နေပြည်တော်၊ ၁၃၈၄ ခုနှစ်၊ ဝါခေါင်လဆန်း ၉ ရက်
(၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၅ ရက်)
၁။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၄၉၊ ပုဒ်မခွဲ(ခ)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ဤအမိန့်ကြော်ငြာစာအား ထုတ်ပြန်လိုက်သည်။
၂။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပြည်တွင်း၌နေထိုင်သူများ၏ ပြည်ပမှ နိုင်ငံခြားသုံးငွေဖြင့်ရရှိသော နိုင်ငံခြားသုံးငွေများနှင့်စပ်လျဉ်း၍လည်းကောင်း၊ နိုင်ငံခြားသုံးငွေများ ပြည်ပသို့ လွှဲပြောင်းခြင်းနှင့်စပ်လျဉ်း၍လည်းကောင်း အမိန့်ကြော်ငြာစာအမှတ် (၁၂/၂၀၂၂) ကို (၃-၄-၂၀၂၂)ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။
၃။ ပို့ကုန်တင်ပို့သူများ ပို့ကုန်တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ရငွေပမာဏ၏ ၆၅ ရာခိုင်နှုန်းကိုသာ အထက်ပါအပိုဒ်(၂)ပါ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် (၁၂/၂၀၂၂) သတ်မှတ်ညွှန်ကြားချက်များအတိုင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရန် ဖြစ်ပါသည်။
၄။ ဤအမိန့်ကြော်ငြာစာသည် ထုတ်ပြန်သည့်နေ့မှစ၍ အကျိုးသက်ရောက်စေရမည်။
၅။ ဤအမိန့်ကြော်ငြာစာကို လိုက်နာခြင်းမရှိပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေအရ အရေးယူခြင်းခံရမည်။
သန်းညိန်း
ဥက္ကဋ္ဌ