Skip to main content

Apr 22, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 22, 2022

မိုးရာသီကာလတွင် ဖြစ်ပွားလေ့ရှိသော ဘေးအန္တရာယ်များအတွက် ကျန်းမာရေးကဏ္ဍ ကြိုတင်ပြင်ဆင်မှုအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၊ COVID-19 Command Center အစည်းအဝေးခန်းမ Virtual စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 22, 2022

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဟောင်း ဦးကျော်လင်း၏ ဆောင်ရွက်ချက်များအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် အညီ အရေးယူပေးပါရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း စစ်ဆေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Apr 22, 2022

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးသောင်းထွန်း၏ ဆောင်ရွက်မှုများ အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနှင့်အညီ အရေးယူပေးပါရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Apr 22, 2022

ဖိလစ်ပိုင်နိုင်ငံ ခရီးသွားလာရေးဝန်ကြီးဌာန၏ ဦးဆောင်မှု၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းကောင်စီ (World Travel and Tourism Council-WTTC)၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် (၂၁)ကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ ခရီးသွားလုပ်ငန်းညီလာခံ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံ၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်ဦးဆောင်၍ ညွှန်ကြားရေးမှူးချုပ်များ၊ အရာရှိကြီးများ၊ Video Conferencing စနစ်ဖြင့် တက်ရောက် ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 22, 2022

(၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲပထမနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ကျင်းပရာ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များဖြင့် စည်ကားလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 22, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ပြောကြားသည့် မိန့်ခွန်းအား MRTV HD နှင့် MWD HD တို့တွင် မကြာမီထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း ကြိုတင်အသိပေး ကြေညာအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 22, 2022

အိန္ဒိယအစိုးရက မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့အဖြစ် လှူဒါန်းသည့် ဆန်နှင့် ဂျုံတို့ကို ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် စက်ဆန်းရပ်ကွက်ရှိ သိုလှောင်ရုံများအတွင်း၌ စနစ်တကျထားရှိ၍ ပြည်သူများ၏ လက်ဝယ်အရောက် ဖြန့်ဝေပေးနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 22, 2022

အင်းတော်မြို့နယ်၌ ငွေကျပ် သိန်း ၅၉၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 22, 2022

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်သို့ ရောက်ရှိပြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် သမဝါယမဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Apr 22, 2022

ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းသည် ယနေ့နံနက်ပိုင်းတွင် ကမ္ဘော ဒီးယားနိုင်ငံ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E. Dr. KUNG Phoak ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ကျန်းမာရေးဝန်ကြီး ဌာန၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ ဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 22, 2022

အားလုံးအတွက် အဟန့်အတားမဲ့ခရီးသွား အလုပ်ရုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 22, 2022

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်သို့ ရောက်ရှိပြီး အသေးစား စက်မှုလက်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 22, 2022

ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားရေး၊ လုပ်ငန်းခွင်ကျွမ်းကျင်မှုရှိစေရန်နှင့် ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အဦ၊ လမ်း၊ တံတားနှင့် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ စာရင်းကိုင်(၄) မွမ်းမံသင်တန်းအမှတ်စဉ်(၁/၂၀၂၂)နှင့် စာရင်းကိုင်(၄) အလုပ်ခွင်ဝင်သင်တန်း အမှတ်စဉ်(၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 22, 2022

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ် ဖမ်းဆီးရေးအတွက် ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ်(Community Monitoring and Reporting System- CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဧပြီ ၄ ရက်မှ ၁၇ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း ၁၉၁ ဒသမ ၆၃၁၄ တန်၊ သစ်မာ ၁၁၂ ဒသမ ၇၆၈၆ တန်၊ အခြား ၃၀၉ ဒသမ ၂၇၆၅ တန် စုစုပေါင်း ၆၁၃ ဒသမ ၆၇၆၅ တန်၊ တရားခံ ၄၃ ဦး၊ ယာဉ်/ယန္တရား ၂၇ စီး ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 22, 2022

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဧပြီ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ရခိုင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပြည်နယ်သစ်တောဦးစီးဌာန ဦးဆောင်သော စစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တောင်ကုတ်မြို့နယ်နှင့် ဂွမြို့နယ်တို့အတွင်း တရားမဝင်သစ်မျိုးစုံ (၆ ဒသမ ၁၈၂၈)တန်၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၃၂၇၉၆)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 22, 2022

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဦးအောင်နိုင်ဦးတို့သည် AP သတင်းဌာန၊ ရိုက်တာ သတင်းဌာန၊ South China Morning Post သတင်း ဌာနနှင့် Straits Times သတင်းဌာန၊ China Central Television(CCTV) သတင်းဌာန၊ People’s Daily သတင်းဌာနနှင့် ဆင်ဟွာသတင်းဌာနတို့မှ သတင်းထောက်များကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမများ၌ ဗီဒီယို ကွန်ဖရင့်ဖြင့် တွေ့ဆုံ၍ မေးမြန်းချက်များကို ပြန်လည်ဖြေကြားသည်။

ဆက်လက်ဖတ်ရှုရန်

Apr 22, 2022

အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ ကျေးလက်ဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန (Centeron Integrated Rural Development for Asia and the Pacific - CIRDAP)၏ (၂၃)ကြိမ်မြောက် အုပ်ချုပ်မှုကောင်စီအစည်းအဝေး (23rd Governing Council (GC-23) Meeting) ကို ယနေ့နံနက်ပိုင်းတွင် ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် တာဝန်ယူ၍ Virtual Meeting အွန်လိုင်းစနစ်ဖြင့် ကျင်းပရာ (၂၃)ကြိမ်မြောက် အုပ်ချုပ်မှုကောင်စီ၏အဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ဦးဆောင်သော စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်