Skip to main content

Nov 21, 2022

မျက်မှောက်ကာလ လူ့အခွင့်အရေးအကြောင်းပြောလျှင် ပြီးခဲ့သည့် ရာစုနှစ်နှစ်ခုဆီမှ ကိုလိုနီနယ်ချဲ့အင်ပါယာများနှင့် ကမ္ဘာစစ်ကြီးနှစ်ခုတို့ကို ပြန်လည်အမှတ်ရရန်လည်း လိုအပ်သည်။ သာသနာပြုရန်၊ ကုန်ကြမ်းများရယူရန်၊ ကုန်ချောများရောင်းချရန်၊ ဈေးကွက်လက်ဝါးကြီးအုပ်ရန်ဟူသော အကြောင်းပြချက်အမျိုးမျိုးဖြင့် (တစ်နည်းဆိုရလျှင်) အတိုင်းမသိကြီးမားလှသော လောဘဇောဖြင့် ကမ္ဘာ့အနောက်ခြမ်းမှနိုင်ငံအချို့က ကျန်ကမ္ဘာ့နိုင်ငံပေါင်းများစွာတို့ကို သိမ်းပိုက်ကျွန်ပြုခဲ့ခြင်း၊ နယ်ချဲ့လက်ဟောင်းနှင့် နယ်ချဲ့လက်သစ်နိုင်ငံများအချင်းချင်း စားကျက်လုကြရာမှ ပထမကမ္ဘာစစ်ကြီးဖြစ်ပွားခဲ့ရပြီး နှစ် ၃၀ ခန့်ကြာသည့်အခါတွင် ယင်း၏ နောက်ဆက်တွဲဖြစ်သော ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားခဲ့ခြင်းတို့သည် လူအဖြစ်မွေးဖွားလာသူတိုင်းတွင် တူညီသောအခွင့်အရေးရှိသည်ဟူသော အယူဝါဒဖြစ်ပေါ်လာစေသည့် အခြေခံအကြောင်းတရားများပင်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 20, 2022

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ရွှေကျင်-ကျောက်ကြီးသွား ကားလမ်းပေါ်ရှိ သရက်ချောင်း ချောင်းကူးတံတားအား ယနေ့နံနက် ၇ နာရီ ၁၀ မိနစ်ခန့်တွင် PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 20, 2022

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 20, 2022

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)သည် ယနေ့တွင် ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့ရှိ ပြည်သူ့ဆေးရုံတွင် အခြေပြု၍ ဒေသခံပြည်သူ ၁၀၆၆ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 20, 2022

ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ရောက်ရှိနေသည့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးလွင်ဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် နိုဝင်ဘာ ၁၉ ရက်တွင် Stavropol Region အတွင်းရှိ Barsuchkovskaya အသေးစားရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် Kochubeevskaya WPP လေအားလျှပ်စစ်စက်ရုံများသို့ သွားရောက်လေ့လာကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 20, 2022

ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၁၉-၁၁-၂၀၂၂) ရက်နေ့၊ ည (၈:၀၀)နာရီမှ (၂၀-၁၁-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၆,၀၆၂) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၈)ဦးတွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ (၀.၃) ရာခိုင်နှုန်းရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 20, 2022

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် မြနန်းစံကျော်ရွှေနန်းတော်သို့ ရောက်ရှိကာ အရှေ့ပိုင်းမင်းခန်းတော်ဆောင်များ၊ မိဖုရားဆောင်များ၊ အနောက်ပိုင်း မင်းခန်းတော်ဆောင်များ၊ နန်းတွင်း ကျောက်စာရုံ (၁)၊ (၂)၊ အမြောက်ပြတိုက်၊ နန်းမြင့် မျှော်စင်နှင့် မင်းတုန်းမင်းနှင့် မိဖုရားခေါင်ကြီးတို့၏ ဂူဗိမာန်တော်များကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 20, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၂၁) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာ ၁၈ ရက် နေ့လယ်ပိုင်းတွင် ပြန်ကြားရေး ဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ် များက သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။

ဆက်လက်ဖတ်ရှုရန်

Nov 20, 2022

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်းနှင့် တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၁၇ ရက် နံနက်ပိုင်းတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ပူတာအိုမြို့နယ် ဇီအွန်-လန်းတောင်-နောင်ခိုင် ကျေးရွာချင်းဆက် ကျောက်ချောလမ်း အရှည် ၁ မိုင် ၇ ဖာလုံ ဖောက်လုပ် နေမှုလုပ်ငန်းခွင်သို့ရောက်ရှိပြီး ဇီအွန်မှ မူလာရှီးဒီသို့ ကျောက်ချောလမ်း ဆက်လက်ဖောက်လုပ်နိုင်ရေး စိစစ်တင်ပြရန် တာဝန်ရှိသူများကို မှာကြား၍ လမ်းတစ်လျှောက် ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 20, 2022

