Jun 17, 2022
မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်း Pilot Project အဖြစ်ဆောင်ရွက်သည့် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ မသန်စွမ်းသူများအတွက် မသန်စွမ်းမှတ်ပုံတင်လက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမတွင် ကျင်းပသည်။
Jun 17, 2022
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသောအားဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးခြင်းနှင့် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားများကို ယနေ့နံနက်ပိုင်းက အဆိုပါဝန်ကြီးရုံး၌ ကျင်းပသည်။
Jun 17, 2022
မဲခေါင်သိပ္ပံနှင့် ထိုင်းနိုင်ငံဆိုင်ရာ ကိုးရီးယားသမ္မတနိုင်ငံသံရုံးတို့ ပူးပေါင်းကာ မဟာမဲခေါင်ဒေသအတွင်း မဲခေါင်-ကိုးရီးယားပူးပေါင်းဆောင်ရွက်ရေး ဒေသဆိုင်ရာဖိုရမ်ကို ယနေ့နံနက်ပိုင်းတွင် Hybrid စနစ်ဖြင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ရှန်ဂရီလာဟိုတယ်၌ ကျင်းပသည်။
Jun 17, 2022
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ်စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။
Jun 17, 2022
အကြိမ်(၂၀)မြောက် အာဆီယံတက္ကသိုလ်များအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားပြိုင်ပွဲများအောင်နိုင်ရေးညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jun 17, 2022
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်စိုးသည် ဇွန် ၁၅ ရက်နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူဧရာဝတီတိုင်းဒေသကြီ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုများကို ကွင်းဆင်းစစ်ဆေးသည်။
Jun 17, 2022
အာဆီယံဖောင်ဒေးရှင်းနှင့် ဂျာမနီနိုင်ငံတို့မှ Software ကုမ္ပဏီ SAP (Systems Applications and Products in Data Processing) တို့ပူးပေါင်းပြီး “အာဆီယံဒစ်ဂျစ်တယ်နည်းပညာ စွမ်းဆောင်ရည်မြှင့်တင်မှုအစီအစဉ်” (ASEAN Digital Empowerment-DE)အား စတုတ္ထစက်မှု တော်လှန်ရေးကာလအတွင်း လူငယ်များ၏စွမ်းဆောင်ရည်ကို မြှင့်တင်ပေးခြင်းဖြင့် ၎င်းတို့အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရေရှည်တည်တံ့ ခိုင်မြဲစေရန်ရည်ရွယ်၍ အွန်လိုင်းသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါအစီအစဉ်သို့
Jun 17, 2022
၁။ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ်ဆွတ်ခူးအောင်မြင်ခဲ့ကြသော မြန်မာအားကစားသမားများအား နိုင်ငံတော်မှအားပေးဂုဏ်ပြုချီးမြှင့်သည့်အနေဖြင့် လူစီးမော်တော်ယာဉ်ဝယ်ယူခွင့်ကို အထူးကိစ္စရပ်အနေဖြင့် ခွင့်ပြုသွားမည်ဖြစ်ပါသည်။
Jun 17, 2022
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို www.myanmarexam.org တွင် ထုတ်ပြန်ကြေညာလိုက်ပြီ ဖြစ်ပါသည်။ သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီးများမှ စာစစ်ဌာနများ၏ အောင်စာရင်းများကို အောက်ပါ Link များမှ တစ်ဆင့် ဝင်ရောက်ကြည့်ရှု နိုင်ပါသည်။
Jun 17, 2022
(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင် နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့သည့် ဧရာဝတီတိုင်းဒေသကြီးမှ နိုင်ငံလက်ရွေးစင်အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ခြင်းကို ယနေ့နေ့လယ်ပိုင်းတွင် ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Jun 17, 2022
တိုင်းရင်းသားလူမျိုးများစွာ မှီတင်းနေထိုင်လျက်ရှိသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးအတွက် အချင်းချင်းသွေးစည်း ညီညွတ်မှုရှိမှသာ ပြည်ထောင်စုကြီးမပြိုကွဲဘဲ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲမည်ဆိုသည်ကို အတိတ်သမိုင်းမှသင်ခန်းစာများရရှိခဲ့ပြီး ဖြစ်ပါသည်။ အနာဂတ်တွင်လည်း အလားတူ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ ကျစ်လစ်ခိုင်မာသည့် ညီညွတ်သောစုပေါင်းအားကို ဆက်လက်ကြိုးပမ်းတည်ဆောက်သွားရမည်ဖြစ်ပါသည်။ နိုင်ငံရေးအရသဘောထားကွဲလွဲမှု၊ တိုင်းရင်းသားအရေးအရသဘောထားကွဲလွဲမှုများကြောင့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားခဲ့ရပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်ခဲ့ရပါသည်။
