Skip to main content

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးသန်းဆွေ ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့ အာဆီယံအဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ (ASEAN-PAC)၏ (၁၈) ကြိမ်မြောက် အကြီးအမှူးများအစည်းအဝေးသို့ တက်ရောက်ရန် ကမ္ဘောဒီးယားနိုင်ငံသို့ထွက်ခွာ

နေပြည်တော် နိုဝင်ဘာ ၂၁

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးသန်းဆွေ ခေါင်းဆောင်သော အဂတိလိုက် စားမှုတိုက်ဖျက်ရေး ကိုယ်စားလှယ် အဖွဲ့သည် ကမ္ဘောဒီးယား အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ Vice-President YONN SINAT ၏ ဖိတ်ကြားချက်အရ နိုဝင်ဘာ ၂၂ ရက်မှ ၂၃ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့၌ ကျင်းပမည့် အာဆီယံအဂတိ လိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ (ASEAN-PAC) ၏(၁၈)ကြိမ်မြောက် အကြီးအမှူးများအစည်း အဝေးသို့တက်ရောက်ရန် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့မှ ကမ္ဘောဒီးယားနိုင်ငံသို့ လေကြောင်း ခရီးဖြင့် ထွက်ခွာသွားသည်။

အဆိုပါ ကိုယ်စားလှယ်အဖွဲ့ကို အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်းနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင် ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြောင်း သိရသည်။

သတင်းစဉ်