ဘရာဇီးလ်ဖက်ဒရယ်သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးအောင်ကျော်ဇံသည် ၎င်း၏ ခန့်အပ်လွှာကို ၂၀၂၂ခုနှစ်၊ နိုဝင်ဘာ ၁၆ ရက်တွင် ဘရာဇီးလ်နိုင်ငံ သမ္မတရုံး၌ ဘရာဇီးလ် ဖက်ဒရယ်သမ္မတ နိုင်ငံ ဒုတိယသမ္မတ အန်တိုနီယို ဟမျူတို မာချင်းစ် မော်ရိုထံသို့ ပေးအပ်ခဲ့ပြီး ဖြစ်သည်။ သံအမတ်ကြီးနှင့်အတူ မက္ကဆီကို၊ ဒိန်းမတ်၊ ဖင်လန်၊ နီပေါ၊ အာဂျင်တီးနား၊ အဇာဘိုင်ဂျန်နှင့် အိုမန်နိုင်ငံတို့မှ သံအမတ်ကြီးများလည်း ၎င်းတို့၏ ခန့်အပ်လွှာများအား ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 20, 2022

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာနဝန်ကြီး H.E. Mr. Vitaly Saveliev ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ နိုဝင်ဘာ ၁၅ ရက်မှ ၁၈ ရက်အထိ ကျင်းပခဲ့သော (၁၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာဖိုရမ်နှင့် Transport Week 2022 ပြပွဲ သို့ တက်ရောက်ခဲ့သည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 20, 2022

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့ကကြီးမှူး ကျင်းပသည့် (၁၀၄) ကြိမ်မြောက် စေတိယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်စာမေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းတည့် ၁၂ နာရီတွင် ရွှေတိဂုံစေတီတော် ရင်ပြင် ရာဟုထောင့်အောင်မြေရှိ ချမ်းသာကြီးတန်ဆောင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 20, 2022

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့၌ အောက်တိုဘာလ ၁၆ ရက်တွင် ကျင်းပခဲ့သည့် (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီ အစည်းအဝေးတွင် “မြန်မာနိုင်ငံရှိ ‘ရိုဟင်ဂျာ’ ဆိုသူ မွတ်စလင်များနှင့် အခြားလူနည်းစုများ၏ အခွင့်အရေး အခြေအနေ” ဟု ခေါင်းစဉ်တပ်ထားသည့် ဆုံးဖြတ်ချက်အဆိုသည် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ပြီး တစ်နိုင်ငံတည်းအပေါ် ပစ်မှတ်ထားသည့် ဆုံးဖြတ်ချက်အဆိုဖြစ်၍ မြန်မာနိုင်ငံအနေဖြင့် လက်မခံကန့်ကွက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 20, 2022

လမ်းလျှောက်ခြင်းသည် ကျန်းမာရေးအတွက် အကောင်းဆုံး ဆေးတစ်လက်ဖြစ်သည်ဟု ဖော်ညွှန်းကြသည်။ လွန်စွာလွယ်ကူသလောက် ငွေကုန်ကြေးကျလည်း နည်းလွန်းလှသည့် လမ်းလျှောက်ခြင်းအားဖြင့် ရရှိလာနိုင်သည့် ကျန်းမာရေးရလဒ်အကျိုးကျေးဇူးများမှာ အံ့အားသင့်ဖွယ်ကောင်း လောက်အောင်ပင် များပြားလှသည်။ သို့ရာတွင် နေ့စဉ်မှန်မှန် မပျက်မကွက် လမ်းလျှောက်ရန်အတွက် မိမိကိုယ်ကို တာဝန်ယူနှိုးဆော်ထားရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 19, 2022

ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ရောက်ရှိနေသည့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့သည် တာဝန်ရှိသူများ လိုက်ပါလျက် နိုဝင်ဘာ ၁၈ ရက် နံနက်ပိုင်းတွင် Sanit Petersburg ရှိ Nuclear technology information center သို့သွားရောက်လေ့လာကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 19, 2022

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် တပ်မတော်ပင်လယ်သွား ဆေးရုံ ရေယာဉ်(သံလွင်)သည် ယနေ့တွင် ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့ရှိ ပြည်သူ့ဆေးရုံ တွင်အခြေပြု၍ ဒေသခံပြည်သူ ၉၄၂ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်