Jun 17, 2022
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို တစ်ပြည်လုံးအတွက် တစ်ပြိုင်တည်းတစ်ရက်တည်းဖြင့် အပြီးထုတ်ပြန်ကြေညာသွားမည်ဖြစ်ရာ လမ်းပန်းဆက်သွယ်ရေးခက်ခဲသော တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ စာစစ်ဌာနများ၏ အောင်စာရင်းများကို ဇွန်လ ၁၇ ရက်နေ့ နံနက် ၆ နာရီတွင် မြန်မာ့အသံ (ရေဒီယို) တိုင်းရင်းသားအစီအစဉ်များမှ စတင်ထုတ်လွှင့်ကြေညာပေးမည်ဖြစ်ကြောင်း သိရသည်။
Jun 17, 2022
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကား ဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Jun 17, 2022
“ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ” သည် မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့်စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များ၊ အသင်းဝင်ကုမ္ပဏီများစုစည်းဖွဲ့စည်းထားသော Consortium အဖွဲ့နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့နှင့်ပူးပေါင်း၍ တောင်သူလယ်သမားများ စိုက်ပျိုးရေးလုပ်ငန်းခွင်တွင်အသုံးပြုရန် လိုအပ်လျက်ရှိသောအရည်အသွေးနှင့် စံချိန်စံညွှန်းပြည့်မီသည့် ယူရီးယားမြေဩဇာများ ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်။
Jun 17, 2022
သမဝါယမစာရင်းရေး စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း (မကွေး)ဖွင့်ပွဲကို ဇွန် ၁၆ ရက် နံနက် ၉ နာရီက မကွေးတိုင်းဒေသကြီးသမဝါယမစာရင်းရေး စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း(မကွေး)၌ ကျင်းပသည်။
Jun 17, 2022
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ် စေပြီး အစိုးရယန္တရားများပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Jun 17, 2022
လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပြဌာန်း
Jun 17, 2022
မြန်မာနိုင်ငံလွတ်လပ်ရေးရရှိခဲ့သည်မှာ လာမည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် စိန်ရတု ကာလသို့ရောက်မည်ဖြစ်သည်။ လွတ်လပ်ရေးရရှိပြီးသည်မှာ ၇၅ နှစ်ကြာပြီဖြစ်သော်လည်း လွတ်လပ်ရေး၏ အသီးအပွင့်၊ အနှစ်သာရများကို တိုင်းရင်းသားပြည်သူများ ပြည့်ပြည့်ဝဝ မခံစားကြရသေးပေ။ လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာသော လက်နက်ကိုင်ပဋိပက္ခများသည် ယနေ့ထက်တိုင်အောင်ဖြစ်ပွားလျက်ရှိသဖြင့် မငြိမ်းချမ်းခြင်း၏ဆိုးမွေများကို တိုင်းရင်းသားပြည်သူများ ခံစားနေကြရသည်။
Jun 17, 2022
၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်သည်။ စာမေးပွဲကျင်းပစဉ်က ဝင်ရောက်ဖြေဆိုသူပေါင်း သုံးသိန်းနီးပါးရှိခဲ့ရာ နှစ်စဉ်အောင်ချက်ရာခိုင်နှုန်းများကို ပြန်လည်လေ့လာကြည့်ပါက ဝင်ရောက်ဖြေဆိုသူများ၏ သုံးပုံတစ်ပုံခန့်သာ တက္ကသိုလ်ဝင်စာမေးပွဲအောင်ကြခြင်းဖြစ်ပြီး ကျန်သုံးပုံနှစ်ပုံခန့်မှာ ကျရှုံးကြသည့်အတွက် ယခုနှစ်တွင်လည်း စာမေးပွဲအောင်သူထက် ကျသူကများမည်ဟု တွက်ဆနိုင်သည်။
Jun 16, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၆)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ယနေ့နေ့လယ်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက PDF အပါအဝင် အဖွဲ့အစည်း အမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင် ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများမှ ဥပဒေဘောင်အတွင်းဝင်ရောက်လိုသူများနှင့်ပတ်သက်၍ အသိပေးထုတ်ပြန်ရသည့်အခြေအနေများ၊ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ တာဝန်မှကင်းကွာနေသော အခြေခံပညာရေး ဝန်ထမ်းများအား ပြန်လည်ဖိတ်ခေါ်ခြင်းနှင့် PDF အမည်ခံအကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကိုလည်းကောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးက ရွေးကောက်ပွဲကော်မရှင်ဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း အသီးသီး ရှင်းလင်းပြောကြားကြသည်။