၊ ပြောင်းနှင့် ဆီထွက်သီးနှံများအား ပြည်ပသို့ နယ်စပ်မှတစ်ဆင့် တင်ပို့မှုနှင့်ပတ်သက်၍ အမေရိကန်ဒေါ်လာဖြင့်သာ တင်ပို့ခွင့်ပြုရေး ဆောင်ရွက်သွားရန်နှင့် ပို့ကုန်ဈေးနှုန်းသတ်မှတ်နှုန်းထားများကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုသတ်မှတ်သည့် နှုန်းထားများနှင့်တစ်ပြေးညီ ဖြစ်စေရေးဆောင်ရွက်သွားရန် ဆုံးဖြတ်ခဲ့ပါ သည်။

ပို့ကုန်ပစ္စည်းများနှင့်ပတ်သက်၍ ပို့ကုန်ရငွေသည် (၄၅)ရက်အတွင်း မဖြစ်မနေဝင်ရောက်ရမည်ဖြစ်ပြီး ပို့ကုန်လိုင်စင် သက်တမ်းကို (၁)လခွင့်ပြုပေးရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးဌာနစီမံခန့်ခွဲရေးကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၁၁/၂၀၂၂)မှ ဆုံးဖြတ်ခဲ့ပါသည်။

ဆီထွက်သီးနှံတင်ပို့မှုအား (၈-၅-၂၀၂၂)ရက်နေ့မှစ၍ ယာယီရပ်ဆိုင်းထားခဲ့သည့်အတွက် ပြန်လည်ခွင့်ပြုနိုင်ရေးအပေါ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးသို့ တင်ပြထားဆဲဖြစ်၍ ဝန်ကြီးရုံး၏ ခွင့်ပြုချက်ရရှိမှသာ ခွင့်ပြုသွားမည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ သက်ဆိုင်ရာ OSS ဌာနတာဝန်ခံများ၊ မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်း၊ ဆန်စပါးကုန်စည်ဒိုင်နှင့် ပဲ၊ ပြောင်း၊ နှမ်း လယ်ယာထွက်ကုန်စည်ဒိုင်များအနေဖြင့် ဆန်ပဲ၊ ပြောင်းနှင့် ဆီထွက်သီးနှံများအား ပြည်ပသို့ နယ်စပ်မှတစ်ဆင့် တင်ပို့မှုနှင့် ပတ်သက်သည့် ညွှန်ကြားချက်အား သိရှိလိုက်နာဆောင်ရွက်သွားရန် အကြောင်းကြားပါသည်။

Myantrade